ဆန်ဆေးရည်ကို အလှအပအတွက် ဘယ်လိုသုံးမလဲ

ယောက်ျားမိန်းမ မရွေး ဘယ်အသက်အရွယ်ပဲဖြစ်ပါစေ နုပျိုလှပလိုကြပါတယ်။ မျက်နှာမှာ အရေးကြောင်းတွေကင်းပြီး ဖြူစင်ဝင်းမွတ်တဲ့
အသားအရေသာ ပိုင်ဆိုင်မယ်ဆိုရင် အရွယ်သုံးပါးလုံး နုပျိုလှပနေမှာပါ။

ဆံသားလှပစေတယ်
ဆံပင်ကြွပ်ဆတ်တာနဲ့ အရောင်မွဲ ခြောက်ခြောက်ဖြစ်တာအတွက် ဆန် ဆေးရည်ကို အသုံးပြုနိုင်ပါတယ်။ ဆန် ဆေးရည်နဲ့ ဆံပင်ပေါင်းတင်ပေးမယ် ဆိုရင် ပျက်စီးနေတဲ့ ဆံသားတွေကို ပြန်လည်ကောင်းမွန်စေပါတယ်

ပြုလုပ်နည်း
ဆံပင်ကို လျှော်နေကျခေါင်းလျှော် ရည်နဲ့ အရင်လျှော်ပါ။ ပြီးနောက် ဆန် ဆေးရည်ကို ဆံပင်အနှံ့ လောင်းချလိုက် ပါ။ ဦးရေပြားကို မိနစ်အနည်းငယ်လောက် ညင်သာစွာ နှိပ်နယ်ပေးပါ။ မိနစ် ၂၀ လောက်ထားပြီးပြီဆိုရင်တော့ ရေနွေး နွေးနဲ့ ပြန်လည်သန့်စင်ပေးပါ။ တစ်လ နှစ်ကြိမ်ပြုလုပ်ပေးပါက ဆံသားလှပစေ ပါတယ်။

နေလောင်ဒဏ်ရာတွေကိုသက် သာစေတယ်
နေပူထဲ အထွက်များလို့ အသား အရေက နေလောင်ညိုညစ်နေတယ်ဆို ရင် ဆန်ဆေးရည်ကို အသုံးပြုနိုင်ပါ တယ်။ ဆန်ဆေးရည်က နေလောင်ထား တဲ့အသားအရေညိုညိုညစ်ညစ် ဖြစ်နေ တာကို လျော့ပါးစေပြီး နူးညံ့ချောမွတ်စေ ပါတယ်။

ပြုလုပ်နည်း
နေလောင်ထားတဲ့ အသားအရေ ပေါ်ကို တိုက်ရိုက်လိမ်းပေးနိုင်ပါတယ်။ ခဏလောက်ခြောက်အောင် ထားလိုက် ပါ။ ပြီးနောက် ရေအေးနဲ့ဆေးကြော သန့်စင်ပါ။

တိုနာအဖြစ် သုံးနိုင်တယ်
ဆန်ဆေးရည်ကို မျက်နှာပေါ်က အညစ်အကြေးတွေဖြစ်တဲ့ ဖုန်၊ အမှုန်၊ ချွေးနဲ့အဆီတွေကိုသန့်စင်ပေးတဲ့ တိုနာ အဖြစ် အသုံးပြုနိုင်ပါတယ်။ ချွေးပေါက် တွေကို ကျဉ်းစေပြီး အသားအရေ နူးညံ့ စေပါတယ်။

ပြုလုပ်နည်း
ဆန်ဆေးရည်ကို ဂွမ်းစနဲ့ တို့ယူပြီး မျက်နှာနဲ့ လည်ပင်းပေါ်က အညစ်အ ကြေးတွေကိုသန့်စင်ပေးနိုင်ပါတယ်။ ဂွမ်း စနဲ့ မျက်နှာပေါ်ကို လိမ်းရာမှာ စက်ဝိုင်း ပုံစံလှည့်ပြီးနှိပ်နယ်ပေးပါက သွေးလှည့် ပတ်မှုကောင်းပြီး အသားအရေကို ကြည် လင်ဝင်းပစေပါတယ်။ နေ့စဉ် ပုံမှန် ပြု လုပ်ပေးနိုင်ပါတယ်။

အရွယ်တင်နုပျိုစေတယ်
ဆန်ဆေးရည်ထဲမှာပါဝင်တာတွေ က ဇရာအရေးကြောင်းတွေကို ဖယ်ရှား ပေးလို့ နုပျိုလှပစေပါတယ်။ ဆန်ဆေး ရည်မှာ အာဟာရဓာတ်တွေ မျိုးစုံပါဝင်လို့ အရေပြားကို အသစ်တစ်ဖန် ပြန်လည် နုပျိုစေပါတယ်။

