စိုးရိမ်စိတ်များလွန်းသည့်အတွက် ဖြစ်တတ်သော ပြဿနာများ

လူတိုင်းလူတိုင်း စိုးရိမ်တတ်ကြပေမယ့် တချို့လူတွေမှာ လိုတာထက် ပိုပြီး အစိုးရိမ်လွန်ကဲနေတတ်ကြပါတယ်။ သင့်စိုးရိမ်ပူပန်စိတ်တွေကို တစ်ပတ်အတွင်း မဖြေရှင်းနိုင်ရင် ဒါမှမဟုတ် သင်ရဲ့ အလုပ်ကိစ္စ၊ အိမ်ကိစ္စတွေကို ထိခိုက်နေရင် ဆရာဝန်နဲ့ တိုင်ပင်သင့်နေပါပြီ။ စိုးရိမ်စိတ်များလွန်းတာကြောင့် အောက်ပါပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

အာရုံကြောစနစ်
ခန္ဓာကိုယ်ရဲ့ သတင်းအချက်အလက်ကွန်ရက်တွေဟာ ဦးနှောက်၊ အာရုံကြောမ၊ အာရုံကြောနဲ့ နျူရုန်းခေါ်တဲ့ ဆဲလ်တွေနဲ့ ပြုလုပ်ထားပါတယ်။ စိုးရိမ်စိတ် များလွန်းတာ ကြောင့် စိတ်ဖိစီးမှုဟော်မုန်းတွေ အများအပြားထွက်လာကာ နှလုံးခုန်နှုန်းနဲ့ အသက် ရှူနှုန်းတွေ မြန်ဆန်လာပြီး သွေးတွင်းသကြားဓာတ်တွေ မြင့်တက်လာနိုင်ပါတယ်။ ဒါ့အပြင် လက်နဲ့ ခြေထောက်တွေဆီကို သွေးပိုမိုရောက်ရှိလာတဲ့အတွက် ကြာလာရင် နှလုံး၊ သွေးကြော၊ ကြွက်သားနဲ့ တခြားစနစ်တွေကို ထိခိုက်လာနိုင်ပါတယ်။

ကြွက်သား
သင့်မှာ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာတဲ့အခါ ပခုံးနဲ့ လည်ပင်းကြွက်သားတွေက တင်းမာလာပြီး ခေါင်းတစ်ခြမ်းကိုက်တာ ဒါမှမဟုတ် တင်းပြီး ခေါင်းကိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ အနှိပ်ခံတာ ဒါမှမဟုတ် ယောဂကျင့်စဉ်ပြုလုပ်တာနဲ့ အသက် ပြင်းပြင်း ရှူသွင်းရှူထုတ်တာလိုမျိုး စိတ်ဖြေလျှော့တဲ့နည်းလမ်းတွေကို အသုံးပြုပါ။

အသက်ရှူခြင်း
သင် စိုးရိမ်စိတ်များလွန်းလာတဲ့အခါမှာ သင်သတိမထားမိဘဲ အသက်ရှူတာက မြန်ဆန်လာနိုင်ပါတယ်။ ပုံမှန်လူတွေအတွက် ပြဿနာမရှိပေမယ့် ရင်ကျပ်ပန်းနာနဲ့ တခြားအဆုတ်ရောဂါရှိသူတွေအတွက်ကတော့ အခြေအနေဆိုးရွားလာနိုင်ပါတယ်။

နှလုံး
အနည်းငယ်စိတ်ကသိကအောင့်ဖြစ်နေရင်တောင်မှ နှလုံးကို ထိခိုက်နိုင်ပါတယ်။ စိုးရိမ်စိတ်များသူတွေမှာတော့ သွေးဖိအား မြင့်တက်တာ၊ နှလုံးတိုက်ခိုက်ခံရတာ ဒါမှ မဟုတ် လေဖြတ်တာတွေ ဖြစ်နိုင်ခြေ များလာပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းတွေ အ ထွက်များလာတာကြောင့် နှလုံးခုန်နှုန်း မြန်ဆန်လာပြီးသွေးကြောတွေ မာကျောလာ တဲ့အတွက် ရက်ရှည်ဖြစ်ပေါ်လာပါက သွေးကြောတွေ ရောင်ရမ်းလာနိုင်ပါတယ်။ ကိုလက်စထရောအဆင့်တွေလည်း မြင့်မားလာပြီး တခြားပြဿနာတွေလည်း ဖြစ် လာနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်
စိုးရိမ်စိတ်များတာကြောင့် ထွက်ပေါ်လာတဲ့ စိတ်ဖိစီးမှု ဟော်မုန်းတွေက သွေးတွင်းသကြားဓာတ်တွေကို လောင်စာအဖြစ် ထုတ်လုပ်ပေးပါတယ်။ သင် အသက် အန္တရာယ်ရှိလို့ ပြေးဖို့လိုအပ်ရင်တော့ ဒီလောင်စာတွေက ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီလောင်စာတွေကို အသုံးမပြုခဲ့ရင် ခန္ဓာကိုယ်ထဲမှာ အဆီအဖြစ် သိုလှောင် သွားပါလိမ့်မယ်။ ဒါကြောင့် အ၀လွန်တာ ဒါမှမဟုတ် ဆီးချိုရောဂါတွေဖြစ်လာနိုင်ပါတယ်။ ဆီးချိုကို မထိန်းနိုင်ခဲ့ရင် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက်ကပ်ရော ဂါတွေဖြစ်လာနိုင်ပါတယ်။

ခုခံအားစနစ်
စိုးရိမ်စိတ်များလွန်းနေရင် ခန္ဓာကိုယ်က ပိုးမွှားတွေကို မတွန်းလှန်နိုင်တော့ပါ ဘူး။ ဒေါသထွက်တာ ဒါမှမဟုတ် စိတ်ဓာတ်ကျနေတာကြောင့်လည်း အအေးမိတုပ် ကွေးရောဂါတွေ ခဏခဏ ၀င်ရောက်လာနိုင်ပါတယ်။

အစာအိမ်
သင်စိုးရိမ်စိတ်များလွန်းနေရင် ပျို့တာ ဒါမှမဟုတ် အန်တာတွေ ဖြစ်လာတတ် ပါတယ်။ ဗိုက်နာတာ ဒါမှမဟုတ် အစာအိမ်အနာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒီအချိန်မှာ သင်ဟာ အဆီနဲ့အချိုပါဝင်မှုများတဲ့အစားအစာတွေကို အလွန်အကျွံစားသုံးမိရင် အစာအိမ်က သူတို့ကို အစာခြေဖို့ ခက်ခဲသွားပြီး အက်စစ်တွေ ပိုမိုထွက်လာတဲ့အတွက် စားချဥ့်ပြန်တဲ့ဝေဒနာ ခံစားရနိုင်ပါတယ်။

အူ
စိုးရိမ်စိတ်များသူတွေက မကြာခဏ ၀မ်းပျက်တာ၊ ၀မ်းချုပ်တာတွေ ဖြစ်နိုင် တယ်။

Sex ကျန်းမာရေး
စိုးရိမ်စိတ်တွေ များနေသူက Sex ကိစ္စကို စိတ်ဝင်စားမှုလျော့နည်းသွားတတ်ပါတယ်။ အချိန်ကြာလာတဲ့အခါမှာ တက်စထရိုစတီရုန်းလည်း လျော့နည်းသွားတဲ့အတွက် သုက်ကောင်တွေပေါ်မှာ သက်ရောက်မှုရှိလာနိုင်တဲ့အပြင် ပန်းသေပန်းညှိုးလည်း ဖြစ်လာနိုင်ပါတယ်။ သွေးဆုံးတဲ့အမျိုးသမီးတွေအတွက်တော့ စိုးရိမ်စိတ် များတာကြောင့် အိပ်မပျော်တာနဲ့ ပူစပ်ပူလောင် ဝေဒနာတွေ ခံစားရတတ်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *