ဆီးချိုရောဂါကြောင် မျက်စိကွယ်နိုင်လား

ဆီးချိုရောဂါကြောင့် မျက်စိကွယ်နိုင်ပါသလား ဆရာ။
ဆီးချိုကြောင့် မျက်စိကွယ်နိုင်ပါ တယ်။ အသက် ၆၀ အောက် လူတွေမှာ မျက်စိကွယ်ရတဲ့ အဓိကတရားခံက ဆီး ချိုကြောင့်ဖြစ်တာပါ။ တခြားရောဂါ ကြောင့် မျက်စိကွယ်တာထက် ဆီးချို ကြောင့် မျက်စိကွယ်တာက ပိုပြီး အဖြစ် များပါတယ်။ မျက်လုံးရဲ့ နောက်ခန်းမြင် လွှာမှာရှိတဲ့ သွေးကြောလေးတွေက ပျက်စီးပြီးတဖြည်းဖြည်း ယိုစိမ့်လာ တယ် ၊ ပေါက်ထွက်သွားတယ် ပြီးတော့ မျက်လုံးတဖြည်းဖြည်းနဲ့ မှုန်ဝါးသွားပြီး ကွယ်သွားတာပါ။

ဆီးချိုကြောင့် မျက်စိမှာဖြစ်လာတဲ့ လက္ခဏာ တွေကို ပြောပြပေးပါ ဆရာ။
တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူး၊ ဒီအဆင့်ရောက်တိုင်း သွေး ထွက်ရမယ်လို့ ပုံသေပြောလို့လည်း မရ ဘူး။ တချို့က သွေးမထွက်ဘဲ အမာ ရွတ်လေးတွေ တက်တာရှိတယ်။ ရောဂါ လက္ခဏာဘာမှမပြတာလည်း ဖြစ်နိုင် တယ်။ အမှုန်အမျှင်လေးတွေ ပေါ်လာ တယ်ဆိုတာ သွေးစလေးတွေ ထွက်လာ တာကြောင့်ပါ။ သွေးမဟုတ်တဲ့ အမှုန် အမျှင်လေးတွေလည်း ရှိနိုင်တဲ့အတွက် စစ်ကြည့်မှပဲ သေချာပြောလို့ရမယ်။ မျက် စိနဲ့ ကြည့်လိုက်လို့ မြင်ကွင်းအတွင်းမှာ ကွက်တိကွက်ကြားမမြင်ရတဲ့ နေရာတွေ ရှိတာမျိုးလည်း ဖြစ်နိုင်တယ်။ မျက်စိမှုန် တာလည်း ဖြစ်နိုင်တယ်၊ တစ်ခုခုကို စိုက် ကြည့်လို့မရဘူး၊ စူးစိုက်ပြီး ကြည့်လို့မရ ဘူး။ တစ်ပိုင်းတစ်စ (ဒါမှမဟုတ်) လုံးဝ ပျက်စီးပြီး ကွယ်တာလည်း ဖြစ်နိုင်တယ်။ တစ်ပိုင်းတစ်စဆိုရင် မြင်လွှာမှာ အနာ ရွတ်ရှိတဲ့နေရာက လုံးဝအလုပ်မလုပ်တော့ ဘူး။ မြင်လွှာ အပေါ်ပိုင်းကွာသွားတယ် ဆိုရင် အောက်ပိုင်းကို မမြင်ရတော့ဘူး။ မြင်လွှာအောက်ပိုင်း ကွာသွားတယ်ဆို ရင် အပေါ်ပိုင်းကို မမြင်ရတော့ဘူး။

မျက်စိကို ထိခိုက်ရတဲ့ အကြောင်းအရင်းကို ပြောပြပေးပါဆရာ။
သွေးထဲမှာ အချိုဓာတ်လွန်ကဲတာ ကြောင့် သွေးကြောနံရံလေးတွေ တဖြည်း ဖြည်းပျက်စီးလာတယ်။ သွေးကြောလေး တွေက မလုံတော့ဘဲနဲ့သွေးရည်ကြည် တွေအဖြစ် သွေးတွေက စိမ့်ထွက်လာတယ်။ သွေးကြောလေးတွေက သေးသေးလေး တွေဆိုတော့ ပိတ်တာလည်းရှိတယ်။ သွေးကြောတွေ ပျက်စီးလာတဲ့အခါသူ့ သဘာဝအတိုင်း ဘေးကနေ သွေးကြော အသစ်တွေထွက်မယ်။ ဒီသွေးကြော အသစ်တွေက ပုံမှန်မဟုတ်တဲ့အတွက် ထိတာနဲ့ပေါက်ပြီး အမြင်အာရုံကို ချို့ ယွင်းစေပါတယ်။

မျက်စိကို မထိခိုက်အောင် ကာကွယ်လို့ရပါ သလား ဆရာ။
ဖြစ်မှကုတာထက်စာရင် မဖြစ် အောင်လုပ်တာက ပိုကောင်းတယ်။ စော စောသိအောင် စောစောစစ်ရမယ်။ ပုံမှန် စစ်ရမယ်။ ဆီးချိုရောဂါရှိတယ်လို့ စသိ တဲ့အချိန်ကစပြီး တစ်နှစ်တစ်ခါ စစ်ရ မယ်။ တချို့လူနာတွေကို ခြောက်လ တစ်ခါ၊ သုံးလတစ်ခါ စစ်ဖို့ ပြန်ခေါ်တယ်၊ တစ်နှစ်တစ်ခါ ခေါ်တယ်ဆိုရင် ဝမ်းသာ ပါ။ အခြေအနေ ကောင်းသေးတယ်၊ ခြောက်လတစ်ခါ ပြန်ခေါ်တယ်ဆိုရင် မကောင်းဘူး၊ ဒါပေမဲ့ မစိုးရိမ်ရဘူး။ သုံး လတစ်ကြိမ်ဆိုရင်တော့ နည်းနည်း ဆိုး လာပြီ သတိထားရမယ်။ အသေးစိတ် ကြည့်ဖို့ မျက်စိသူငယ်အိမ်ကို ချဲ့ရမယ်၊ ဘေးဘက်တွေကိုပါ မြင်ရအောင် ချဲ့ရ တဲ့အတွက် အလင်းရောင်က မျက်လုံးထဲ ကို ပိုဝင်လို့ မျက်စိကဝါးသွားတယ်။ တချို့ဆို လှေကားအတက်အဆင်းတောင် လုပ်လို့ မရတာရှိတယ်။ နောက်တစ်ခုက သူငယ်အိမ်ကိုချဲ့လိုက်ရင် မျက်လုံးကြွက် သားကို ကန့်လန့်ကာဆွဲဖွင့်သလို ဘေး ကိုကပ်ထားရတာဖြစ်လို့ မျက်လုံးဘေးမှာ အသားထူသွားတယ်၊ နဂိုကတည်းက ထောင့်ကျဉ်းရေတိမ်ဖြစ်နေရင် ဒါမှ မဟုတ် မဖြစ်သေးရင်တောင် ဘေးနေရာ မှာ အသားတွေ စုသွားလို့ ပိုကျဉ်းသွား ပြီး ရေတိမ်ဖြစ်တတ်တယ်။ ရေတိမ်ဖြစ် နိုင်တယ်လို့ ယူဆရင် ရေကြောတစ်ခါ တည်းဖြတ်လိုက်တယ်။ လူတိုင်းကို ရေ ကြောဖြတ်တာတော့ မဟုတ်ဘူး၊ လူနာရဲ့ အခြေအနေကြည့်ပြီးမှလုပ်ရတယ်။

မျက်စိကို ထိခိုက်တယ်လို့ခံစားမိရင် ဘာတွေ လုပ်ဆောင်သင့်ပါသလဲ ဆရာ။
ရက်ချိန်းကို မှန်အောင်ပြရမယ်။ မျက်စိကောင်းလား မကောင်းလား ကြို တင်သိရအောင် ပြန်ချိန်းတာပါ။ တချို့ လူနာတွေက လာခိုင်းပြီး ဘာမှလည်း မပြောဘူးဆိုပြီး နောက်မလာတော့ဘူး။ နောက်တစ်ခုကတော့ ကျန်းမာတဲ့ လူနေ မှုပုံစံဖြစ်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်နေဖို့ အရေးကြီးတယ်၊ ဆီးချိုကို နိုင်အောင်ထိန်း၊ ဆေးလိပ် သောက်တတ်ရင် ဖြတ်၊ သွေးတိုး ရှိရင်ချ၊ အဆီများနေရင် ချထားရမယ်။

ဘယ်လိုကုသမှုတွေ လုပ်ဆောင်လို့ရပါသလဲ ဆရာ။
ကျန်းမာတဲ့ နေထိုင်မှုပုံစံနဲ့မှ အဆင်မပြေတော့ဘူး။ ကုသမှရတော့ မယ်ဆိုရင် လေဆာပစ်တယ်၊ ခွဲစိတ်ကု သတဲ့ နည်းရှိတယ်၊ မျက်လုံးထဲကို ဆေး ထိုးတာရှိတယ်။ လေဆာပစ်တာကို တချို့က နည်းနည်းကြောက်တယ်၊ အမှန် တော့ လေဆာဆိုတာက လျှပ်စစ်အလင်း ရောင်ကို တစ်နေရာတည်းရောက်အောင် နည်းပညာနဲ့ စုလိုက်တာပဲ။ (ဥပမာ- ဆီးချိုကြောင့် ခြေလက်တွေ ပုပ်သွား တယ်ဆိုရင် ပုပ်တဲ့နေရာကို ဖြတ်ပစ်ရ မယ်) မျက်လုံးမှာကျတော့ သွေးကြောက မကောင်းဘူး၊ အသားတွေက ပိတ်နေ တယ်ဆိုရင် ဖြတ်လို့ မရဘူး။ သွေးကြော အသစ်မထွက်အောင်ဆိုပြီး အဲဒီနေရာကို ဖျက်ဆီးပစ်ရတယ်။ ပြန်ကောင်းအောင် လုပ်တာမဟုတ်ဘူး။ မကောင်းတဲ့ နေရာ ကို ပိုပြီးမဆိုးလာအောင် လေဆာနဲ့ ရှို့ လိုက်တာ။ လေဆာကို လိုမှပစ်တယ်။
ခွဲစိတ်ကုသတာကတော့ မျက်လုံးရဲ့ အနောက်ခန်းထဲမှာရှိနေတဲ့ မြင်လွှာနဲ့ အသားလွှာနဲ့ ကြားမှာ ဂျယ်လီလိုဟာလေး ရှိတယ်။ အဲဒါကို ထုတ်တယ်၊ ထုတ်ပြီး မြင်လွှာမှာရှိတဲ့ အမာရွတ်လေးတွေကို လိုက်ထုတ်တယ်။ သွေးခဲတွေကိုလည်း ထုတ်တယ်၊ပြီးတော့မှ လေဆာပစ်လိုက် တာပါ။
မျက်စိထဲကို ဆေးထိုးကုသတာက တော့ အခုနောက်ပိုင်းမှာ ပိုပြီးခေတ်စား လာတယ်၊ မျက်လုံးထဲကိုဆေးထိုးရင် လုံးဝပြန်မကောင်းနိုင်တောင်မှ သက်သာ တယ်။ သွေးကြောလေးတွေ ယိုနေတဲ့အ တွက် မြင်လွှာကထူနေတယ်၊ အဆီတွေ စုနေတယ်ဆိုရင် ဆေးထိုးလိုက်ရင်လျှော့ သွားမယ်။ ဒါပေမဲ့ ဆေးရဲ့ အာနိသင်က တစ်လလောက်ပဲခံလို့ တစ်လတစ်ခါ ဆေးထိုးရတဲ့အတွက် ရေရှည်မှာ အဆင် မပြေဘူး။ မျက်လုံးကိုအပ်နဲ့ထိုးရတာ ကြောင့် လူနာလည်းကြောက်သလို ဆရာ ဝန်တွေဘက်ကလည်း အရမ်းသတိထား ရတယ်။ ဆေးကြောင့် အန္တရာယ်ဖြစ်တာ က မရှိသလောက်ပဲ။ မျက်လုံးနောက် ခန်းထဲကို အပ်နဲ့ ထိုးတဲ့အချိန်မှာလှုပ် လိုက်မိရင် ဆေးထိုးရမယ့်နေရာကို တန်းတန်းမတ်မတ်ဝင်သွားတာမျိုးမ ဟုတ်ဘဲနဲ့ ဘေးနားမှာရှိတဲ့ အသားလွှာ ကို ထိတာ၊ မြင်လွှာကိုထိတာ စသဖြင့် မျိုးစုံ ဖြစ်နိုင်တယ်။

ဖြည့်စွက် အကြံပြုလိုတာများရှိရင် ပြောကြား ပေးပါ ဆရာ။
ဒါကြောင့် ဆီးချိုသွေးချိုဟာ နာတာ ရှည် ရောဂါတစ်ခုဖြစ်တယ်၊ ဆီးချိုကို တစ်သက်လုံးကုရမယ်၊ ဆီးချိုကြောင့် မျက်စိထိထားပြီးရင်လည်း အတိုင်း အတာတစ်ခုအထိ ကုထားပြီးပြီဆိုရင် တောင် ဆက်ပြီး စောင့်ကြည့်နေရမယ်၊ ဆီးချိုမျက်လုံးသမားတွေက နှစ်ခါ သုံးခါ ခွဲရတာတွေ ဖြစ်နိုင်တယ်၊ ပြီးသွားတယ် ဆိုတာ မရှိပါဘူး၊ အမြဲတမ်းစစ်ဆေးနေ ဖို့ လိုပါတယ်။ ဆီးချိုရောဂါကြောင့် မျက် စိရောဂါ ဖြစ်တာတွေကနေ ကင်းဝေးကြ ပါစေ။

ပါမောက္ခဒေါက်တာ ဦးစန်းမြင့်
(မျက်စိအထူးကုပါရဂူ)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *