ဆယ်ကျော်သက်အရွယ်မှာ စိတ်ဖိစီးမှု ကင်းဝေးစေဖို့

ဆယ်ကျော်သက်ဆိုတဲ့အရွယ်ဟာ သစ်ရွက်လှုပ်ရင်တောင် စိတ်လှုပ်ရှားတတ် ကြပြီး အရာရာအပေါ် စူးစမ်းလိုတဲ့စိတ် အပြည့်အဝရှိတဲ့အရွယ်ဖြစ်ပါတယ်။ စိတ်အားရော၊ လူအားရော တက်တက် ကြွကြွရှိတဲ့အရွယ်ဖြစ်ပါတယ်။ ဘာမဆို လုပ်ရဲကိုင်ရဲနဲ့ လုပ်နိုင်စွမ်းအပြည့်ရှိတဲ့ အရွယ်ဖြစ်ပါတယ်။ ဒီအရွယ်ကလေးတွေ အနေနဲ့ ဘ၀မှာ မလိုလားအပ်တဲ့ စိတ်ဖိ စီးမှုတွေကင်းဝေးစေဖို့ ဒီအချက်တွေကို သတိပြုစေချင်ပါတယ်။

(၁) ဆိုရှယ်မီဒီယာတွေ အချိန်ကန့်သတ်ပြီး အသုံးပြုပါ
ဆိုရှယ်မီဒီယာ Apps တွေဖြစ်တဲ့ Facebook၊ Instagram၊ Youtube စတာတွေဟာ ဒီနေ့ခေတ်ဆယ်ကျော် သက်တွေကြား ရေပန်းစားတဲ့ ဆိုရှယ်မီဒီ ယာတွေဖြစ်ပါတယ်။ ဗဟုသုတရစရာအ ကြောင်းအရာတွေအများကြီးရှိသလို အ တုယူမှားဖွယ်အရာတွေလည်း အများကြီး ရှိပါတယ်။ ဆိုရှယ်မီဒီယာတွေ အသုံးပြု တာက စိတ်ဖိစီးမှုဖြစ်စေမှုနဲ့ ဆက်စပ်နေ တယ်လို့ သုတေသနစာစောင်တွေမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ဆိုရှယ် မီဒီယာတွေကို Entertainment တစ်ခု အနေနဲ့သာ အသုံးပြုပါ၊ ဗဟုသုတရမယ့် စာတွေဖတ်ရှုလေ့လာပါ၊ အချိန်ကန့်သတ် ပြီးအသုံးပြုပါ။ ဖုန်းတွေ၊ တက်ဘလက် တွေကနေ ထွက်လာတဲ့ အပြာရောင် အလင်းတန်းက ဦးနှောက်တွင်း မယ်လ တိုနင်ထုတ်လုပ်မှုကို ဟန့်တားပြီး အိပ် မပျော်ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အိပ်ခါနီး တစ်နာရီ အလိုမှာ ဖုန်း၊ ကွန် ပျူတာ၊ တက်ဘလက်စခရင်မ်ကြည့်တာ ကိုရှောင်ပါ။

(၂) ဒေါသစိတ်ကိုထိန်းချုပ်ပါ
ဆယ်ကျော်သက်အရွယ်မှာ စိတ်က ဆတ်ဆတ်ထိမခံဖြစ်တတ်ပြီး ဒေါသကို ကောင်းကောင်းမထိန်းချုပ်နိုင်တာ များပါ တယ်။ တစ်ခုခုဆို ဝုန်းဒိုင်းကျဲပြီး လက်ပါ၊ ခြေပါ မဖြေရှင်းပါနဲ့။ ဒေါသက အမှားဖြစ် စေဖို့ ရာခိုင်နှုန်းများလို့ပါ။ လူတိုင်းဟာ စိတ်တိုဒေါသ ထွက်စရာတွေကို အ သက်အရွယ်မရွေး အချိန်မရွေးကြုံတွေ့ရ နိုင်ပါတယ်။ ဒေါသစိတ်က ကျန်းမာရေး အတွက်လည်း မကောင်းပါဘူး။ ဒါကြောင့် အဆင်မပြေတဲ့ကိစ္စတစ်ခုခုကြုံရင် သင် ဖြစ်ချင်တာကို အေးအေးဆေးဆေး ဆွေး နွေးပါ၊ သင်မလုပ်နိုင်တဲ့ကိစ္စဆိုရင် စိတ် လျှော့လိုက်ပါ။ ဒီအရွယ်မှာ မိဘတွေက စိတ်ပူတတ်တာကိုလည်း နားလည်ပေးပါ။

(၃) အချိန်ဆွဲတဲ့အကျင့်ကိုပြင်ပါ
မနက်ဖြန်လုပ်စရာရှိတာကို ဒီနေ့ လုပ်ပါ၊ ဒီနေ့လုပ်စရာရှိတာကို အခုချက် ချင်းလုပ်ပါ။ အချိန်ဆွဲတဲ့အကျင့်က ဘ၀ တစ်လျှောက်လုံး စွဲသွားတတ်တာမို့ ဒီအ ကျင့်ရှိမှန်းသိတာနဲ့ ဖျောက်ပစ်ဖို့ ကြိုး စားသင့်ပါတယ်။ ဘ၀မှာအောင်မြင်တဲ့ သူတိုင်းဟာ အချိန်ကို အကျိုးရှိရှိ အသုံး ချကြပြီး အမြဲတမ်း လေ့လာသင်ယူနေ ကြတာဖြစ်ပါတယ်။ အနားနီးမှ ထလုပ် မယ်ဆိုရင် စိတ်ဖိစီးရတာ၊ စိတ်လှုပ်ရှားရ တာတွေဖြစ်စေပြီး ပြီးစလွယ် လုပ်လိုက် နိုင်တာကြောင့် ကောင်းမွန် သေသပ် စွာလုပ်နိုင်မှာ မဟုတ်ပါဘူး။ အချိန်ရှိတုန်း လုံ့လစိုက်ပါ၊ မိုးရွာတုန်း ရေခံပါ။ ကိုယ့် ဘက်က အကောင်းဆုံးဖြစ်အောင်သာ ပြင်ဆင်ထားပါ။ ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှုရှိပါ။

(၄) အချိန်ပြည့် စိတ်ပူတတ်တဲ့အကျင့်ကို လျှော့ပါ
ဘာလုပ်လုပ် စိတ်ပူပန်ကြီးစွာနဲ့ လုပ်တဲ့အကျင့်ကိုလည်း လျှော့ပေးပါ။ ဒီ အကျင့်ဟာ ရေရှည်မှာ ကျန်းမာရေး အတွက် မကောင်းသလို နှလုံးနဲ့ ပတ် သက်တဲ့ ရောဂါတွေလည်း ရနိုင်ပါတယ်။ စိတ်ကို ပေါ့ပေါ့ပါးပါးထားပြီး ရယ်မော ပါ။ ရယ်မောတာက စိတ်ဖိစီးမှုဖြစ်စေတဲ့ ကော်တီစောဟော်မုန်းကို လျော့ကျစေပါ တယ်၊ သွေးဖိအားကို ကျစေပြီး သွေး လည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။ ရင်ဆိုင်ရမယ့် အခက်အခဲတစ်ခုကြုံလာ တိုင်း သင်ဘယ်လို ဖြေရှင်းနိုင်မလဲ၊ အ ကောင်းဆုံးဘယ်လို ပြင်ဆင်နိုင်မလဲဆို တာကို ခေါင်းအေးအေးထားပြီး စဉ်းစား ဖြေရှင်းပါ။

(၅) အဆိုးဆုံးကို ကြိုတွေးပါ
ဆိုရိုး တစ်ခုရှိပါတယ်။ “Prepare for the worst, but hope for the best” အဆိုးဆုံးကို ကြိုတင်ခန့်မှန်း ထားပြီး အကောင်းဆုံးကို မျှော်လင့်ထား ဖို့ပါ။ ဘာကြောင့် အဆိုးဆုံးကို ကြိုတွေး ခိုင်းတာလဲဆိုရင် အဆိုးဆုံးအခြေအနေ တွေကြုံတဲ့အခါ ငါခန့်မှန်းထားပြီးသားပါ ဆိုပြီး ခံနိုင်ရည်ရှိသွားစေလို့ပါ။ လူငယ် တွေအနေနဲ့ ကိုယ့်စိတ်ကိုယ် အမြဲတမ်း ပြင်ဆင်ထားတဲ့အခါ ဘယ်လို လောကဓံ၊ အခက်အခဲမျိုးနဲ့ပဲကြုံကြုံ ရင်ဆိုင်ရဲ သွားပါတယ်။ အကောင်းဆုံးကိုတော့ လူတိုင်းမျှော်လင့်တတ်ကြပေမယ့် အဆိုး ဆုံးအတွက်ကိုလည်း ကြိုတင်ပြင်ဆင် ထားဖို့လိုပါတယ်။

ထူးဒါလီကိုကို

Post Author: Good Health Journal