စူပါလူသားတစ်ယောက်ဖြစ်အောင် ဘာတွေစားသောက်ကြမလဲ

အရိုးသန်မာစေတာ၊ စွမ်းအင်ရရှိစေတာ၊ အဆီတွေလောင် ကျွမ်းစေတာ၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တာ၊ ကိုယ်ခံစွမ်းအား မြှင့်တင်ပေးတာ စတဲ့ အာနိသင်ရှိတဲ့ စူပါအစားအသောက်တွေကို ရွေးချယ်စားသောက်ပါက သန်စွမ်းကျန်းမာတဲ့ စူပါလူသားတစ် ယောက်ဖြစ်လာမှာ မလွဲပါဘူး . . .

ထောပတ်သီး
ထောပတ်သီးမှာ အဆီများစွာပါဝင် တယ်ဆိုပေမယ့် ဒီအဆီတွေက စားသုံး သင့်တဲ့အဆီတွေပါ။ ထောပတ်သီးမှာ နှလုံးကျန်း မာစေတဲ့ မိုနိုမပြည့်ဝဆီတွေ ပါဝင်ပြီး ဝမ်းဗိုက်အဆီတွေကို လျော့ နည်းစေပါတယ်။ ပိုတက်စီယမ်၊ မဂ္ဂနီဆီ ယမ်၊ ဖောလိတ်၊ ပရိုတင်းနဲ့ ဗီတာမင် ဘီစစ်၊ အီး၊ ကေတွေ ကြွယ်ဝတဲ့အပြင် အမျှင်ဓာတ်နဲ့ အပင်ကရတဲ့ ကိုလက်စထ ရော အဆီတွေများစွာပါဝင်ပါတယ်။ တစ် နေ့ကို ထောပတ်သီးတစ်ခြမ်း ဒါမှမဟုတ် လေးပုံတစ်ပုံ စားပေးပါက ခန္ဓာကိုယ် အ တွက်လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့် ၀နေစေပါတယ်။

ပဲနီလေး
ဘယ်လိုပဲအမျိုးအစားမဆို အာဟာ ရဓာတ်တွေ ပြည့်ဝပါတယ်။ ပဲအမျိုးမျိုး ထဲမှာ ပဲနီလေးက အင်တီအောက်ဆီးဒင့်၊ ပရိုတင်း၊ဖောလိတ်၊ သတ္တုဓာတ်နဲ့ အမျှင် ဓာတ်တွေ များစွာပါဝင်ပါတယ်။ ဒါ့အပြင် ပဲနီလေးမှာပါဝင်တဲ့ ကစီဓာတ်က ခန္ဓာ ကိုယ်မှာရှိတဲ့ အဆီတွေကို လောင်ကျွမ်း စေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်း ညှိပေးပါတယ်။ ဆာလောင်မှုကို လျော့ နည်း ကာဗိုက်ပြည့်တင်းနေစေတဲ့အပြင် ကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေပါ တယ်။ တစ်ပတ်ကို ပဲနီလေးချက်ပြီးသား သုံးခွက်စာ စားပေးပါ။

ဒိန်ချဉ်
အဆီနည်းတဲ့ ဒါမှမဟုတ် အဆီ ထုတ်ထားတဲ့ ဒိန်ချဉ်မှာ အရိုးတွေသန် မာစေတဲ့ ကယ်လ်စီယမ်ကြွယ်ဝစွာ ပါဝင် ပါတယ်။ ဒိန်ချဉ်တစ်ခွက်မှာ အမျိုးသမီး တစ်ယောက်အတွက် တစ်နေ့တာလိုအပ် တဲ့ ကယ်လ်စီယမ်ပမာဏရဲ့လေးပုံတစ် ပုံကို ရရှိနိုင်ပါတယ်။ အစာအိမ်နဲ့ အူလမ်း ကြောင်းအတွက် အကျိုးပြုဘက်တီးရီး ယားများစွာပါဝင်ပါတယ်။ ဒီအကျိုးပြု ဘက်တီးရီးယားတွေက ခန္ဓာကိုယ်ခုခံ အားကိုမြှင့်တင်ပေးတာကြောင့် တုပ် ကွေးလို အဖျားရောဂါတွေ မဖြစ်ပွား အောင် ကာကွယ်နိုင်ပါတယ်။ တစ်နေ့ကို ဒိန်ချဉ်အပါအဝင် နို့နဲ့နို့ထွက်ပစ္စည်းတွေ ကို အနည်းဆုံး တစ်နေ့သုံးကြိမ်စားသင့် ပါတယ်။

သံလွင်ဆီ
အသက်ရှည်ကျန်းမာဖို့အတွက် ဆီ လုံးဝ မစားသုံးဘဲ နေလို့မရပါဘူး။ လေ့ လာမှုတွေအရ သံလွင်ဆီက ဦးနှောက် မှတ်ဉာဏ်အတွက် ကောင်းမွန်တာကို တွေ့ရပါတယ်။ သံလွင်ဆီစားသုံးပါက အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးပြီး စဉ်းစားတွေးခေါ်မှုတွေ ကိုပါ ပိုမိုကောင်းမွန်စေပါတယ်။ ၂၀၀၈ ခုနှစ်က စပိန်မှာလေ့လာခဲ့တဲ့ လေ့လာမှု အရ သံလွင်ဆီစားသုံးတာက ရင်သား ကင်ဆာရောဂါကို တိုက်ထုတ်နိုင်တဲ့အ ပြင် နှလုံးရောဂါဖြစ်ပွားနှုန်းကိုလည်း လျှော့ချနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ နေ့စဉ်ချက်ပြုတ်ရာမှာသုံးတဲ့ဆီတွေအ စား သံလွင်ဆီကို အစားထိုး အသုံးပြုနိုင် ပါတယ်။ တစ်နေ့ကို သံလွင်ဆီ လက်ဖက် ရည်ဇွန်း နှစ်ဇွန်းစာစားသုံးသင့်ပါတယ်။

ချောကလက်အညို
အညိုရောင်ချောကလက်မှာ လေ ဖြတ်တာကို ကာကွယ်ပေးပြီး နှလုံးကျန်း မာစေတဲ့ အင်တီအောက်ဆီးဒင့်တွေ များ စွာပါဝင်ပါတယ်။ အရိုးသန်မာစေဖို့ လိုအပ်တဲ့ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ကော့ပါး၊ ဇင့်၊ ဖော့စ်ဖောရပ်စတာတွေလည်း များ စွာပါဝင်ပါတယ်။ လေ့လာမှုတွေအရ ချောကလက်အညိုစားသုံးတာက အ ရေပြားကို ရေဓာတ်ဖြည့်ပေးတာ၊ သွေး ဖိအားလျော့နည်းစေတာနဲ့ တွေးခေါ်မှု စူးရှထက်မြက်စေတာ စတဲ့အာနိသင်တွေ ကိုလည်း ရရှိစေပါတယ်။ တစ်နေ့ကို ကို ကိုး ၇၀ ရာခိုင် နှုန်းပါဝင်တဲ့ ချောက လက်အညိုကို တစ်အောင်စရဲ့လေးပုံတစ် ပုံစားသင့်ပါတယ်။

ဗာဒံစေ့
သွေးတွင်း ကိုလက်စထရောပမာ ဏကို လျှော့ချပေးပြီး ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူဖြစ်စေ ပါတယ်။ လေ့လာမှုတစ်ခုမှာ ကိုယ်အ လေးချိန်ကို အစားအသောက်နဲ့ ထိန်း သိမ်းနေသူများတွင် ဗာဒံစေ့ထည့်ပြီး စားသုံးပါက ကိုယ်လေးချိန်ကို ပိုမို ထိထိ ရောက်ရောက်လျှော့ချနိုင်တာကို တွေ့ ရှိခဲ့ပါတယ်။

အမဲသား
အဆီမပါတဲ့ အမဲသားမှာ ဇင့်ဓာတ် များစွာပါဝင်ပြီး ခန္ဓာကိုယ်ခုခံအားကို မြှင့်တင်ပေးပါတယ်။ သံဓာတ်ကြွယ်ဝတာ ကြောင့် မောပန်းနွမ်းနယ်တာ၊ သံဓာတ် ချို့တဲ့တဲ့သွေးအားနည်းရောဂါတွေ မဖြစ် အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာ ပြည့်ဝဆီအနည်း ငယ်သာပါဝင်ပြီး ပရိုတင်းများစွာ ပါဝင်ပါ တယ်။ ဒါ့အပြင် ဗီတာမင် ဒီ၊ အေနဲ့ ဦး နှောက်ရဲ့လုပ်ငန်းဆောင်တာတွေ ဆောင် ရွက်မှုကောင်းစေတဲ့ ကိုလင်း စတာတွေ ပါဝင်ပါတယ်။ မျက်စိ အမြင်အာရုံကောင်း မွန်စေတဲ့ ကယ်ရိုတီးနွိုက်တွေကိုလည်း ဥအမျိုးမျိုးကနေ ရရှိနိုင်ပါတယ်။

ချယ်ရီသီး
အင်တီအောက်ဆီးဒင့်များစွာ ပါဝင် ပြီး မှတ်ဉာဏ်ကောင်းမွန်စေပါတယ်။ နှလုံးရောဂါ၊ သွေးတွင်းကိုလက်စထရော မြင့်တာနဲ့ ဆီးချိုသွေးချိုရောဂါတွေကို မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

ခရမ်းချဉ်သီး
အစွမ်းထက် အင်တီအောက်ဆီးဒင့် ဖြစ်တဲ့ လိုင်ကိုပင်းများစွာပါဝင်ပြီး ရင် သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာ တွေဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးကို စားသုံးပါက နေရောင် ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် တွေ အရေပြားကို မထိခိုက်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခရမ်းချဉ် သီးမှာပါဝင်တဲ့ ပိုလီဖီနောတွေက သဘာ ၀အတိုင်း သွေးကျဲစေပြီး နှလုံးကျန်း မာရေးကို အထောက်အကူပြုပါတယ်။ အ စွမ်းထက်အာနိသင်ကို ပိုမိုရရှိစေဖို့ ပန်းဂေါ်ဖီစိမ်းနဲ့ တွဲဖက်ပြီး ချက်ပြုတ်စား သောက်ပါ။

ကန်စွန်းဥ
ကန်စွန်းဥမှာ ကင်ဆာရောဂါကို တွန်းလှန်ကာကွယ်ပေးနိုင်တဲ့ အင်တီ အောက်ဆီးဒင့်တွေ များစွာပါဝင်ပါတယ်။ ဒါ့အပြင် စွမ်းအင်ရရှိစေတဲ့ ကာဗိုဟိုက် ဒရိတ်၊ အမျှင်ဓာတ်၊ ဗီတာမင်မျိုးစုံ၊ မဂ္ဂ နိစ်၊ ပိုတက်စီယမ်တွေကိုလည်း ရရှိနိုင် ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *