ဆယ်ကျော်သက်ညီမလေးတို့အတွက်Fashion tips

ဆယ်ကျော်သက်ဆိုတဲ့ ရင်ခုန်တတ်စ အရွယ်ဆိုတာ အသစ်အဆန်းတွေ၊ လေ့လာ စရာတွေများတာမို့ စိတ်လှုပ်ရှားစရာ အ ကောင်းဆုံးအရွယ်ဖြစ်ပါတယ်။ ဖက်ရှင်ရေစီး ကြောင်းကို ကြည့်မယ်ဆိုရင်လည်း နိုင်ငံတ ကာက ဒီဇိုင်းမျိုးစုံကို ပြည်တွင်းမှာတင် ဝယ် ယူလို့ရတဲ့ခေတ် ဖြစ်နေပါပြီ။ သူ့အကြိုက် ကိုယ့်အကြိုက် မတူလည်း ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်ရင် စည်းမျဉ်းစည်းကမ်းတွေမရှိပေမယ့် သူ့အ ရွယ်နဲ့သူတော့ လိုက်ဖက်ညီအောင် ဝတ်ဆင် ဖို့လိုပါတယ်။ ဒီတစ်ပတ်မှာတော့ ခေတ်သစ် ညီမလေးတို့အတွက် ဆယ်ကျော်သက် ဖက် ရှင်Tips တွေကို ရေးပေးလိုက်ပါတယ်။

(၁) ရောင်စုံလေးတွေရွေးချယ်ပါ
ဆယ်ကျော်သက်အရွယ်ဟာ သွက်လက်ဖျတ်လတ်တဲ့ အ ရွယ်ဖြစ်ပါတယ်။ လူတစ် ယောက်ဝတ်ဆင်ထားတဲ့ အ ဝတ်အစားရဲ့အရောင်ကလည်း ထိုလူအပေါ် သက်ရောက်မှုရှိ စေပါတယ်။ လူငယ်ပီပီအရောင် တောက်တောက်လေးတွေ၊ ရောင်စုံလေးတွေကို ရွေးချယ် ဝတ်ဆင်ပါ။ အသက်ကြီးလာတဲ့ အခါ အရောင်တောက်တောက် ရောင်စုံတွေက မလိုက်ဖက်တော့ တာများပါတယ်။ ဒါကြောင့် ငယ်တုန်းမှာ ရောင်စုံလေးတွေ ဦးစားပေးဝတ်ပေးပါ။

(၂) Crop Top လေးတွေဝတ်ပါ
Crop Top လေးတွေက ဆယ်ကျော်သက်အရွယ်တွေ နဲ့ အလိုက်ဖက်ဆုံးဖြစ်ပါ တယ်။ ဆယ်ကျော်သက် အရွယ် ခန္ဓာကိုယ်ပိန်ပိန်ပါး ပါးလေးတွေရဲ့ အလှကို ပို ပေါ်လွင်စေပြီး လူငယ်ဆန် စေပါတယ်။ Crop Topစ ဒီ ဇိုင်းမျိုးစုံ ရွေးချယ်စရာတွေ ရှိတာမို့ ကိုယ်ကြိုက်နှစ်သက် တဲ့အရောင်၊ ပုံစံရွေးချယ်နိုင် ပြီး ဘောင်းဘီဖြစ်ဖြစ်၊ စကတ် ဖြစ်ဖြစ် တွဲဝတ်လို့လိုက်ဖက်ပါတယ်။ ဆယ် ကျော်သက်တို့ရဲ့ အဝတ်ဘီရိုထဲမှာ မပါမဖြစ် တစ်ခုပါ။

(၃) ဂျင်းဂျက်ကတ်အင်္ကျီ ဝတ်ပါ
ဂျင်းဂျက်ကတ်ပဲဖြစ်ဖြစ်၊ လယ်သာဂျက် ကတ်ပဲဖြစ်ဖြစ် တစ်ထည်လောက်တော့ ရှိ ထားသင့်ပါတယ်။ ဂျက်ကတ်အင်္ကျီဆိုတာ လူ ငယ်တွေအတွက် ဘယ်သွားသွားဝတ်ဆင်နိုင် ပြီး၊ ဝတ်လိုက်တိုင်းလည်း လှနေစေပါတယ်။ အသက်ကြီးတဲ့အခါ ဂျင်းဂျက်ကတ်ဝတ်တာ က End Date ပုံစံပေါက်စေတတ်ပေမယ့် ဆယ်ကျော်သက်တို့အတွက်ကတော့ ခေတ် မီတဲ့ပုံစံ ရစေပါတယ်။

(၄) မျက်မှန်ပုံစံဆန်းဆန်းလေးတွေတပ်ပါ
ဒါကလည်း ဆယ်ကျော်သက်အရွယ်မှာ ပဲ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ မျက်မှန်ပုံစံ ဆန်းဆန်းလေးတွေကို ရိုးရိုးရှင်းရှင်း အဝတ် အစားနဲ့ပဲဖြစ်ဖြစ် ဆန်းဆန်းပြားပြားဖက်ရှင် ပုံစံနဲ့ပဲဖြစ်ဖြစ် တွဲဝတ်နိုင်ပါတယ်။ အရမ်း တွေ ဂေါ်နေမှာနော်။

(၅) အသားကပ်ခြေအိတ်လေးတွေ ဝတ်ပါ
ဆယ်ကျော်သက်တွေကအတို၊ အပြတ် လေးတွေ ဝတ်ရတာကြိုက်ကြပါတယ်။ ပိုပြီး ဖက်ရှင်ကျချင်တယ်ဆိုရင် အောက်က အသားကပ် ခြေအိတ်လေးတွေနဲ့ တွဲဝတ်ပါ။ အသားကပ်ခြေအိတ် Sအသခုငညါs တွေမှာ လည်း လိုချင်တဲ့ ဒီဇိုင်းကာလာ၊ အနေအ ထား အစုံရနိုင်တာမို့ ကိုယ့်စိတ်ကြိုက် ဖန်တီးဝတ်ဆင်နိုင်မှာပါ။

(၆)Boots ဖိနပ်လေးတွေ စီးပါ
Boots ဖိနပ်ပုံစံဆန်းဆန်း လေးတွေက ဆယ်ကျော် သက်အရွယ်နဲ့ အရမ်း လိုက်ဖက်ပါတယ်။ Boots ရောင်စုံလေးတွေကိုလည်း စိတ်ကြိုက်စီးနိုင်တဲ့ အရွယ် ပါ။ လူငယ်ပီပီ အထာကျကျ လန်းနိုင်ဖို့ ဩသအျ ဖိနပ်လေး တစ်ရန်လောက်တော့ ရှိထား သင့်တယ်နော်။

(၇) မိန်းကလေးဆန်တဲ့ ဂါဝန်လေးတွေ ဝတ်ပါ
ကိုယ်က အရမ်း မိန်းက လေးဆန်တာ မကြိုက်ဘူးဆို ရင်တောင် အတွန့်၊ အဖတ်၊ ဖဲ ပြား၊ ပုလဲတွေပါတဲ့ မိန်းကလေး ဆန်ဆန်ဂါဝန်တွေဟာ ဒီအရွယ် မှာပဲ ဝတ်လို့ လိုက်ဖက်တာ ဖြစ်ပါ တယ်။ အသက်ကြီးတဲ့ မမတွေ ပုံစံ လိုက်မဝတ်ပါနဲ့အုံး၊ အဲ့ဒီအတွက် အချိန် တွေရှိပါတယ်။ ဆယ်ကျော်သက်အရွယ်နဲ့ပဲ လိုက်ဖက်တာဖြစ်တဲ့ ဖက်ရှင်ဒီဇိုင်းတွေကိုပဲ ဦးစားပေး ရွေးဝတ်နော်။

Darliko

Post Author: Good Health Journal