ဆန်ဆေးရည်၏အလှအပ အကျိုးကျေးဇူးများ

ဆန်စပါးကို ကမ္ဘာပေါ်မှာရှိတဲ့ တိုင်း ပြည်အများစုက အဓိကအစာအဖြစ် စား သုံးကြပါတယ်။ ဆန်ကို ထမင်းအဖြစ် ချက်ပြုတ်တဲ့အခါမှာ ဆန်ဆေးရည်ကို များသောအားဖြင့် သွန်ပစ်လိုက်ကြပါ တယ်။ ဆန်ဆေးရည်ဟာ အရေပြားနဲ့ ဆံသားကျန်းမာရေးအတွက် အလွန်အ သုံးဝင်တယ်ဆိုတာ သင်သိပါရဲ့လား။
အာရှနိုင်ငံအများစုက လွန်ခဲ့တဲ့ နှစ် ပေါင်းများစွာကတည်းက အရေပြားနဲ့ ဆံသားကျန်းမာရေးအတွက် ဆန်ဆေး ရည်ကို အသုံးပြုခဲ့ကြပါတယ်။ အထူး သဖြင့် ဂျပန်အမျိုးသမီး လယ်သမား တွေက အရေပြားသန့်စင်ဖို့အတွက် ဆန် ဆေးရည်ကို အသုံးပြုကြပါတယ်။ တရုတ်ပြည်မှာတောင် Huangluo ဆိုတဲ့ ကျေးရွာက အမျိုးသမီးတွေဟာ ဆံပင်အုံထူထူနဲ့ ရှည်လျားတဲ့ဆံပင်တွေ ရှိနေကြတာက ဆန်ဆေးရည်နဲ့ ဆံပင် ဆေးတာကြောင့်လို့ သိရပါတယ်။
ဆန်ဆေးရည်မှာ များစွာပါဝင်တဲ့ သတ္တုဓာတ်၊ ဗီတာမင် နဲ့ အမိုင်နိုအက်စစ် တွေက ဆံသားနဲ့ အရေပြားကျန်းမာဖို့ အလွန်အသုံးဝင်ပါတယ်။ သူ့မှာပါဝင်တဲ့ ဖယ်ရူလစ်အက်စစ် (Ferulic acid) ဟာ အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်ပြီး ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။

ဆန်ဆေးရည်ကို ဘယ်လိုပြုလုပ်မလဲ
ဆန်ဆေးရည်ပြုလုပ်နိုင်တဲ့နည်း လမ်းများစွာ ရှိပါတယ်။ ဘယ်အမျိုးအစား ဆန်မဆို အသုံးပြုနိုင်ပါတယ်။

ချက်ပြုတ်နည်း
ထမင်းကို ရေငှဲ့ချက်တဲ့နည်းလမ်း နဲ့ချက်ပြုတ်ပြီး ငှဲ့ထားတဲ့ ထမင်းရည် စား ပွဲဇွန်း ၂-၃ ဇွန်းစာကို ရေတစ်ခွက်နဲ့ ရောပြီး ဆံသားနဲ့ မျက်နှာသန့်စင်ဖို့အသုံး ပြုနိုင်ပါတယ်။ ဒီအရည်မှာ အာဟာရ ဓာတ်တွေများစွာပါဝင်ပါတယ်။

အမြန်ဆုံးနည်းလမ်း
ထမင်းမချက်ချင်ဘူးဆိုရင်လည်း ဆန်ကို ရေထဲမှာ ၁၀-၁၅ မိနစ်ခန့် စိမ် ပါ။ ဒီအရည်ကိုယူပြီး သင့်မျက်နှာနဲ့ ဆံ ပင်ကို ဆေးကြောပါ။

အချဉ်ဖောက်နည်း
သူကတော့ အထိရောက်ဆုံးနည်း လမ်းဖြစ်ပါတယ်။ အချဉ်ဖောက်ထားတာ ကြောင့် စံ ပြောင်းလဲမှုဖြစ်သွားတာ ကြောင့်ပါ။ ဆန်ကို ရေထဲမှာ နှစ်ရက် လောက်စိမ်လိုက်ပါ။ အချဉ်နံ့ထွက်လာ ရင် အသုံးပြုလို့ရပါပြီ။ ရေရောပြီး အသုံး ပြုပါ။ ကျန်တာတွေကို ရေခဲသေတ္တာထဲ ထည့်ကာ သိမ်းဆည်းထားနိုင်ပါတယ်။

ဆန်ဆေးရည်၏ အလှအပ အကျိုးကျေးဇူး

၁။ ဝက်ခြံနဲ့ အရေပြားရောင်ရမ်းတာကို ကုသနိုင်ပါတယ်
ဆန်ဆေးရည်ဟာ အရေပြားပေါ်မှာ ရှိတဲ့ ရောင်ရမ်းမှုမျိုးစုံကို လျော့ကျနိုင်တဲ့ အပြင် အဖုအပိမ့်ပေါင်းစုံကိုလည်း ကုသ နိုင်ပါတယ်။ ဘယ်လ်ဂျီယမ်တက္ကသိုလ် မှ လေ့လာမှုအရ နှင်းခူရောဂါရှိသူတွေက ဆန်ဆေးရည်နဲ့ နေ့စဉ် ၁၅ မိနစ်ခန့် အရေပြားကို သန့်စင်ပေးတာကြောင့် ၁၅ ရက်အတွင်း ပြန်လည်ကောင်းမွန်လာ တာကို တွေ့ရှိရပါတယ်။ ဆန်ဆေးရည် ဟာ ဝက်ခြံပျောက်ကင်းဖို့လည်း ကူညီ နိုင်ပြီး မွေးညင်းပေါက်ကိုလည်း ကျဉ်း မြောင်းစေပါတယ်။ ရေရောထားတဲ့ ဆန် ဆေးရည်ထဲကို ဝါဂွမ်းလုံးနှစ်ပြီး ဝက်ခြံ ဒါမှမဟုတ် နှင်းခူရှိတဲ့နေရာကို သုတ် လိမ်းပေးပါ။

၂။ နေလောင်ဒဏ်နဲ့ သက်ကြီးအစက် အပြောက်တွေကိုကုသပေးပါတယ်
ဆန်ဆေးရည်ဟာ အသက်ကြီးလာ တာကြောင့်ဖြစ်တဲ့ အညိုရောင်အစက် အပြောက်တွေကို လျော့ကျစေပြီး Uဠ မပျေ ကြောင့် ပျက်စီးနေတဲ့အရေပြား တွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ သူ့ မှာ ပါဝင်တဲ့ ဗီတာမင် အေ ၊ ဗီတာမင် စီ၊ ဖီနောလစ်ဒြပ်ပေါင်းနဲ့ ဖလေဗိုနွိုက်တွေ ကြောင့်ပါ။ ပုံမှန်အသုံးပြုရင် တစ်ပတ် အတွင်း သိသိသာသာ ကောင်းမွန်လာ တာကို တွေ့ရပါလိမ့်မယ်။ သူက အရေ ပြားကို ချောမွေ့စေပြီး အသားအရောင် မညီမျှမှုကို ညှိပေးကာ မွေးညင်းပေါက် တွေကို ကျဉ်းမြောင်းစေတဲ့အတွက် ကြွေ ရုပ်မျက်နှာပိုင်ရှင်ဖြစ်သွားနိုင်ပါတယ်။ မနက်နဲ့ ည မျက်နှာသစ်ပြီးတိုင်း ဆန်ဆေးရည်ကို တိုနာအဖြစ်အသုံးပြုပါ။

၃။ ဆံသားပျော့ပျောင်းပြီး ကျန်းမာ စေနိုင်ပါတယ်
အပြည်ပြည်ဆိုင်ရာအလှကုန်သိပ္ပံ ဂျာနယ်ရဲ့ ၂၀၁၀ ပြည့်နှစ်က လေ့လာမှု အရ ဆန်ဆေးရည်ကို အသုံးပြုတာ ကြောင့် ဆံသားသန်မာပြီး နူasအငခငအပ ပို မိုကောင်းမွန်တဲ့အတွက် ဆံသားကျိုးတာ၊ ကျွတ်တာတွေမဖြစ်အောင် ကာကွယ် ပေးပါတယ်။ ပုံမှန်အတိုင်း ခေါင်းလျှော် ရည်နဲ့ ကွန်ဒီရှင်နာကိုအသုံးပြုပြီး ခေါင်း လျှော်ပါ။ အဲဒီနောက် ဆန်ဆေးရည်ကို လောင်းချပါ။ ပိုးသားလို နူးညံ့ပျော့ပျောင်း တဲ့ဆံသားရရှိနိုင်ပါတယ်။

၎။ ခန္ဓာကိုယ်ကို Relax ရရှိစေပါ တယ်
ဆန်ဆေးရည်နဲ့ ရေလောင်းချိုးတာ ကြောင့် ပျက်စီးနေတဲ့ဆဲလ်တွေကို ပြန် လည်ပြုပြင်ပေးနိုင်တဲ့အပြင် ခန္ဓာကိုယ် ကို မနူထေ ရရှိစေနိုင်ပါတယ်။ ရေချိုးမယ့် ရေနွေးဇလုံထဲကို ဆန်ဆေးရည်တစ် ခွက်လောင်းထည့်ပြီး ရေစိမ်ချိုးပါ။
ဒါကြောင့် တန်ဖိုးရှိလှတဲ့ ဆန် ဆေးရည်တွေကိုသွန်မပစ်ဘဲ သင့်အလှ အပအတွက် အသုံးပြုလိုက်ပါ။

လှပတ္တမြား

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *