စိတ်အလိုလိုက်တိုင်းပျော်နိုင်မလား

ပျော်နေရရင် လူတိုင်းစိတ်ချမ်းသာ ကြတာချည်းပါပဲ။ ပျော်တယ်ဆိုတာ ဘယ်လိုမျိုးလဲလို့ ခံစားတတ်ကြပေမယ့် ပျော်ရွှင်မှုကို အဓိပ္ပာယ်ဖွင့်ပါဆိုရင် ဆယ် စက္ကန့်လောက်တော့ ငြိမ်သက်သွားကြ မှာပါ။ လူတစ်ယောက်နဲ့တစ်ယောက်မှာ ပျော်ရွှင်မှုကို အဓိပ္ပာယ်ဖွင့်ဆိုပုံချခြင်း မတူညီကြပါဘူး။
ဥပမာ- စာဖတ်ဝါသနာပါတဲ့ လူ တစ်ယောက်အတွက် စာဖတ်ခြင်းက သူ့ အတွက် ပျော်ရွှင်မှုဖြစ်နေပေမယ့် အား ကစားဝါသနာပါသူတစ်ယောက် အတွက် ကတော့ အားကစားလုပ်နေရမှ သူ့အတွက် ပျော်ရွှင်မှုမျိုးဖြစ်နေမှာပါ။ ဒီလိုပါပဲ လူ တချို့က ရုပ်ရှင်ဇာတ်လမ်းတွေကြည့်ပြီး အပန်းဖြေရတာပျော်သလို၊ တချို့ကလည်း ဘာမှမလုပ်ဘဲ အနားယူပြီး အပန်းဖြေရမှ ပျော်ရွှင်တာလည်းရှိပါတယ်။
လူတစ်ယောက်နဲ့တစ်ယောက် မွေး ဖွားခဲ့တဲ့ ပတ်ဝန်းကျင်၊ ပတ်သက်ရတဲ့ မိ သားစု၊ ကျင်လည်နေထိုင်ရတဲ့ အသိုင်း အဝိုင်းပေါ်မူတည်ပြီး စိတ်ဓာတ်ပိုင်းမှာ ကွဲပြားသွားနိုင်တာဖြစ်လို့ ပျော်ရွှင်မှုသတ် မှတ်ပုံတွေကလည်း မတူကြတာဖြစ်ပါ တယ်။ ဒီတော့ ကိုယ်ပျော်တာ ကိုယ်လုပ် မယ်၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုပြီး ဆုံးဖြတ်ထားရင် တကယ်တမ်းမှာကော ပျော်နိုင်မလား စဉ်းစားကြည့်ပါ။
သင်မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မ လာတာပဲဖြစ်ဖြစ်၊ သင့်စိတ်တိုင်းကျမဖြစ် လာတာပဲဖြစ်ဖြစ် ဒီအခါ သင့်အနေနဲ့ မ ပျော်ရွှင်ရတာမျိုး ကြုံဖူးမှာပါ။ ဒီအခါ လိုက်လျောညီထွေအောင် နေလိုက်ရတဲ့ အခိုက်အတန့်တွေလည်း ရှိဖူးမှာပါ။ ပျော် ရွှင်မှုနဲ့လိုက်လျောညီထွေဖြစ်အောင် နေ နိုင်မှုဆိုတာ ဆက်စပ်နေပါတယ်။ ဒါပေမဲ့ လူအများစုက လိုက်လျောညီထွေ ဖြစ် အောင်နေတယ်ဆိုတာ အလျှော့ပေးတာ လို့ထင်နေပါတယ်။ မဟုတ်ပါဘူး။
ပျော်ရွှင်ဖို့အတွက်ဆိုရင် ကိုယ့်စိတ် ကိုယ်ကောင်းကောင်း Adjustment လုပ်နိုင်ရပါမယ်။ အလျှော့ပေးခိုင်းတာ မဟုတ်သလို စည်းမျဉ်း၊ စည်းကမ်း၊ ဘောင်အတွင်းကနေ ကိုယ်အလိုရှိတာ၊ ဖြစ်ချင်တာကိုတောင်းဆိုရဲပြီး လုပ်ရဲဖို့ကို ဆိုလိုပါ တယ်။ အမြဲတမ်း အလျှော့ပေးပြီး လိုက်လျောညီ ထွေနေတယ်ဆိုရင် ဒါဟာ တကယ့်ပျော်ရွှင်မှု မဟုတ်သလို သင်ကိုယ်တိုင်မှာလည်း စိတ်ဓာတ်ကျ လာနိုင်တာကို သတိပြုပါ။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *