စိုးစိုးစစ်စစ်ယားယံနေတဲ့ မိတ်ဖုတွေကြောင့် အခက်ကြုံနေလား

ဒီနှစ်နွေရာသီက အရင်နှစ်တွေ ထက်ပိုပူနေသလားလို့တောင် ထင်မိ ပါတယ်။ ရာသီဥတုပူပြင်းတဲ့အပြင် နွေရောက်တိုင်း ကြုံနေရတဲ့ မီးပျက်တဲ့ ပြဿနာကလည်း ပိုလို့ကူ ဆိုသလိုပါ ပဲ။ ရာသီဥတုကပူပူ၊ မီးပျက်တော့ ပန် ကာ၊ အဲယားကွန်းတွေသုံးလို့က မရ၊ လေကမတိုက်နဲ့မို့ ချွေးတလုံးလုံး ရာ သီဥတုဒဏ်ကို အတော်ခံစားရပါ တယ်။ ဒီကြားထဲ ခန္ဓာကိုယ်မှာပေါက် နေတဲ့ မိတ်တွေက ဟိုနားက စိုးစိုးစစ် စစ်၊ ဒီနားက စိုးစိုးစစ်စစ်နဲ့ ခံရခက် လောက်အောင်ပါပဲ။
မိတ်တွေ သက်သာဖို့အတွက် အလွယ်နည်းလမ်းလေးတွေကို မျှဝေ လိုက်ရပါတယ်။

ရေခဲ
မိတ်တွေ ပျောက်ဖို့ အမြန်ဆုံးနဲ့ အ ရှင်းဆုံးနည်းလမ်းက ရေခဲတုံးလေးနဲ့ ပွတ်ပေးတာပဲ ဖြစ်ပါတယ်။ အေးသွားလို့ မိတ်ပေါက်တာကြောင့်ဖြစ်တဲ့ ယားယံ တာနဲ့ နီရဲတာတွေကိုသက်သာစေပါတယ်။

မုန့်ဖုတ်ဆော်ဒါ
အုတ်ဂျုံအစား မုန့်ဖုတ်ဆော်ဒါမှုန့် ကို အသုံးပြုနိုင်ပါတယ်။ ရေချိုးကန်ထဲကို မုန့်ဖုန်ဆော်ဒါမှုန့် တစ်ခွက်စာ ထည့်ပါ။ အလွယ်တကူ ပျော်ဝင်စေဖို့ ချိုးမယ့်ရေ ထဲကို အမှုန့်အတိုင်း မထည့်ဘဲ ရေအေး နဲ့ အရင်ဖျော်ပြီးမှ ထည့်ပါ။ ပြီးနောက် ရေစိမ်ချိုးပါ။ အေးမြပြီး မိတ်တွေ သက် သာစေပါတယ်။

အုတ်ဂျုံ
ချိုးမယ့်ရေထဲကို အုတ်ဂျုံ တစ်ခွက် စာ ထည့်ပါ။ ပြီးနောက် အဲဒီရေထဲကို တစ်ကိုယ်လုံးဝင်စိမ်ပြီး ၁၅ မိနစ်ကြာ အောင် နေပါ။ အပူဒဏ်ကို ကာကွယ်ပေး လို့ အေးမြစေတဲ့အပြင် အနီစက်တွေဖြစ် ပြီး ယားယံနေတဲ့ မိတ်တွေလည်း လျော့ ပါးသွားစေပါတယ်။

ပြောင်းဖူးမှုန့်
ကလေးပေါင်ဒါမှုန့်လိုပဲ ပြောင်းဖူး မှုန့်က မိတ်တွေကြောင့် ယားယံနေတာကို သက်သာစေပါတယ်။ ပြောင်းဖူးမှုန့်ကို ရေ အနည်းငယ်ထည့်ပြီး ခပ်ပျစ်ပျစ်ရ အောင် ပြုလုပ်ပါ။ ပြီးနောက် မိတ်ဖုတွေ ပေါ် လိမ်းပေးနိုင်ပါတယ်။

ရှားစောင်းလက်ပပ်
အသုံးဝင်ပြီး အကျိုးများတာကြောင့် ခြံထဲမှာ မရှိမဖြစ် စိုက်ပျိုးထားသင့်တဲ့ အပင်ပါ။ ရှားစောင်းလက်ပပ်ကို ဓားနဲ့ခွဲ ပြီး အတွင်းသားဂျယ်လီကို ယူကာ မိတ်ဖု တွေပေါ် လိမ်းပေးနိုင်ပါတယ်။ မိနစ်အ နည်းငယ်ထားပြီးနောက် ရေချိုးလိုက်ပါ။

ညောင်ခေါက်
ညောင်ပင်ကနေ အခေါက်ခွာပြီး အမှုန့်ပြုလုပ်ကာ မိတ်ဖုတွေပေါ်ကို လိမ်းပေးနိုင်ပါတယ်။ မိတ်တွေကြောင့် ယားယံတာကို သက်သာစေပါတယ်။

စန္ဒကူးမှုန့်
စန္ဒကူးမှုန့်ကို ပရဆေးဆိုင်တွေမှာ ဝယ်ယူရနိုင်ပါတယ်။ စန္ဒကူးမှုန့်ကို နံနံ စေ့အမှုန့်နဲ့ဆတူရောပြီး နှင်းဆီပွင့်ဖတ် ရည်နဲ့ ရောကာ ခပ်ပျစ်ပျစ်ရအောင် ပြုလုပ်ပါ။ ယားယံနေတဲ့ မိတ်ဖုတွေ ပေါ်လိမ်းပေးပြီး ခြောက်သွားပါက ရေ နဲ့ ဆေးကြောပါ။

တမာစေ့ဆီ
တမာစေ့ဆီမှာ ဘက်တီးရီးယား ပိုးသတ်အာနိသင်တွေပါဝင်တာကြောင့် မိတ်ဖုတွေပေါ် လိမ်းပေးပါက ယားယံ တာကို သက်သာစေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *