စိုးရိမ်စိတ်ကို ဖြေဖျောက်ပေးနိုင်မယ့် နည်းလမ်း (၇) သွယ်

စိုးရိမ်စိတ်က လူတိုင်းမှာ တစ်ချိန် မဟုတ်တစ်ချိန် ရှိနေတတ်ကြပါနဲ့။ စိုးရိမ် စိတ်ကို အမြဲထမ်းထားရမယ်ဆိုရင်တော့ သင်ရဲ့ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်း ဆိုင်ရာကိုပါ ထိခိုက်စေမှာပါ။

♥ (၁) ဦးနှောက်ကို အကျင့်လုပ်ပေးပါ
စိုးရိမ်စိတ် ကိန်းအောင်းနေရင် အ များအားဖြင့် Negative emotions တွေ ကို ပိုတွေးမိမှာဖြစ်ပါတယ်။ တွေးမိလိုက်တိုင်း စိတ်ညစ်စရာတွေချည်းပဲ မဖြစ်ဖို့ ဦးနှောက်ကို အကျင့်လုပ်ပေးဖို့ လိုပါ တယ်။ ဒီအတွက် Positive emotions တွေကို များများတွေးပေးပါ။ အဆိုးနဲ့အ ကောင်း အခြေအနေနှစ်မျိုး ဒွန်တွဲနေ တာ သဘာဝပါပဲ၊ အဆိုးတွေကို လျှော့ တွေးပြီး အကောင်းဘက်က စဉ်းစားပေး ပါ။

♥ (၂) ကြိုတွေးပြီးမပူပါနဲ့
မဖြစ်သေးတဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေများနေတာ၊ တကယ် လို့ဆိုပြီး မဖြစ်သေးတာကို တွေးပြီး စိတ် ပူတာ၊ မကောင်းတာ တစ်ခုခုဖြစ်လာမှာ ကို တွေးပြီးစိတ်ပူတာတွေက စိုးရိမ်စိတ် ကို ဖြစ်စေပါတယ်။ စိတ်ပူတတ်တာက မကောင်းဘူးလားဆိုတော့ တစ်ခါတလေ မှာတော့ ကောင်းပါတယ်။ စိတ်ပူပြီး အမှားတွေ မလုပ်မိအောင် ပြင်ဆင်တာ၊ ပြဿနာတွေကို ဖြေရှင်းဖို့ တွေးတော ဆင်ခြင်တာတွေ လုပ်ဆောင်တယ် ဆို ရင်ပေါ့။ ဒါပေမဲ့ စိုးရိမ်သောကစိတ်တွေ များလာပြီဆိုတဲ့အခါမှာ စိုးရိမ်လွန်ရောဂါ ဖြစ်တဲ့ Positive emotions ဖြစ်သွားနိုင်ပါတယ်။

♥ (၃) ခွဲခြမ်းစိတ်ဖြာပါ
ဖြစ်နေတဲ့ စိုးရိမ်စရာကိစ္စတွေကို သင်ဖြေရှင်းနိုင်လား၊ မဖြေရှင်းနိုင်ဘူးလား ဆိုတာကို ခွဲခြမ်းစိတ်ဖြာပါ။ ဥပမာ – မဖြစ်သေးတဲ့အနာဂတ် ဒါမှမဟုတ် ပြင် လို့မရတဲ့ အတိတ်ကို မအိပ်နိုင်ဘဲ စဉ်း စားနေတာက မဖြေရှင်းနိုင်တဲ့ သောက မျိုးပဲ ဖြစ်ပါတယ်။ သင်အလုပ် နောက် ကျမှာ စိုးရိမ်တာ၊ အိမ်စာတွေ မပြီးမှာ စိုးရိမ်တာ စတာတွေကတော့ ကိုယ်တိုင် ဖြေရှင်းနိုင်တဲ့ စိုးရိမ်မှုမျိုးတွေပါ။ အရာ တိုင်းဟာ မသေချာ မရေရာမှုတွေနဲ့ ပြည့် နှက်နေတယ်ဆိုတာကို လက်ခံထားပြီး ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင် တာဝန်ယူလုပ်ဆောင်နိုင်မယ့် အရာတွေ အပေါ်မှာပဲ အာရုံစိုက်ထားလိုက်ပါ။

♥ (၄) သင့်ကိုယ်သင်ခွန်အားပေးပါ
တခြားသူအားပေးတာကို စောင့် မနေပါနဲ့။ သင့်အတွက် မဖြစ်နိုင်ဘူး၊ မလုပ်နိုင်လောက်ဘူးလို့ထင်ပြီး အကောင် အထည် မဖော်ဖြစ်ခဲ့တဲ့ အရာတွေကို စမ်းလုပ်ကြည့်ပါ။ ဖြစ်နေတဲ့ စိုးရိမ်စိတ် ပြေပျောက်သွားအောင် ကိုယ့်အားကိုယ် ကိုးပြီး ဖြေရှင်းနိုင်အောင် ကြိုးစားကြည့် ပါ။ ကြိုးစားနေတဲ့ ကိုယ့်ကိုယ်ကိုယ်အ တွက် ကျေးဇူးတင်ပါ၊ အားပေးပါ။

♥ (၅) သင့်ကိုယ်သင် မလောပါနဲ့
မလောနဲ့ဆိုတာမှာ မဖြစ်နိုင်တဲ့အချိန် အတိုင်းအတာအတွင်း ပြီးအောင် လုပ် မယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဖိအားမပေး ပါနဲ့။ ဘယ်အချိန်မှာ ပြီးသင့်တယ်ဆိုတာ ကို ကိုယ်တိုင်သတ်မှတ်ပြီး အချိန်မတိုင်ခင် လုံ့လစိုက်ပြီး ပြီးဆုံးအောင် လုပ်ဆောင်ပါ။ မလိုအပ်ဘဲ ကိုယ့်ကိုယ်ကိုယ် တွန်းအား ပေးတာဟာ စိတ်ပင်ပန်းစေပါမယ်။ အလုပ်လည်း ကောင်းကောင်းပြီးမှာ မဟုတ် ပါဘူး။ အရာရာကို စိတ်ပူတတ်တဲ့အကျင့် လျှော့နိုင်ဖို့လိုပါတယ်။ စိတ်လောနေ တယ်ဆိုရင် စိတ်အေးအောင် အရင်ဆုံး အသက်ဝဝရှူတာ၊ သီချင်းနားထောင်တာ၊ တရားထိုင်တာလုပ်ပြီးမှ ဆုံးဖြတ်ပါ။

♥ (၆) ငိုချခွင့်ပြုပေးပါ
စိုးရိမ်စိတ်တွေများလာလို့ ငိုချင် ရင်ငိုချလိုက်ပါ။ ယောက်ျားလေးမို့လို့ မငိုရဘူး၊ ဘာမို့လို့ ညာမို့လို့ မငိုရဘူး ဆိုတာ မဟုတ်ပါဘူး။ ငိုတာက စိတ်ပျော့ ညံ့လို့ ဆိုပြီး မတွေးပါနဲ့။ ငိုလိုက်လို့ ကျသွားတဲ့ မျက်ရည်တွေထဲမှာ စိတ်ဖိစီး မှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေ ပါသွားမှာ မို့ စိတ်သက်သာသွားနိုင်ပါတယ်။

♥ (၇) ရင်းနှီးသူကိုဖွင့်ပြောပါ
ဒီအချက်က အရေးကြီးပါတယ်။ သင်ဖွင့်ပြောတဲ့သူက သင် စိတ်ချယုံ ကြည်ရတဲ့သူ ဒါမှမဟုတ် မိသားစုဝင်တွေ ဖြစ်ဖို့လိုပါတယ်။ စိတ်ထဲမှာ တစ်ယောက် တည်း ကြိတ်ပြီး ပူပန်နေမယ့်အစား ယုံ ကြည်ရတဲ့သူတစ်ယောက်ကို ဖွင့်ပြောပြ လိုက်တာကလည်း သင့်ကို စိတ်သက် သာစေမှာပါ။

♥ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal