စိတ်ဓာတ်ခွန်အားမြင့်တက်ဖို့

ယနေ့ခေတ်မှာ လူအတော်များများ ဟာ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ အစား အသောက်အနေအထိုင် ဂရုစိုက်လာ ကြသလို ကိုယ်ကာယကျန်းမာကြံ့ခိုင်ဖို့ အားကစားလည်း လိုက်စားလာကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်ကြံ့ ခိုင်ဖို့လည်း လေ့ကျင့်ဖို့ လိုတယ်ဆိုတာကို မေ့နေတတ်ကြပါတယ်။

ချမ်းသာသူပဲဖြစ်ဖြစ်၊ ဆင်းရဲသူပဲ ဖြစ်ဖြစ် လောကဒဏ်တွေကို ကြုံတွေ့ရ မြဲဖြစ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုပေါ်မူ တည်ပြီး ပြဿနာဖြေရှင်းပုံ ဖြေရှင်းနည်း ကွဲပြားသွားတာပါ။ ဒီတစ်ပတ်မှာ စိတ် ဓာတ်ရေးရာသန်စွမ်းဖို့ နည်းလမ်းကောင်း ငါးချက်ကို ရေးပေးလိုက်ပါတယ်။

(၁) ခံနိုင်ရည်ကို တိုးမြှင့်ပါ

ကိုယ့်စိတ်ကိုယ်ပိုပြီး ထိန်းနိုင်လေ အောင်မြင်မှုရရှိလေဖြစ်ပါတယ်။ နာကျင် မှုကို ခံနိုင်စွမ်းတိုးမြင့်လေ စိတ်ကပိုပြီး ကြံ့ခိုင်လာလေ ဖြစ်ပါတယ်။ ဒါက ဒီလို ဖြစ်သင့်တာ၊ ဟိုလိုမဟုတ်ဘူးလို့ ခံစား နေမယ့်အစား အရှိအတိုင်း၊ အဖြစ် အတိုင်း လက်ခံလိုက်ပါ။ ဘာမျှော်လင့် ချက်မှလည်း မထားသလို၊ ဒါငါ့ရဲ့ ရပိုင် ခွင့်ဆိုပြီးတော့လည်း လိုက်ခံစားမနေပါ နဲ့။ လူအတော်များများမှာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာများပေမယ့် မျှော် လင့်ချက်ကြီးလေ စိတ်ဆင်းရဲကြီးလေ ဖြစ်ပါတယ်။ အဆိုးဆုံးတွေအတွက် ကြိုတင်ပြင်ဆင်ထားမယ်၊ အရာရာကို ဖြစ်သွားတဲ့ အတိုင်း လက်ခံလိုက်မယ်ဆို ရင် သင်ရဲ့စိတ်ခံစားမှုကို ပိုမိုထိန်းချုပ်နိုင် လာပြီး အတက်၊ အကျ လောကဒဏ်တွေ ကို ခံနိုင်ရည် ရှိသွားမှာပါ။

(၂) သင့်အတွက်အကူအညီရယူပါ

ဘာမဆို တစ်ယောက်တည်း ရင် ဆိုင်မယ်၊ ဘယ်သူ့ဆီကမှ ဘာအကူအ ညီမလိုဘူးလို့လည်း မလုပ်ပါနဲ့။ ယုံကြည် စိတ်ချရတဲ့သူတွေဆီမှာ သင်ရဲ့ အခက် အခဲကို ဖွင့်ချပြောပြပါ။ သူတို့က သင့်ကို မှန်ကန်တဲ့ အကြံဉဏ်ကောင်းပေးနိုင် သလို သင့်ဘက်က အပြည့်အ၀ ရပ်တည် ပေးမှာပါ။ အဓိကကတော့ သင်လူရွေး မမှားဖို့ လိုပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပါ

အပြစ်တင်လိုက်တာက လွယ်ပါ တယ်။ ဒါပေမဲ့ ဒါက သင့်စိတ်ဓာတ်ခွန် အားကို တိုးစေမှာ မဟုတ်ပါဘူး။ ဥပမာ- အမှားလုပ်တဲ့သူကတော့ ရှိတယ်၊ ဒါက သူ့အမှား၊ ဒါပေမဲ့ သူ့အမှားကြောင့် သင် ခံစားနာကျင်ရတယ်ဆိုရင် သင်ရဲ့ ခံစားချက်တွေကို တာဝန်ယူရမှာက သင် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ အစပိုင်းမှာ တော့ ခက်မှာပါ၊ နောက်ပိုင်းမှာတော့ သင်ဟာ သင့်ဘ၀ထဲက ဖယ်ခွာထွက် သွားသူတွေအပေါ် စိတ်ပျက်တာ၊ စိတ် တိုတာတွေရှိမှာ မဟုတ်တော့ပါဘူး။ လူတိုင်း သူ့လမ်းသူ သွားတယ်ဆိုတာကို သင်လက်ခံလိုက်မှာပါ။

(၄) တစ်ယောက်တည်းနေတတ်အောင်
ကြိုးစားပါ

လူတချို့က တစ်ယောက်တည်းဖြစ် မှာအရမ်းကြောက်တတ်ကြပါတယ်။ ဒါ ကြောင့် တီဗီမကြည့်လည်း ဖွင့်ထားတာ မျိုး၊ တစ်နေ့တည်း အင်တာနက်စာမျက် နှာ လေးဆယ့်ငါးခါလောက်ဖွင့်ကြည့်နေ တာမျိုး၊ အသံတစ်စုံတစ်ရာ ကြားနေရ အောင် တစ်စုံတစ်ယောက်ကို အဖော် ခေါ်ထားတာမျိုးတွေ လုပ်တတ်ပါတယ်။ သင့်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဝေး ရာကိုရှောင်ခိုင်းတာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ သင်တစ်ယောက်တည်း ရှိနေ တဲ့အချိန်မှာ တိတ်တိတ်ဆိတ်ဆိတ် နဲ့ အတွေးအမြင် ကြည်လင်နိုင်လို့ ပြတ် ပြတ်သားသား တွေးခေါ်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ငါး မိနစ်လောက် တရားထိုင်တာ၊ တစ်ပတ် တစ်နာရီ သင့်တစ်ကိုယ်တည်းအတွက် အချိန်ပေးတာမျိုး လုပ်သင့်ပါတယ်။

(၅) သင့်ကို နာကျင်စေသူတွေအပေါ် မေတ္တာထားပါ

ဒါက ဗုဒ္ဓအဆုံးအမမှာ အမြဲပါဝင် ပါတယ်။ အစကတော့ ဘယ်လိုမှ မဖြစ် နိုင်ဘူးလို့ ယူဆမိမှာပါ။ ဒါပေမဲ့ တကယ် တမ်း စိတ်ဓာတ်ကြံ့ခိုင်ဖို့ ဒီအချက်က အရေးကြီးဆုံးပါပဲ။ သူတစ်ပါးက သင့်ကို နာကျင်စေတယ်ဆိုတာ၊ သင်နာကျင် မယ်မှန်း သူသိလို့ပါ။ သင်သာ သူတစ် ပါးကပေးတဲ့ နာကျင်မှုတွေကို မယူဘူး၊ လျစ်လျူရှုနိုင်မယ်ဆိုရင် သင့်ကို နာကျင် အောင်လုပ်တဲ့သူရဲ့ စွမ်းအား သင့်အပေါ် သက်ရောက်မှုရှိမှာ မဟုတ်တော့ပါဘူး။ သူဟာ သင့်အပေါ်ကို ဘာမှ control မလုပ်နိုင်တော့ပါဘူး။ ဒီသဘောပါပဲ။

❤ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *