စိတ်ခံစားချက်နှင့် တိုက်ရိုက်သက်ဆိုင်နေသည့် နာကျင်မှုများ

ပုံမှန်အားဖြင့် နာကျင်မှုတွေက ထိခိုက်ဒဏ်ရာရတာ၊ ရောဂါရှိတာ၊ အသုံးပြုဖန် များတာတွေနဲ့ ဆက်စပ်နေပါတယ်။ သင့်အနေနဲ့ စိတ်ခံစားမှုကြောင့် နာကျင်မှုဝေဒနာ ခံစားရတယ်ဆိုတာကို သိပါရဲ့လား။ သင့်ခန္ဓာကိုယ်နဲ့စိတ်ဟာ သင်ထင်ထားတာထက် တစ်ခုနဲ့တစ်ခု ပိုပြီးဆက်နွှယ်နေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အကြောင်းတစ်စုံ တစ်ရာမရှိဘဲ နာကျင်မှုဝေဒနာခံစားနေရရင် သင်ရဲ့ စိတ်ခံစားချက်ကြောင့် ဖြစ်ရတာ မို့ စိတ်ခံစားချက်နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ နာကျင်မှုဝေဒနာတွေကို ဖော်ပြပေး လိုက်ပါတယ်။

ခေါင်းကိုက်ခြင်း
သင့်အနေနဲ့ အလွန်အမင်းခေါင်းကိုက်နေတာက စိတ်ဖိစီးမှုများတာကြောင့် ဖြစ် နိုင်ပါတယ်။ အဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပြီး မကြာခဏလည်း ပြန်လည်ဖြစ်တတ် ပါတယ်။ ဒီလိုခေါင်းကိုက်တဲ့အခြေအနေမှာ အကိုက်အခဲပျောက်ဆေးသောက်လို့ လည်း မသက်သာနိုင်ပါဘူး။ စာဖတ်တာ၊ တရားထိုင်တာ၊ လမ်းလျှောက်တာလိုမျိုး သင် ဝါသနာပါရာလှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်မှသာ စိတ်ပြေလျော့သွားပြီး ခေါင်း ကိုက်တာ သက်သာသွားနိုင်ပါတယ်။

ဇက်ကြောတက်ခြင်း
တစ်ယောက်ယောက် ဒါမှမဟုတ် အခြေအနေတစ်ခုခုကို မေ့ပစ်နိုင်ဖို့ ခက်ခဲတဲ့ အခါမှာ ဇက်ကြောတက်တဲ့ဝေဒနာခံစားရပါတယ်။ သင့်ကိုယ်သင် ဒါမှမဟုတ် တစ် ယောက်ယောက်ကို ခွင့်လွှတ်ဖို့ ဒါမှမဟုတ် မေ့ပျောက်ဖို့ မပြုလုပ်ချင်တဲ့အခါမှာ ဇက် ကြောတက်လာပါတယ်။ သင် သိထားဖို့က ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ဒီအဖြစ်အပျက်တွေကို စိတ်ထဲမှာ မထားဘဲ မေ့ပစ်ဖို့၊ ခွင့်လွှတ်နိုင်ဖို့သာ ကြိုးစားလိုက်ပါ။

ပခုံးနာကျင်ခြင်း
သင့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ အလွန်အကျွံကြုံတွေ့နေရပြီ ဆိုရင်တော့ သင့်ပခုံးနေရာမှာ နာကျင်နိုင်ပါတယ်။ ဒီအဖြစ်အပျက်ကြီးကို လျစ်လျူ ရှုနိုင်မှသာ နာကျင်မှုဝေဒနာသက်သာနိုင်ပါတယ်။ ပြဿနာရဲ့ အရင်းခံကို သေချာရှာ ပြီး ဖြေရှင်းပေးလိုက်ပါ။

ခါးနောက်ကျောအပေါ်ပိုင်းနာကျင်ခြင်း
သင့်အနေနဲ့ သင်အရင်းနှီးဆုံးသူတွေဆီက စိတ်သက်သာရာသက်သာကြောင်း အထောက်အကူမရတဲ့အခါမှာ ခါးနောက်ကျောအပေါ်ပိုင်းနာကျင်တတ်ပါတယ်။ ဒီ နာကျင်မှုဟာ အထီးကျန်တယ်လို့ ခံစားရတဲ့အခါ ဒါမှမဟုတ် တခြားသူတွေရဲ့ ချီးကျူး မှုကို မခံရတဲ့အခါမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလိုအခါမှာ သင့်အနေနဲ့ သင်နဲ့ဝါသ နာတူရာမိတ်ဆွေသစ်တွေကို ရှာဖွေပြီး ပေါင်းသင်းလိုက်ပါ။

ါးနောက်ကျောအောက်ပိုင်းနာကျင်ခြင်း
ဒီလိုနာကျင်တာက ငွေရေးကြေးရေးဆိုင်ရာ ကြောင့်ကြမှုတွေကြောင့် ဖြစ်ပေါ် လာတာပါ။ စိတ်ကျဝေဒနာလည်း ဖြစ်ပေါ်လာပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ ပါဘူး။ ဒါကြောင့် သင်ရဲ့ ရရှိတဲ့ဝင်ငွေပေါ်မှာ ချင့်ချိန်ပြီး သုံးစွဲပါ။

တံတောင်ဆစ်နာကျင်ခြင်း
ဘ၀ပုံစံတစ်ခုတည်းမှာ တစ်သမတ်တည်း တည်ရှိနေတာက တံတောင်ဆစ်နေ ရာမှာ နာကျင်ကိုက်ခဲနိုင်ပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာ အသစ်အဆန်းတွေကို ရှာဖွေပြီး ပြုလုပ်သင့်ပါတယ်။ အပြောင်းအလဲတွေပြုလုပ်လိုက်တဲ့အတွက် အတွေ့အ ကြုံသစ်တွေလည်း ရရှိနိုင်သလို တံတောင်ဆစ်နာကျင်တဲ့ဝေဒနာလည်း သက်သာ သွားနိုင်ပါတယ်။

လက်ဆစ်ကိုက်ခဲခြင်း
သင်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေက သင်လိုချင်တဲ့ပုံစံအတိုင်း ဖြစ်မလာခဲ့ရင် သင့် လက်မှာ နာကျင်ပြီး ကိုက်ခဲလာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သင်နဲ့ ဝါသနာတူ ရာ မိတ်ဆွေသစ်တွေကို ရှာဖွေလိုက်ပါ။ ဒါပေမဲ့လည်း သင့်အပေါ် ကောင်းနေတဲ့ မိတ်ဆွေဟောင်းတွေကိုတော့ မစွန့်လွှတ်လိုက်ပါနဲ့။

တင်ပဆုံကိုက်ခဲခြင်း
တင်ပဆုံနဲ့ ခြေထောက်က တစ်ဆက်တည်း ဆက်နွှယ်နေပါတယ်။ တင်ပဆုံမှာ နာကျင်တာက ဘ၀တစ်ခုတည်းကို ခြေလှမ်းသစ်တွေ ထပ်မသွားချင်တော့တဲ့အခြေ အနေပါ။ သင့်အနေနဲ့ ခြေလှမ်းသစ်တွေကြောင့် နဂိုအခြေအနေထက် ပိုဆိုးရွားမှာ စိုးရိမ်စိတ်ကြောင့် ဖြစ်တာပါ။ ဒါပေမဲ့ ကြောက်ရွံ့တာတွေ ဘေးဖယ်ပြီး ခြေလှမ်းသစ်ကို စတင်လိုက်တာက သင့်အနေနဲ့ နောက်ပိုင်းမှာ နေသားကျသွားနိုင်ပြီး ပိုမိုကောင်းမွန် တဲ့အခြေအနေဖြစ်သွားနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal