စစ်တုရင်နှင့် ဦးနှောက် စိန်ခေါ်ပွဲ

ဒီနေ့ခေတ် စစ်တုရင်ကစားနည်း ဟာ ၁၂ ရာစုနှစ်ကတည်းက စတင်ခဲ့ တာဖြစ်ပြီး ယနေ့တိုင် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲမှာပါဝင်တဲ့ ကစားနည်းတစ်ခုဖြစ်ပါတယ်။ စစ်တု ရင်ကစားနည်းက အချိန်ပေးရသလို ဦးနှောက်ကို အလုပ်အတော်ပေးရပါ တယ်။ စစ်တုရင် အရုပ်တွေ ဘယ်လို ရွှေ့တယ်ဆိုတာသိရုံအပြင် အနိုင်ရဖို့ ဆိုရင် ပရိယာယ်နည်းအသွယ်သွယ် ကြွယ်ဝဖို့လည်း လိုပါတယ်။ စစ်တုရင် ကစားနည်းက ဦးနှောက်အပေါ် အောက်ပါအကျိုးကျေးဇူးတွေ ပေးနိုင် ပါတယ်။

(၁) အိုင်ကျူမြင့်စေတယ်
ဉာဏ်ကောင်းတဲ့သူတွေက စစ် တုရင်ကစားတာလား၊ စစ်တုရင်ကစား တာက ဉာဏ်ကောင်းစေတာလားဆိုတာ ကို မေးချင်မိမှာပါ။ သုတေသနတစ်ခုမှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအ ယောက်လေးထောင်ကျော်ကို လေးလ တာ စစ်တုရင် ကစားခိုင်းပြီး အိုင်ကျူကို တိုင်းတာခဲ့ပါတယ်။ လေးလအကြာမှာ အယောက်လေးထောင်ကျော်ရဲ့ အိုင်ကျူ ဟာ သိသိသာသာကြီးကို မြင့်တက်လာ တာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် စစ် တုရင် ကစားနည်းက အိုင်ကျူကို မြင့် တက်စေနိုင်တယ်လို့ ကောက်ချက်ချနိုင် ပါတယ်။

(၂) ဦးနှောက်နှစ်ဖက်စလုံးအလုပ် လုပ်စေတယ်
ဘယ်ဘက်ဦးနှောက်နဲ့ ညာဘက်ဦး နှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက မ တူညီကြပါဘူး။ ဘယ်ဘက်ဦးနှောက်က သင်္ချာ၊ သိပ္ပံ၊ ဘာသာစကား၊ အရေအ တွက်၊ ကြောင်းကျိုးဆက်စပ်စဉ်းစားမှု၊ အရေးစွမ်းရည်စတာတွေ လုပ်ဆောင်ဖို့ အတွက်အရေးပါပြီး ညာဘက်ဦးနှောက်က အနုပညာစွမ်းရည်၊ ခန့်မှန်းမှု၊ စိတ်ကူး ယဉ်တွေးတောမှု၊ သံစဉ်တွေသိမှု စတာ တွေလုပ်ဆောင်ဖို့အတွက် အရေးပါပါ တယ်။ စစ်တုရင်ကစားနည်းက ဦးနှောက် နှစ်ဖက်စလုံးကို အလုပ်လုပ်စေတယ်လို့ ဂျာမနီကသုတေသနက ဆိုထားပါတယ်။
(၃) အတိတ်မေ့ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်
အသက်ကြီးလာတာနဲ့အမျှ ခန္ဓာ ကိုယ်တစ်ခုလုံးရဲ့ စွမ်းဆောင်နိုင်ရည်က ကျကျလာမှာဖြစ်ပါတယ်။ ကြွက်သားတွေ သန်မာအောင် လေ့ကျင့်ခန်းပုံမှန်လုပ် ပေးရသလိုမျိုးပါပဲ ဦးနှောက်သန်မာ အောင်လည်း ဦးနှောက်ကိုအလုပ်လုပ် ပေးဖို့လိုပါတယ်။ အင်္ဂလန်ဆေးပညာ ဂျာနယ်မှ သုတေသနတစ်ခုမှာ အသက် ၇၅ နှစ်ကျော် အရွယ်တွေ စစ်တုရင်ကစား တဲ့သူတွေဟာ စစ်တုရင် မကစားတဲ့သူ တွေထက် အတိတ်မေ့ရောဂါဖြစ်နိုင်ခြေ နည်းပါးတာကို တွေ့ရှိခဲ့ပါတယ်။ ဦး နှောက်စွမ်းရည် မကျစေဖို့ အသက် ၇၅ နှစ်မတိုင်မီကတည်းက စစ်တုရင်ကစား နည်း ကစားဖို့ကို အကြံပြုထားပါတယ်။
(၄) ဦးနှောက်စွမ်းရည် မြင့်တက်စေ တယ်
ဦးနှောက်ရဲ့စွမ်းရည်တွေထဲမှာ တီ ထွင်နိုင်စွမ်း(Creativity) ၊ပြဿနာ ဖြေရှင်းနိုင်စွမ်း(Problem-solving) နဲ့ စာဖတ်စွမ်းရည်(Reading Skill) တွေကို မြင့်တက်စေနိုင်တာကိုလည်း သု တေသနလေ့လာချက်တွေအရ တွေ့ရှိခဲ့ ပါတယ်။ မှတ်ဉာဏ်စွမ်းရည်(Memory) မြင့်တက်စေပြီး သိမှုဆိုင်ရာစွမ်းရည် (Cognitive Development) မြင့်စေ တယ်လို့ ဆိုပါတယ်။

(၅) ဦးနှောက်ဖွံ့ဖြိုးစေတယ်
စစ်တုရင် ကစားနည်းက ဦး နှောက် ဖွံ့ဖြိုးမှုကိုအားပေးပါတယ်။ ဦးနှောက် တွင်းက ဒန်းဒရိုက်တွေနျူရွန်ဆဲလ်တွေ ကိုဖွံ့ဖြိုးစေပြီး ဦးနှောက်ကွန်ရက်ဖြစ် စဉ်ကို ပိုမိုအားကောင်းစေနိုင်ပါတယ်။ ဦးနှောက်တွင်းကွန်ရက်တွေခိုင်မာလာ လေ စွမ်းဆောင်နိုင်ရည် ပိုမိုမြန်ဆန်၊ သွက်လက်လေပဲဖြစ်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *