ဆားနှင်းဆီ ရေချိုးဆားပြုလုပ်နည်း

တစ်နေ့လုံးပင်ပန်းသမျှ ရေချိုးကန်ထဲမှာ ရေချိုးဆားလေး နဲ့ စိမ်ရင်းနှပ်လိုက်ရရင် ဘယ်လောက် အပန်းပြေသွားမလဲနော်။ ရေချိုးဆားကို ကိုယ်တိုင်ပြုလုပ်ဖို့ မခက်ခဲလှတာမို့ ဈေးကြီးပေး ဝယ်မနေဘဲ ကိုယ်တိုင်ပဲလုပ်ကြည့်ရအောင်။

လိုအပ်သောပစ္စည်းများ
– Baby Soap – ခွက်တစ်ခွက်စာ(Baby Mild ကဲ့သို့)
– ဆားခါး – ခွက်တစ်ဝက်စာ
– ပန်းရောင်ပင်လယ်ဆား – ခွက်တစ်ဝက်စာ
– Liquid Bubble Bath – ထမင်းစားဇွန်း တစ်ဝက်စာ (City mart များတွင် ရရှိနိုင်)

ပြုလုပ်နည်း
– ပြီးရင် ကလေးဆပ်ပြာရည် ခွက်တစ်ခွက်စာနဲ့ Liquid Bubble Bath ထမင်း စားဇွန်းတစ်ဝက်စာကို ပေါင်းထည့်ပါ။
– ပြီးရင် အားလုံးသမအောင် မွှေပါ။
– သေချာသမသွားပြီဆိုရင် သိမ်းဆည်းမယ့် ဘူးလွတ်ထဲကို နှင်းဆီပွင့်ဖတ်တွေ ခြွေထည့်ပြီး ခုနက ပြုလုပ်ထားတဲ့ ဆားခရင်မ်တွေကို ရောထည့်ပါ။
– အခုဆိုရင် ဆားနှင်းဆီရေချိုးဆား ရရှိပါပြီ။

ဆူးမြာ 

 

Post Author: Good Health Journal