စိတ်ဓာတ်ကျခြင်းကို အဝေးသို့ မောင်းထုတ်ရအောင်

စိတ်ဓာတ်ကျတယ်ဆိုတာ တကယ် တော့ ခန္ဓာကိုယ်ထဲမှာ ဓာတုပစ္စည်းတွေ ဓာတ်ပြုမှုကြောင့် ဖြစ်လာတာပါ။ ခန္ဓာ ကိုယ်ကို ကျန်းမာအောင် ပြုပြင်ထိန်း သိမ်းပြီး စိတ်ဓာတ်ကျနေတာတွေကို အဝေးသို့ မောင်းထုတ်နိုင်မှာဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ
တစ်နေ့ကို မိနစ် ၃၀-၆၀ ကြာ လေ့ ကျင့်ခန်းလုပ်ပါက စိတ်ဓာတ်ကျလက္ခ ဏာတွေဖြစ်ပွားမှုမှ ကာကွယ်နိုင်ပါတယ်။စိတ်ဓာတ်တက်ကြွစေတာ၊ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိစေတာတွေအပြင် ကင် ဆာရောဂါ၊ သွေးဖိအား မြင့်မားစေတာ၊ နှလုံးရောဂါဖြစ်စေတာ စတဲ့ ဖိစီးမှုတွေကို လည်း လျော့နည်းစေပါတယ်။

ယောဂကျင့်ပါ
လေ့လာမှုတွေများစွာအရ ယောဂ ကျင့်တာက စိုးရိမ်သောကဖြစ်တာ၊ ဒေါ သဖြစ်တာ၊ စိတ်ဓာတ်ကျတာတွေကို အဝေးကိုမောင်းထုတ်နိုင်တယ်လို့ တွေ့ရှိ ခဲ့ပါတယ်။ စိတ်ကျန်းမာရေးချို့တဲ့နေသူ တွေအနေနဲ့ ယောဂကျင့်ပါက ဆေးဝါး တွေရဲ့ အာနိသင်တွေကို ပိုမိုကောင်းမွန် စေတယ်လို့ တွေ့ရပါတယ်။ စိတ်ဓာတ် ကျနေသူတွေ ယောဂလေ့ကျင့်ပါက စိတ် ဓာတ်ကျလက္ခဏာတွေကို သက်သာ လျော့ပါးစေပါတယ်။

ဗီတာမင် ဘီအုပ်စု ပြည့်ဝပါစေ
ဗီတာမင် ဘီအုပ်စုက ဦးနှောက်အာ ရုံကြောတစ်ခုကနေ တစ်ခုကို လှုံ့ဆော်မှု ပို့ဆောင်ပေးတဲ့ ကြားခံပစ္စည်းတွေ ထုတ် လုပ်ဖို့အတွက် အဓိကလိုအပ်ပါတယ်။ ဒီကြားခံပစ္စည်းတွေက စိတ်ပိုင်းဆိုင်ရာကို စီမံပေးပြီး ခန္ဓာကိုယ်ကအချက်အလက် တွေကို ဦးနှောက်ဆီ ပို့ပေးပါတယ်။ ခန္ဓာ ကိုယ်မှာ ဗီတာမင် B6 နဲ့ ဗီတာမင် B12  တွေ မလုံလောက်ပါက စိတ်ကျရောဂါ ခံစားရနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ တခြားဝေဒ နာတွေကိုလည်း ခံစားရနိုင်ပါတယ်။

အပ်စိုက်ကုသမှု ခံယူပါ
အပ်စိုက်ကုသမှုကို ရှစ်ပတ်ကြာ ပြု လုပ်ပြီးနောက် အမျိုးသမီးတွေမှာ ခံစားရ တဲ့ စိတ်ဓာတ်ကျပြီး မောပန်းနွမ်းနယ်နေ တာရဲ့ ၇၅ ရာခိုင်နှုန်း သက်သာသွားစေ တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ လေ့ လာမှုမှာ ပါဝင်သူတွေက အပ်စိုက်ကုသ မှုဟာ စိတ်အပေါ်သက်ရောက်မှုရှိတဲ့ ဟော်မုန်းတွေဖြစ်တဲ့ ဒိုပါမင်း၊ ဆီရိုတိုနင်၊ နော်အက်ပီနဖရင်းတွေအပေါ် သက် ရောက်မှုရှိတာကြောင့်လို့ တွေ့ရှိခဲ့ပါ တယ်။

အစားအစာ
လေ့လာမှုများစွာအရ မြေထဲပင် လယ်ဒေသစာတွေ စားသုံးတာက စိတ် ဓာတ်ကျရောဂါဖြစ်ပွားနိုင်ခြေကို လျော့ နည်းစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ လေ့ လာမှုမှာပါဝင်သူတွေကို မြေထဲပင်လယ် ဒေသစာကို စားသုံးစေပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မြေထဲပင်လယ် ဒေသစာထဲမှာ မိုနိုမပြည့်ဝဆီဖြစ်တဲ့ အိုမီ ဂါ-၃၊ ဗီတာမင် ဘီအုပ်စု၊ သတ္တုဓာတ် တွေနဲ့ ကောက်နှံတစ်ခုလုံးစာက ရရှိတဲ့ အမျှင်ဓာတ် စတာတွေ ပါဝင်ပါတယ်။

ဗီတာမင် စီ ပါဝင်အောင် စားသုံးပါ
ဗီတာမင် စီက အင်တီအောက်ဆီး ဒင့်တစ်မျိုးဖြစ်ပြီး အအေးမိနှာစေးဖြစ်ပွား မှုမှ ကာကွယ်ပေးပါတယ်။ ဓာတ်တိုးမှု တွေကို ဆန့်ကျင်ပေးပြီး ကင်ဆာရောဂါ၊ နှလုံးနဲ့ သွေးကြောရောဂါတွေ၊ လေဖြတ် တာ စတာတွေမဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဗီတာမင် စီက မျက်လုံးအား ကောင်းစေဖို့လည်း အထောက်အကူပြု ပေးပါတယ်။ ဒါ့အပြင် စိတ်ခံစားမှုအ တွက် လိုအပ်တဲ့ နော်အက်ပီနဖရင်းထုတ် လုပ်မှုအတွက် ဗီတာမင် စီ လိုအပ်ပါ တယ်။

ဂင်ဂိုဘလိုဘာဖြည့်စွက်သောက်သုံးပါ
စိတ်ကျန်းမာရေးကို ကုသဖို့အ တွက် ကမ္ဘာဦးအပင် (ဂင်ဂိုဘလိုဘာ) ကို လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်း က အသုံးပြုခဲ့ကြပါတယ်။ စိတ်ဓာတ်ကျ တာအတွက်လည်း ဂင်ဂိုဘလိုဘာကို အသုံးပြုနိုင်ပါတယ်။ ဂင်ဂိုဘလိုဘာကို ဆေးဝါးအဖြစ် ထုတ်လုပ်ထားတာတွေ ရှိ ပါတယ်။ ပရိုတင်းထုတ်လုပ်မှုကို အားပေး ပြီး ဆီရိုတိုနင်ထုတ်လုပ်မှုကို မြင့်မားစေ လို့ စိတ်ဓာတ်ကျတာအတွက် အကောင်း ဆုံး ဖြည့်စွက်ဆေးအဖြစ် သောက်သုံးနိုင် ပါတယ်။

မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့အစာ စားပါ
မဂ္ဂနီဆီယမ်က ကြွက်သားတွေရဲ့ လှုပ်ရှားမှုအတွက် ကူညီပေးပါတယ်။ ပရို တင်းနဲ့ စွမ်းအင်ထုတ်လုပ်ဖို့အတွက် အားပေးပြီး အရိုးတွေ ကြီးထွားဖို့အတွက် လည်း ကူညီပေးပါတယ်။ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့အစာတွေဖြစ်တဲ့ အစေ့အဆန် တွေ စားသုံးပါက စိတ်ခံစားမှုကို ကောင်း မွန်စေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal