စိတ်ကြည်မှရုပ်ကြည်မယ်

မျက်နှာလေးကြည်ကြည်ဝင်း မြင်ရသူတိုင်းစိတ်ချမ်းသာ နေစေဖို့ဆိုရင် စိတ်ကြည်လင်နေမှရပါမယ်။ စိတ်ကြည်လင်ဖို့ဆို ရင်လည်း ပျိုမေတို့အနေနဲ့ နေ့စဉ်မှာ လိုက်နာရမယ့်အချက်တွေ ရှိနေပါတယ်။

(၁) အိပ်ရေးဝအောင်အိပ်ပါ
လူတိုင်းအိပ်ရေးဝအောင်အိပ်ချင်ကြပါတယ်။ အကြောင်း တစ်စုံတစ်ရာကြောင့် အိပ်ချိန်မပြည့်တာလည်းရှိပေမယ့် တချို့ ကျတော့လည်း ညဘက်နောက်ကျတဲ့အထိဂိမ်းဆော့တာ၊ တီဗီ ကြည့်တာ၊ အပြင်လျှောက်လည်နေတာတွေကြောင့် အိပ်ရေးပျက် ကြပါတယ်။ အိပ်ရေးပျက်ပုံပျက်နည်းတွေတော့ မတူကြဘူးပေါ့။ ဒါပေမဲ့ မျက်နှာလေးကြည်လင်နေဖို့ ပထမတစ်ချက်ကတော့ အိပ်ချိန်ပြည့်အောင်အိပ်ပါ။ အိပ်နေစဉ်မှာမှ ခန္ဓာကိုယ်ကအသား အရေပြုပြင်ရေးအလုပ်အတွက် လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ၈ နာရီရအောင် ကြိုးစားအိပ်ပါ။

(၂) ဆေးလိပ်၊ အရက်ရှောင်ပါ
ဒီနေ့ခေတ်မှာ လေဒီတချို့ဆေးလိပ်၊ အရက်သောက်တာ တွေရှိပါတယ်။ လူမှုရေးအရပဲသောက်သောက်၊ ဆေးဖြစ်ဝါးဖြစ်ပဲ သောက်သောက်၊ ဘယ်လိုခေါင်းစဉ်မျိုးနဲ့ပဲသောက်သောက် သင်ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ အသားအရေလှပနုပျိုမှုကိုဖျက် ဆီးပစ်နိုင်တယ်ဆိုတာကိုတော့မမေ့ပါနဲ့။ စိတ်ညစ်လို့သောက်ရင် စိတ်ညစ်တာကို မပျောက်စေဘဲပိုဆိုးစေပါတယ်။ ကြည်လင်နေ တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ချင်ရင် ဆေးလိပ်၊ အရက်ရှောင်ပါ။

(၃) စိတ်ဖိစီးမှုလျှော့ပါ
စိတ်ဖိစီးမှုက လူတိုင်းမှာရှိကြတာ သဘာဝပါပဲ။ ဒါပေမဲ့ ပူ ပင်စရာကိစ္စတွေ အရမ်းများနေရင် စိတ်ကျပြီး ရုပ်ပါကျလာစေမှာ ပါ။ အရေးကြီးတဲ့အကြောင်းအရာ၊အရေးမကြီးတဲ့အကြောင်းအရာခွဲခြားပါ။ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်သလောက် ကြိုး စားပြီး တာဝန်ကျေပါ။ ကျန်တာတွေကို ခေါင်းထဲသိပ်မထည့်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပါ။
(၄) ကျန်းမာရေးနဲ့ညီညွတ်တာစားပါ
သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေဟာ စိတ်ခံစားမှု ကောင်းစေတဲ့ ဟော်မုန်းတွေ ထုတ်လုပ်မှုကိုအားပေးပြီး စိတ် ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းကို လျော့ကျစေပါတယ်။ နောက်ပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်တာမဖြစ်အောင်လည်း ကာကွယ် တားဆီးနိုင်စွမ်းရှိပါတယ်။ ခန္ဓာကြီးက ကျန်းမာနေမှ စိတ်ချမ်း သာနိုင်ပြီး ရုပ်ရည်လည်း ကြည်လင်မှာဖြစ်ပါတယ်။

(၅) တရားထိုင်ပါ
စိတ်ညစ်စရာတွေပြေလျော့သွားစေပြီး နုပျိုခြင်းကိုရယူပိုင် ဆိုင်နိုင်ဖို့ဆိုရင် တရားထိုင်တာကို နေ့စဉ်မှာ အချိန်ပေးလုပ် ဆောင်ပါ။ တစ်နေ့ မိနစ် ၂၀ အချိန်မပေးနိုင်ရင်တောင် မနက် မိုးလင်းအိပ်ရာနိုးနိုးချင်း ငါးမိနစ်၊ ညအိပ်ခါနီး ငါးမိနစ်လောက် တရားထိုင်ပေးရင်ကို ထူးခြားလာတာကို သင်လက်တွေ့ခံစား ရမှာပါ။ စိတ်ကြည်လင်နေမှ ရုပ်ကြည်မှာဖြစ်ပါတယ်။

Darliko

Post Author: Good Health Journal