ပြုလုပ်နည်း
မျက်နှာသစ်တဲ့အခါ ဆန်ဆေးရည် နဲ့ သစ်ပေးပါက အရွယ်တင်နုပျိုစေပါ တယ်။ နေ့စဉ် ပြုလုပ်ပေးပါ။

ကွန်ဒီရှင်နာအဖြစ် သုံးနိုင်တယ်
ဆံသားနူးညံ့ပျော့ပျောင်းစေဖို့ တန် ဖိုးကြီးတဲ့ ကွန်ဒီရှင်နာတွေ ၀ယ်သုံးဖို့ မလိုပါဘူး။ ဆန်ဆေးရည်ကို ကွန်ဒီရှင်နာ အဖြစ်သုံးနိုင်ပါတယ်။

ပြုလုပ်နည်း
ဆန်ဆေးရည်ကို ကွန်ဒီရှင်နာအဖြစ် အသုံးပြုဖို့ လာဗံဒါဆီအနည်းငယ် ထည့် သုံးဖို့လိုအပ်ပါတယ်။ ခေါင်းလျှော် ပြီးတဲ့ အခါ အဆိုပါအရောကို ဆံသားအနှံ့လိမ်း လိုက်ပါ။ ၁၀ မိနစ်လောက်ထားပြီးမှ ရေ အေးနဲ့သန့်စင်လိုက်ပါ။

နှင်းခူရောဂါသက်သာစေတယ်
အရေပြားပြဿနာဖြစ်တဲ့ နှင်းခူရော ဂါကို ဆန်ဆေးရည် အသုံးပြုနိုင်ပါတယ်။

ပြုလုပ်နည်း
ဆန်ဆေးရည်နဲ့ ပန်းသီးရှလကာ ရည်ကိုဆတူရောပြီး ဂွမ်းစနဲ့တို့ယူ လိမ်း ပေးနိုင်ပါတယ်။ တစ်နေ့ကို အကြိမ်များ စွာလိမ်းပေးရမှာ ဖြစ်ပါတယ်။

သက်ကြီးအစက်အပြောက်တွေ ကို သက်သာစေတယ်
ဆန်ဆေးရည်မှာ အင်တီအောက် ဆီးဒင့်တွေဖြစ်တဲ့ ဗီတာမင်အီးနဲ့ Ferulic acid တွေ ပါဝင်လို့ သက်ကြီးအစက် အပျောက်တွေ ကင်းပြီး နုပျိုစေပါတယ်။

ပြုလုပ်နည်း
ဆန်ဆေးရည် လက်ဖက်စားဇွန်း တစ်ဝက်ထဲကို ဗာဒံစေ့ဆီ နှစ်စက်ထည့် ပြီး မျက်နှာနဲ့လည်ပင်းကို နှိပ်နယ်ပြီး လိမ်းပေးပါ။

ဆန်ဆေးရည်ပြုလုပ်နည်း
ဆန်ဆေးရည်ကို အသုံးပြုဖို့အ တွက် ဆန်မှာရှိတဲ့ဖုန်၊ အမှုန်နဲ့ အညစ် အကြေးတွေကိုဖယ်ရှားဖို့ ပထမတစ် ရည်ကို ဆေးပြီး သွန်ပစ်လိုက်ပါ။ ပြီး နောက် ဆန်ထဲရေထည့်ပြီး ၃၀ မိနစ် လောက်စိမ်ထားပြီးမှ အသုံးပြုရမှာ ဖြစ် ပါတယ်။ ဆန်ဆေးရည်မှာ အမိုင်နိုအက် စစ်၊ ဗီတာမင်ဘီအုပ်စု၊ ဗီတာမင် အီး၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့် တွေများစွာပါဝင်ပြီး ဆံပင်နဲ့ အရေပြား အလှအပကို ပေးစွမ်းနိုင်ပါတယ်။ နောက် တစ်နည်းအနေနဲ့ ထမင်းချက်တဲ့အခါ ငှဲ့ချက်ပြီး ထမင်းရည်ကိုလည်း အသုံးပြု နိုင်ပါတယ်။ ထမင်းရည်ကို အအေးခံပြီး ချက်ချင်း အသုံးပြုဖြစ်ခဲ့လို့ တစ်ညထား ပြီး နောက်တစ်နေ့မှ အသုံးပြုမယ်ဆိုရင် လည်း အာနိသင်ကောင်းတွေ ပိုရနိုင် တယ်လို့ဆိုပါတယ်။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *