စိုးရိမ်သောကပိုဖြစ်စေတဲ့ သင့်အမူအကျင့်တွေက ဘာတွေလဲ

နေ့စဉ်ဘဝမှာ အဆင်မပြေမှုတွေ အနည်းနဲ့အများဆိုသလို ရှိတတ်ပါတယ်။ ဘဝအမောတွေကြားမှာ ရုန်းကန်လှုပ်ရှား ရင်း စိတ်ဖိစီးတာ၊ စိုးရိမ်သောကတွေဖြစ် တာ၊ ဝမ်းနည်းပူဆွေးရတာ စတာတွေ လည်း ကြုံကြိုက်ကြရပါတယ်။ ဘယ်လို နည်းတွေနဲ့ ကျော်လွှားနိုင်မလဲဆိုတာ ရှာ ဖွေရင်း ကိုယ်ရဲ့အမူအကျင့်တွေက စိုးရိမ် သောကတွေကို ပိုဖြစ်စေတာမျိုးလည်း ရှိ ပါတယ်။ ဘယ်လိုအမူအကျင့်တွေက သင်ရဲ့ စိုးရိမ်သောကတွေကို ပိုဖြစ်စေသ လဲဆိုတာ သိရှိပါရဲ့လား . . .။

ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ် လှပစေရုံသာမက ပျော်ရွှင်တဲ့ခံစားချက် ကိုလည်း ဖြစ်စေပါတယ်။ ကိုယ်လက် လှုပ်ရှားမှုမရှိတဲ့သူတွေမှာ ပျော်ရွှင်မှုလည်း ဆိတ်သုဉ်းနေမှာပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တဲ့အခါ ဦးနှောက်က နေ ပျော်ရွှင်စေတဲ့ဟော်မုန်းတွေ ထွက် လာစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင် စိတ် ဓာတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ လေ့ ကျင့်ခန်းလုပ်တဲ့အခါ မနက်ခင်းနေခြည် နုနုရဲ့အောက်မှာ ပြုလုပ်တာကြောင့် စိတ်ဓာတ်မြှင့်တင်ပေးရာမှာ လိုအပ်တဲ့ ဗီတာမင် ဒီကိုပါ ရရှိစေပါတယ်။

ကဖင်းဓာတ်များခြင်း
ကော်ဖီသောက်တဲ့အခါ ကဖင်းနဲ့ ဓာတ်မတည့်သူတွေမှာ ပျို့တာ၊ ရင်တုန် တာတွေဖြစ်တတ်ပါတယ်။ အဲဒီထဲက မ လိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးကတော့ စိုးရိမ်သောကဖြစ်စေတာပါ။ ဒါကြောင့် စိုးရိမ်သောကတွေဖြစ်နေချိန်မှာ ကော်ဖီ ဒါမှမဟုတ် ကဖင်းဓာတ်ပါဝင်တဲ့ လက် ဖက်ရည်၊ ဆိုဒါနဲ့ တခြားအချိုရည် စတာ တွေကို ရှောင်ဖို့လိုပါတယ်။

အစာ နပ်မမှန်ခြင်း
စိုးရိမ်သောကတွေ ရှိနေရင်ဖြစ်စေ၊ မရှိရင်ဖြစ်စေ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုအလေ့အကျင့်က အမြဲတမ်း ရှိနေသင့်ပါတယ်။ ဘာကြောင့် လဲဆိုတော့ လူတစ်ယောက်ဟာ စိုးရိမ်ပူ ပန်မှုတွေများတဲ့အခါ စားသောက်လိုစိတ် မရှိလို့ မစားမသောက်ဘဲ နေတဲ့အခါ ခန္ဓာ ကိုယ်တွင်းမှာ သကြားဓာတ်ကျဆင်းသွား ပါတယ်။ သကြားဓာတ်တွေ ကျဆင်းသွား တဲ့အခါမှာလည်း စိုးရိမ်သောကဖြစ်တဲ့ လက္ခဏာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် တစ်နေ့တာပုံမှန်စားသောက်ရ မယ့် အနပ်မှန်အောင်စားပါ၊ ကျန်းမာရေး နဲ့ ညီညွတ်တာကို ရွေးစားပါ။

အိပ်မပျော်ခြင်း
စိုးရိမ်သောကများတဲ့အခါ အိပ်မ ပျော်တတ်တာမျိုး လူတိုင်းကြုံဖူးမှာပါ။ စိုး ရိမ်သောကဖြစ်သူတွေအနေနဲ့ ဒီအချက် ကို ကျော်လွှားနိုင်ဖို့ လိုပါတယ်။ အိပ်မ ပျော်တဲ့အခါ စိုးရိမ်သောကတွေ ပိုဆိုးလာ ပြီး စိတ်ဖိစီးမှုတွေပါ တိုးလာစေပါတယ်။ အိပ်ခါနီးမှာ ရေနွေးနဲ့ ရေချိုးတာ၊ နွားနို့ ပူပူတစ်ခွက်သောက်တာ၊ ချာမိုမိုင်းလက် ဖက်ရည်သောက်တာ၊ တရားထိုင်တာတွေ ပြုလုပ်ပေးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အကူအညီပေးနိုင်ပါတယ်။ အိပ်ရာထဲရောက်တာတောင် အိပ်မပျော် နိုင်ဘဲဖြစ်နေမယ်ဆိုရင်တော့ ပက်လက် အိပ်လျက်အနေအထားအတိုင်း လက် နှစ်ဖက်ကို ဗိုက်ပေါ်တင်ထားပြီး အသက် ကို အဆုံးထိတဝရှူရှိုက်ပြီး ခဏအသက် အောင့်ပါ၊ ပြီးတာနဲ့ အသက်ကို ပြန်ရှူ ထုတ်လိုက်ပါ။ ဒီလိုမျိုး အိပ်မပျော်မချင်း ပြုလုပ်ပေးပါ။ အိပ်မပျော်လို့ဆိုပြီး ဖုန်း သုံးတာ၊ ဂိမ်းဆော့တာမျိုးတွေ မပြုလုပ် သင့်ပါဘူး။

လူမှုကွန်ရက် အသုံးပြုမှုများခြင်း
နေ့တစ်နေ့ရဲ့ အချိန်အတော်များ များကို လူမှုကွန်ယက်ပေါ်မှာပဲ အချိန် ကုန်ဆုံးနေမိပြီလား။ ဒီလိုလူအများစုမှာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေ ဖြစ်ပွားမှု များစေပါတယ်။ ဒီနေ့ခေတ်မှာ အများစု က မိသားစုနဲ့ အတူရှိနေပေမယ့် အတူထ မင်းလက်ဆုံစားတာ၊ စကားလက်ဆုံပြော တာ နည်းလာပြီး ဖုန်းတစ်လုံးနဲ့ မအားကြ တော့ပါဘူး။ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံပေမယ့် စကားမပြောကြတော့ဘူး၊ လူမှုကွန်ရက်ပေါ်က မဆင်းနိုင်ဘဲ စကား လုံးတွေ တိတ်ဆိတ်လို့ နေပါတယ်။ နွေး ထွေးတဲ့မိသားစုဘဝတွေ၊ အပေါင်းအ သင်းမိတ်ဆွေတွေကြားက ရင်းနှီးတဲ့ဆက် ဆံရေးတွေအကြားမှာ ဖုန်းသုံးရင်း တ ဖြည်းဖြည်း ဝေးကွာလာကြပါတယ်။ ဒီလို ဖြစ်လာရာကနေ စိုးရိမ်သောကတွေ၊ စိတ် ဖိစီးမှုတွေနဲ့အတူ အထီးကျန်ဆန်တာ တွေ ဖြစ်မှန်းမသိဖြစ်လာပါတယ်။ တိုး တက်လာတဲ့ခေတ်ကို အမီလိုက်ဖို့ လူမှု ကွန်ရက်ကို လျစ်လျူရှုထားလို့လည်း မရပါဘူး။ အချိန်နဲ့သုံးပါ။ မိသားစုကို လည်း အချိန်ပေးပါ။ အပေါင်းအသင်း တွေနဲ့ တွေ့ဆုံချိန်မျိုးမှာတော့ ဖုန်းကို မသုံးသင့်ပါဘူး။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal