စနစ်တကျ ကျိုချက်ထားတဲ့ နို့ ဖြစ်ဖို့လိုတယ် . . .

နို့နဲ့နို့ထွက်ပစ္စည်းတွေက ကျန်းမာ ရေးကောင်းကျိုးအတွက် အများကြီး အ ထောက်အကူပြုလို့ လိုအပ်တဲ့ အာဟာရ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ အ ခန့်မသင့်ရင်၊ မတည့်တာနဲ့ တွဲစားမိရင် သော်လည်းကောင်း၊ မကျိုချက်ထားတဲ့ နွားနို့ကို သောက်မိရင်သော်လည်းကောင်း ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေ နိုင်ပါတယ်။
နွားနို့ကျိုချက်တယ်ဆိုတဲ့ (Pasteurization) ဖြစ်စဉ်ဆိုတာ အချိန်တစ်ခု ကြာအောင် အပူပေးပြီး နွားနို့ထဲမှာ ပါလာနိုင်တဲ့ ဘက်တီးရီးယားတွေကို သေအောင်လုပ်နိုင်စွမ်းရှိပါတယ်။ ဒါကို တချို့က နွားနို့ကို လတ်လတ်ဆတ်ဆတ် ချက်ချင်းသောက်တာက ကျန်းမာရေး အတွက်ပိုကောင်းတယ်၊ ကျိုချက်တာက နွားနို့ကို ပျက်သွားစေတယ်ဆိုပြီး အမှတ် မှားနေကြပါတယ်။
နွားနို့နဲ့ ပတ်သက်ပြီး အမှတ်မှား၊ အယူအဆအမှားတွေ မဖြစ်အောင် သိ ထားရမယ့် အချက်တွေကတော့-
– နွားနို့အစိမ်းဟာ သူ့ဘာသာသူ ဘက် တီးရီးယားတွေကို တိုက်ဖျက်နိုင်စွမ်း မရှိ ပါဘူး။
– Pasteurization လုပ်ထားတဲ့ နွား နို့ဟာ လက်တို့စ်အလာဂျီ (Lactose Intolerance) ရှိသူတွေ သောက်လို့ရ တယ်ဆိုတာ မဟုတ်ပါဘူး။ နို့နဲ့မတည့်တဲ့ အလာဂျီရှိသူမှာ ကျိုချက်ထားတာ ဖြစ်ဖြစ်၊ မကျိုချက်ထားတာဖြစ်ဖြစ် မ တည့်ပါဘူး။
– နွားနို့ကို ကျိုချက်လိုက်လို့ (Pasteu-rization) နွားနို့မှာ ပါဝင်တဲ့ အာဟာရ ဓာတ်တွေ လျော့နည်းသွားမယ်ဆိုတာ မ ဟုတ်ပါဘူး။
– ကျိုချက်ထားတဲ့ နွားနို့ဆိုပြီးတော့လည်း ပစ်စလက်ခတ်ထားလို့ မရပါဘူး။ နွားနို့ ကို ပုလင်းအဖုံးဖွင့်ပြီး ပြင်ပအပူချိန်မှာ အကြာကြီးထားတာ၊ ရေခဲသေတ္တာထဲ ပြန်မထည့်တာတွေ မလုပ်ပါနဲ့။
နွားနို့၊ ဆိတ်နို့၊ သိုးနို့ ဘယ်နို့မဆို စနစ်တကျ မကျိုချက်ဘဲ မသောက်သုံးပါ နဲ့။ နွားနို့အစိမ်းမှာ ကျန်းမာရေးကို ဆိုး ဆိုးရွားရွား ထိခိုက်စေနိုင်တဲ့ Salmo-nella၊ E. coli၊ Listeria၊ Campylo-bacter စတဲ့ ပိုးတွေ ရှိနေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းနေတဲ့သူ တွေ၊ အေအိုင်ဒီအက်စ်၊ HIV ရောဂါ ရှိသူတွေ၊ ကင်ဆာ၊ ဆီးချိုသွေးချိုရောဂါ ရှိသူတွေ၊ ကလေးငယ်တွေ၊ အသက်ကြီး တဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ နွားနို့အစိမ်းကို လုံးဝ မသောက်မိပါစေနဲ့။
ကိုယ်ဝန်ဆောင်တွေမှာ အထူးသ တိထားဖို့ လိုပါတယ်။ မကျိုချက်ထားတဲ့ နွားနို့နဲ့ မကျိုချက်ထားတဲ့ နွားနို့ကနေ ထုတ်လုပ်တဲ့ ချိစ်ကိုတောင် မစားမိဖို့ လို ပါတယ်။ မကျိုချက်ထားတဲ့ နွားနို့ထဲမှာ ပါလာနိုင်တဲ့ Listeria ဘက်တီးရီးယား က ကိုယ်ဝန်ဆောင်မိခင်ကို မဖျားမနာစေ ဘဲ ဗိုက်ထဲက ကလေးကို သေစေနိုင်ပါ တယ်။ ကိုယ်ဝန်ဆောင်မိခင်က သူကိုယ် တိုင် မဖျားမနာတော့ ဘာမှ အန္တရာယ် မဖြစ်ဘူး ထင်စေနိုင်ပါတယ်၊ ဒါပေမဲ့ ကလေးကို သွားပြီး ဒုက္ခပေးနိုင်တာကို သတိပြုပါ။
နွားနို့အစိမ်းဖြစ်ဖြစ်၊ မကျက်တ ကျက်ဖြစ်ဖြစ်၊ သေချာမကျိုချက်ထားတာ ဖြစ်ဖြစ် သောက်မိရင် –
– အော့အန်တာ (Vomiting)၊ ဝမ်း လျှောတာ (Diarrhea)၊ ဗိုက်အောင့်တာ (Abdominal Pain)၊ အအေးမိ တုပ် ကွေးဖြစ်သလိုမျိုး အဖျားတက်တာ၊ ခေါင်းကိုက်တာ၊ ခန္ဓာကိုယ် ကိုက်ခဲတာ တွေ ဖြစ်တတ်ပါတယ်။
ကျန်းမာရေး အတော်လိုက်စားထား ပြီး ကိုယ်ခံအားကောင်းတဲ့ သူတွေမှာ အ ခန့်မသင့်လို့ နို့မှာပါတဲ့ ပိုးကြောင့် ကျန်း မာရေးထိခိုက်တဲ့အခါ ဆေးမှန်မှန် သောက်မယ်၊ အစားအစာ သေချာကြည့် စားမယ်ဆိုရင် အချိန်တိုတွင်း ပြန်လည် ကျန်းမာလာနိုင်ပေမယ့် တချို့လူတွေမှာ တော့ နာတာရှည်ကျန်းမာရေး ပြဿနာ တွေ၊ ရောဂါပြင်းထန်တာတွေ၊ အသက် အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်စေတတ် ပါတယ်။ တကယ်လို့ သင်ဟာ ကိုယ်ဝန် ဆောင်မိခင်တစ်ဦးဖြစ်ပြီး မသန့်တဲ့ နွား နို့သောက်မိလိုက်တယ်လို့ ယူဆရင် ဆေးရုံ၊ ဆေးခန်းကို အမြန်သွားပြီး အကူ အညီရယူပါ။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *