ဆင်ခြေထောက်ရောဂါပိုးက မျက်လုံးထဲကော ဝင်နိုင်လား

အခုတလော လူအများပြောနေကြ တာက ဆင်ခြေထောက်ရောဂါပိုးနဲ့ ဆင် ခြေထောက်ရောဂါကာကွယ်ဆေးတွေ အကြောင်းပါ။
ဆင်ခြေထောက်ပိုး ကူးစက်မှုရှိနေ သေးတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုရှိ မြို့နယ်ပေါင်း ၂၀၀ ကို ဇန်နဝါရီ ၂၂ ရက်ကနေ ၃၁ ရက်အထိ ဆင်ခြေထောက် ရောဂါကာကွယ်ဆေးတိုက်ကျွေးရေးတွေ ကို စီမံချက်နဲ့ဆောင်ရွက်ခဲ့ပြီးလည်းဖြစ် ပါတယ်။ သန်ချဆေးပေါင်း သောက်သုံးပြီး မိမိနဲ့ မိသားစုတွေ ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ပါတယ်။ ဆင် ခြေထောက် သန်ကောင်တွေ သေကျေ ပျက်စီးပြီး ရောဂါကင်းစင်သွားမှာဖြစ်ပါ တယ်လို့လည်း သိရပါတယ်။

ဆင်ခြေထောက်ရောဂါဆိုတာ Ly-mphatic Filariasis လို့ ခေါ်ပါတယ်။ Filariasis ကို သန်ကောင်၊ တုတ်ကောင် အုပ်စုဝင် ကပ်ပါးကောင်တွေဖြစ်ကြတဲ့ Wuchereria bancrofti၊ Brugia malayi နဲ့ JY Brugia timori တွေကြောင့် ဖြစ်ပွားရပါတယ်။
ဆင်ခြေထောက်ရောဂါရှိသူမှာ အ ရွယ်ရောက်ကပ်ပါးကောင်တွေက လူတွေ ရဲ့ ပြန်ရည်ကြောနဲ့ ဂလင်း (Lymphatic vessels and nodes) တွေထဲမှာ ကြီး ထွားရှင်သန်နေလေ့ရှိပါတယ်။ ကပ်ပါး ကောင်တွေ အရွယ်ရောက် ကြီးထွားလာ ပြီး ပြန်ရည်ကြောတွေကို ပိတ်ဆို့စေတဲ့ အခါ၊ အရေပြားနဲ့ တစ်သျှူးတွေ ထူထဲ ကြီးမားလာတဲ့အခါ ဆင်ခြေထောက်လို ကြီးမားတဲ့ ခြေထောက်ကြီးတွေ ဖြစ်စေ တာကြောင့် ဆင်ခြေထောက်ရောဂါလို့ ခေါ်ဝေါ်ကြတာပါ။ ဆင်ခြေထောက်ဆို ပေမယ့် တခြားနေရာတွေဖြစ်ကြတဲ့ ကပ် ပယ်အိတ်၊ လိင်အင်္ဂါ၊ သားမြတ်၊ လက် စတာတွေမှာလည်း ရောဂါပိုးကို လိုက်ပြီး ကြီးထွားလာတာမျိုး ဖြစ်နိုင်ပါသေးတယ်။ အဲဒါတွေအပြင် မျက်လုံးထဲမှာလည်း ဆင်ခြေထောက်ရောဂါပိုး ဝင်ရောက်နိုင် ခြေရှိ၊ မရှိဆိုတာနဲ့ ပတ်သက်ပြီး မျက်စိ အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက် တာတင်ဝင်းနဲ့ မေးမြန်းထားတာတွေကို ဖော်ပြလိုက်ရပါတယ်။

ဆင်ခြေထောက်ရောဂါပိုးက မျက်လုံးထဲ ကို ဝင်နိုင်ပါသလား ဆရာ။
ဆင်ခြေထောက်ရောဂါပိုးက ကပ် ပါးပိုး (Parasite) လို့ ခေါ်တာပေါ့နော်။ ကပ်ပါးပိုးတွေက ခန္ဓာကိုယ်မှာ သွေး ကြောအနှံ့ရောက်နိုင်ပါတယ်။ မျက်လုံး သွေးကြောထဲကို ဆင်ခြေထောက်ပိုး ရောက်လာရင် မျက်လုံးထဲကိုလည်း ရောက်လာနိုင်ပါတယ်။ ဒါက ဖြစ်နိုင်ခြေ ရှိပါတယ်။ ယေဘုယျသဘောအနေနဲ့ ပြောရရင် သန်ကောင်တွေ၊ တုတ်ကောင် တွေကလည်း မျက်လုံးထဲကို ရောက်လာ နိုင်ပါတယ်။

ဆင်ခြေထောက်ပိုး မျက်လုံးထဲမဝင်အောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ ဆရာ။
ဆင်ခြေထောက်ရောဂါပိုး မျက်လုံး ထဲကို မရောက်အောင်ဆိုပြီး သီးသန့်ကာ ကွယ်တယ်ဆိုတာထက် ခန္ဓာကိုယ်ထဲ ကပ်ပါးပိုးတွေ မရောက်အောင် အဓိက က သန့်ရှင်းရေး အရေးကြီးပါတယ်။ သန့် လေးသန့်ပေါ့။ အစားအသောက်အနေနဲ့ သန့်ရှင်းဖို့ပေါ့။ ကျန်တာတော့ ထွေထွေ ထူးထူး မရှိပါဘူး။

ဆင်ခြေထောက်ပိုးက ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေထက် မျက်လုံးထဲကို ပိုပြီး ဝင်ရောက်နိုင်ခြေ များပါသလား။
ဆင်ခြေထောက်ပိုးက ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေထက်စာရင်တော့ မျက် လုံးကို ရောက်တာနည်းပါတယ်။ ဆင်ခြေ ထောက်ပိုးက အစားအသောက်ကနေ ကူးစက်တာများတဲ့အတွက် အူလမ်း ကြောင်းကိုရောက်တာ ပိုများပါတယ်။ အူလမ်းကြောင်းမှာရှိတဲ့ သွေးကြောက နေမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ သွေးကြောတွေထဲကို ရောက်နိုင်ပါတယ်။ အဲဒီကနေမှ မျက်လုံးသွေးကြောတွေ ထဲကို ရောက်လာနိုင်ပါတယ်။ ဒီလိုလူနာ တွေကို မျက်စိဆေးရုံမှာ အများကြီးတွေ့ ရပါတယ်။

ဆင်ခြေထောက်ပိုး မျက်လုံးထဲကို ဝင် ရောက်နေတဲ့အခါ လူနာက သိရှိပါသ လား၊ ဘယ်လိုလက္ခဏာမျိုးတွေ ခံစားရပါ သလဲ ဆရာ။
ဆင်ခြေထောက်ပိုး မျက်လုံးထဲကို ဝင်ရောက်တဲ့အခါ သူတို့က ဘာမှမသိကြ ဘူး၊ ဆရာတို့ စစ်ဆေးတော့မှ တွေ့ရတာ မျိုးပါ။ လူနာတွေက မျက်လုံးရောင်တယ်၊ နီတယ်၊ ကိုက်တယ်၊ မှုန်တယ်ဆိုတဲ့ လက္ခ ဏာတွေနဲ့ ဆရာတို့ဆီ လာပြတတ်ကြပါ တယ်။ ဒီလိုရောက်လာတဲ့လူနာကို ဆရာ တို့က ရောဂါရှာတော့မှ သန်ကောင်ကို မျက်လုံးထဲမှာ တွေ့ရတာပါ။ တွေ့ရရင် ဆရာတို့က ဒီသန်ကောင်ကို ထုတ်ပေးရ ပါတယ်။

အဲဒီလိုမျိုး မျက်လုံးထဲက ဆင်ခြေထောက် ရောဂါပိုးကို ထုတ်လိုက်တဲ့အခါ ဘာတွေ ဆက်ဖြစ်နိုင်ပါသေးလဲ ဆရာ။
ဆင်ခြေထောက်ပိုးကို မျက်လုံးထဲ က ထုတ်လိုက်ပြီးရင် မျက်လုံးမှာ ဘာမှ မထိခိုက်ပါဘူး။ ပြန်ချုပ်ရုံပါပဲ။ လွယ် လွယ်ကူကူပဲ ပြန်ထုတ်လိုက်လို့ရပါတယ်။ ဆရာတို့တွေ လုပ်ပေးနေကျပါ။ ဆေးရုံမှာ လာပြတဲ့ လူနာတွေထဲမှာ တစ်ပတ်ကို တစ်ယောက်၊ နှစ်ယောက်လောက် အမြဲရှိ ပါတယ်။

ဒီလောက်တွေ့ရတယ်ဆိုတော့ များတာ ပေါ့နော် ဆရာ။ အဲဒါနဲ့ပတ်သက်ပြီး ဆရာရဲ့ အကြံပြုချက်ကိုလည်း ပြောပြ ပေးပါ။
ကပ်ပါးပိုးတွေအားလုံးကို ခန္ဓာကိုယ် ထဲ ဘာကြောင့်ဝင်ရောက်လဲဆိုရင် တစ် ကိုယ်ရေသန့်ရှင်းရေး အားနည်းလို့ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားကောင်း အောင်လုပ်မယ်ဆိုရင် ကပ်ပါးပိုးတွေ ဝင် ရောက်မှု မရှိနိုင်တော့ပါဘူး။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *