စိတ်ညစ်နေသူကို ဘယ်လိုနှစ်သိမ့်ပေးနိုင်မလဲ…

သင့်မိသားစုဝင်ထဲကဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်း အရင်းအချာထဲ ကဖြစ်စေ စိတ်ညစ်နေသူတွေရှိက နှစ် သိမ့်မှုတွေပေးချင်ပေမယ့် ဘယ်လို နှစ်သိမ့်ပေးရမလဲဆိုပြီး တွေးရခက် နေပါသလား။ အောက်ပါအချက်တွေ က သင့်ကို အကူအညီပေးနိုင်ပါလိမ့် မယ်။

လုပ်သင့်သလား စဉ်းစားပါ
အရင်ဆုံး သင်ကိုယ်တိုင်တွေး ရမှာက ငါဘာလုပ်ပေးသင့်သလဲ၊ ငါ လုပ်သင့်သလားဆိုတာကို စဉ်းစားရ မှာပါ။ တစ်ခါတလေ တစ်ဖက်သူကို စိတ်ပျော်အောင် ရယ်မောအောင် လုပ် ပေးသင့်သလား၊ သူတစ်ယောက် တည်းလွှတ်ထားလိုက်ပြီး တစ်နေရာ ကနေ စောင့်ကြည့်သင့်သလားဆိုတာ ကဖြစ်ပေါ်တဲ့ ပြဿနာရဲ့အခြေအနေပေါ် မူတည်ပြီး သင်ဆုံးဖြတ်ရမယ့် ကိစ္စပါ။

စားပွဲတစ်ခု ဖန်တီးပေးပါ
စားစရာ၊ သောက်စရာ တစ်ခုခု လိုက်ကျွေးတာမျိုးပါ။ ဒီနေ့ ငါမင်းကို မုန့်လိုက်ကျွေးမယ်၊ ငါတို့စကားတွေပြော ကြမယ် ဆိုတာမျိုးပါ။ ဒါက တစ်ဖက်လူ အတွက် အချိန်ပေးပြီး သူ့အတွက် နား လည်မှုတစ်ခု ဖန်တီးပေးလိုက်တာပါ။ စိတ်အားငယ်နေတဲ့ သူအတွက်တော့ အ ကောင်းဆုံး ဆေးတစ်ခွက်ပါပဲ။

ပွေ့ဖက်ပါ
ပွေ့ဖက်နှစ်သိမ့်ပေးတာက ဆိုးရွား တဲ့ခံစားချက်တွေကို ပြေပျောက်နိုင်စွမ်းရှိ တယ်လို့ စိတ်ပညာရှင်တွေရဲ့ လေ့လာမှု တွေကဆိုပါတယ်။ စိတ်အားငယ်နေသူ၊ စိတ်ညစ်နေသူနဲ့ ဝမ်းနည်းပူဆွေးမှုတွေ ကို ခံစားလိုက်ရတဲ့သူတွေကို ပွေ့ဖက်နှစ် သိမ့်ပေးလိုက်ချိန်မှာ သူတို့ဦးနှောက်ဆီ ကို စိတ်ခံစားချက်ကောင်းစေတဲ့ ဟော် မုန်းတွေရောက်ရရှိသွားပြီး သူတို့စိတ် ထဲမှာ စိတ်ချလုံခြုံသွားသလို ခံစားရစေ တယ်လို့ဆိုပါတယ်။

ကောင်းတဲ့အချက်လေးတွေ သတိပေးပါ
ဘ၀မှာ စိတ်ညစ်စရာတွေပဲ အမြဲ ကြုံနေတာမဟုတ်ကြောင်းနဲ့ ကြုံတွေ့ခဲ့ ဖူးတဲ့ ကောင်းတဲ့အကြောင်းလေးတွေကို သတိရဖို့ ဘေးကနေ ပြောပေးပါ။ သတိ ပေးပါ။ မကောင်းတာတစ်ကြိမ်ကြုံတိုင်း ကောင်းတာတွေ များစွာကြုံခဲ့တာကို အ မှတ်ရအောင် ပြန်လည်အစဖော်ပေးပါ။

စိတ်ရင်းစေတနာကောင်း ထားပါ
ဒါကတော့ သင့်ဘက်ကရှိရမယ့် စိတ် နေစိတ်ထားပါ။ အမှန်တကယ်ကူညီချင် တယ်ဆိုရင် လိုအပ်ရင်ဖုန်းခေါ်လိုက်နော်၊ ငါမင်းဘေးမှာရှိနေမှာပါဆိုတဲ့ စကားနဲ့ တင် မလုံလောက်ပါဘူး။ သူလိုအပ်စေ မယ့်အရာတွေကို သူမသိအောင် တစ် ဖက်တစ်လမ်းက ကူညီပေးထားတာမျိုး လည်းလိုအပ်ပါတယ်။ ဥပမာ-သူအိမ် ပြန်မရောက်ခင် အိမ်ရှင်းပေးထားတာ မျိုး၊ ညစာပြင်ဆင်ပေးထားတာမျိုး စတာတွေက သင့်မိတ်ဆွေအတွက် အင်အားတစ်ခု ဖြစ်စေပါလိမ့်မယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *