ဆီးချိုရောဂါနှင့်ခြေထောက်ပြဿနာ

ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုနဲ့ ဆက် နွှယ်ပြီး ဖြစ်ပေါ်လာတတ်တဲ့ ရောဂါတွေ ထဲမှာတော့ ဆီးချိုရောဂါဟာ လူသိ များတဲ့ ရောဂါတစ်ခုပါပဲ။ ငယ်စဉ်က တည်းက အင်ဆူလင်ထုတ်လုပ်မှု နည်း ပါးတာကြောင့် ခံစားရတဲ့ ဆီးချိုရောဂါရှိ သလိုမျိုး အသက်ကြီးမှ ဖြစ်ရသည့် ဆီးချိုရောဂါများလည်း ရှိကြသည်။ အဲဒီလိုမျိုး ဆီးချိုရောဂါကို ခံစားနေရ သူတွေရဲ့ သွေးထဲမှာ သကြားဓာတ်ဟာ အချိန်အကြာကြီး မြင့်တက်နေတတ်ပြီး တော့ ဆိုးရွားတဲ့ နောက်ဆက်တွဲဖြစ်ပေါ် လာစေပါတယ်။ အထူးသိသာတာ ကတော့ ခြေထောက်နဲ့ ပတ်သက်တဲ့ ပြဿနာတွေပါပဲ။ ဆီးချိုနဲ့ ဆက်စပ်ပြီး ဖြစ်လာမယ့် ကျန်းမာရေး အခြေအနေ တွေက ပုံစံ ၂ မျိုး ဆက်စပ်နေပါတယ်။ ဆီးချိုကြောင့် အာရုံကြောများ ပျက်စီး တာ၊ ခြေလက်တွေမှာရှိတဲ့ သွေးကြော တွေမှာ ထိခိုက်မှုဖြစ်တာလိုမျိုး အခြေ အနေတွေ ဝင်လာတတ်ပါတယ်။

What is diabetic neuropathy?

ဆီးချိုရောဂါကို မထိန်းချုပ်နိုင်တဲ့ အခါမှာ သူတို့ရဲ့ အာရုံကြောတွေဟာ ပျက်စီးကုန်တတ်ကြပါတယ်။ တကယ်လို့ ခြေထောက်၊ လက်ထောက်မှာရှိတဲ့ သွေး ကြောတွေ ပျက်စီးကုန်တဲ့အခါမှာ ပူတာ၊ အေးတာ၊ နာကျင်တာတွေကို ခံစား သိနိုင်စွမ်း မရှိတော့ပါဘူး။ အဲ့ဒီလို အာရုံခံစားနိုင်မှုကင်းမဲ့သွားတာကို Sensory diabetic neuropathy လို့ ခေါ်ကြပါ တယ်။ အဲ့ဒီလို အခြေအနေတွေကြောင့် ခြေထောက်ဟာ ထိခိုက်မှုတွေ၊ နာကျင်မှု တွေကို အာရုံခံစားနိုင်စွမ်းမရှိတော့တဲ့ အချိန်မှာ ရှနာသေးသေးလေးဟာ ပိုပြီး တော့ ဆိုးရွားလာပြီး ကူးစက်ရောဂါ တွေကို ခံစားလာရစေပါတယ်။

ကြွက်သားတွေ အလုပ်လုပ်အောင် လှုံ့ဆော်ပေးနိုင်တဲ့ အာရုံကြောတွေ ပျက်စီးကုန်တာကြောင့် ခြေထောက်မှာ ရှိတဲ့ ကြွက်သွားတွေဟာလည်း ကောင်း ကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ အဲဒီလို အခြေအနေတွေကြောင့် ခြေ ထောက်ကို ဟန်ချက်ညီညီထိန်းဖို့ခက်ခဲ လာပြီး ခြေထောက်တစ်ဖက်ဖက်ကို ပိုပြီးတော့ အားပြုလာစေပါတယ်။ လေ့လာမှုတွေအရတော့ ဆီးချိုရောဂါရှိ တဲ့သူတွေထဲက ၁၀ ရာခိုင်နှုန်းလောက် ဟာ ခြေထောက်မှာ အနာဖြစ်တတ်ကြ ပါတယ်။ အဲ့ဒီလို ခြေထောက်မှာ အနာ ဖြစ်ရတာဟာ အာရုံကြောတွေ ပျက်စီး တာ၊ သွေးကြောနဲ့ပတ်သက်တဲ့ရောဂါ တွေ Peripheral vascular disease  ကြောင့်ပါပဲ။

Peripheral vascular diseaseန ဆိုတာ ဘာလဲ။
ဆီးချိုရောဂါကို ခံစားနေရတဲ့အချိန် မှာ သွေးထဲမှာ သကြားဓာတ်တွေ မြင့် တက်မှုကြောင့် သွေးကြောတွေမှာ သွေး စီးဆင်းမှုက ပြောင်းလဲသွားပါတယ်။ အဲဒီလို ခြေလက်တွေကို သွေးစီးဆင်းမှု နည်းတာကို Peripheral vascular disease လို့ခေါ်ကြပါတယ်။ အလွယ်ကူ ဆုံးပြောရရင် သူဟာ သွေးစီးဆင်းမှုနဲ့ ပတ်သက်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး နှလုံးရဲ့အဝေးက သွေးကြောတွေမှာ ဖြစ် တတ်ပါတယ်။ Peripheral vascular diseaseန ကြောင့် လက်တွေ ခြေထောက် တွေကို သွေးကောင်းကောင်း မစီးနိုင် တော့ပါဘူး။ လုံလောက်တဲ့ သွေးစီးဆင်း မှုသာမရှိတာကြောင့် အနာတွေ ကျက် အောင်လုပ်ပေးတဲ့နေရာမှာ ခက်ခဲလာ စေပြီး အနာတွေ၊ ခြေလက်ပုပ်ဆွေးတာ တွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအချိန် မှာ သွေးစီးဆင်းမှုကလည်း နည်းသွား တာကြောင့် ကူးစက်ရောဂါပိုးသာ ဝင်ခဲ့ မယ်ဆိုရင် အနာကျက်တာက နည်းသွား ပါလိမ့်မယ်။ အဲ့ဒီကနေ တစ်သျှူးတွေ ပုပ်သွားပြီး ခြေလက်ပုပ်ဆွေးနာတွေကို ဖြစ်စေပါလိမ့်မယ်။
ဒါကြောင့် လူတစ်ယောက်ဟာ ဆီးချိုရောဂါကို ခြေရာခံမိတဲ့အချိန်မှာ သူ့ဆီမှာ အနာတရ မဖြစ်ဖို့ကို အတော့်ကို ဂရုစိုက်ရပါတယ်။ အထူးသဖြင့် ခြေ ထောက်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ တွေကို ဆိုးဆိုးရွားရွားခံစားရဖို့ အခွင့် အလမ်းတွေ ပိုများနေတတ်ပါတယ်။ ခြေထောက်တွေဆီမှာ အနာမရအောင် ကာကွယ်ဖို့ လိုပါတယ်။ အဲဒီလို ကာ ကွယ်နိုင်ဖို့အတွက်ဆိုရင် ဆီးချိုရောဂါရှိ တဲ့သူတွေမှာ အဖြစ်များတဲ့ ခြေထောက်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို လေ့လာ ထားရပါလိမ့်မယ်။

(က) Athlete’s foot

Athlete’s foot ဆိုတာဟာ မှိုစွဲတဲ့ အခြေအနေတစ်ခုဖြစ်ပြီး သူ့ကြောင့် ယားယံတာ၊ နီမြန်းတာ၊ ခြေထောက်ကွဲ တာတွေကို ခံစားရစေပါတယ်။ အဲ့ဒီလို ကွဲသွားတဲ့နေရာကနေ ပိုးကောင်တွေဟာ အရေပြားထဲကို ဝင်ရောက်လာပြီး ကူး စက်ရောဂါတွေကို ခံစားရစေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိတဲ့သူတွေ အနေနဲ့ ခြေထောက်မှာ မှိုစွဲတာလိုမျိုး လက္ခဏာတွေကို ပြလာတဲ့အချိန်မှာ မှိုသတ်ဆေးတွေကို ဝယ်ယူသုံးစွဲရပြီး ဖြစ်တဲ့နေရာမှာ ချက်ချင်းလိမ်းသင့်ပါ တယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဆီးချို ရောဂါသမားတွေဟာ မှိုစွဲတယ်လို့ ထင် ရတဲ့ လက္ခဏာတွေကို မြင်တာနဲ့ သက် ဆိုင်ရာဆရာဝန်ကို မေးမြန်းစုံစမ်း သင့်ပါတယ်။

(ခ) Fungal nail infection
မှိုစွဲနေတဲ့ ခြေသည်းတွေဟာ အညို ရောင်တွေ၊ အရောင်ရင့်ရင့်ပြောင်းနေ တတ်သလို မာပြီးတော့ ကြွပ်ဆတ်နေ တတ်ပါတယ်။ သူတို့ဟာ အလွယ်တကူ ကျိုးနိုင်ပြီး တခြားခြေသည်းတွေနဲ့ အတော့်ကို ကွာခြားနေတတ်ပါတယ်။ တချို့ ခြေသည်းတွေကတော့ သိသိသာ သာကို တွန့်လိပ်နေတတ်ပါတယ်။ မှိုတွေ ဟာ ရှူးဖိနပ်တွေရဲ့အတွင်းပိုင်း အလင်း ရောင်မရှိတဲ့ ပူနွေးစိုစွတ်တဲ့နေရာတွေမှာ ရှင်သန်ပေါက်ဖွားနိုင်ကြပါတယ်။ ကျိုး သွားတဲ့ ခြေသည်း၊ လက်သည်းတွေကနေ မှိုပြန်စွဲဖို့လည်း အခွင့်အလမ်းတွေ ပိုများ သွားပါတယ်။ အဲ့ဒီလိုမျိုး ခြေသည်းလက် သည်းတွေမှာ မှိုစွဲသွားပြီဆိုရင် ကုသရ တာကခက်ပါတယ်။ သူတို့ကို ဖယ်ရှား နိုင်ဖို့အတွက် လိမ်းဆေးတွေကို ဝယ်ယူ အသုံးပြုနိုင်ပေမယ့် သောက်ဆေးအနေ နဲ့ အသုံးပြုတာက ပိုပြီးတော့ ထိရောက်မှု ရှိတာကြောင့် သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီးတော့ ဆေးတွေကို အသုံးပြုသင့်ပါတယ်။ လိုအပ်မယ်ဆိုရင် တော့ ပျက်စီးသွားတဲ့ ခြေသည်းလက် သည်း တစ်သျှူးတွေကို သေသေချာချာ ဖယ်ထုတ်ပေးနိုင်ပါတယ်။

(ဂ) Calluses
Calluses ကတော့ အရေပြားတွေ မာလာတာဖြစ်ပြီး များသောအားဖြင့်တော့ ခြေဖဝါးတွေမှာ ဖြစ်တတ်ပါတယ်။ ခန္ဓာ ကိုယ်အလေးချိန်မညီမျှမှုတွေ၊ ခြေဖဝါး မှာရှိတဲ့ အရေပြားတွေရဲ့ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ၊ မိမိခြေထောက်နဲ့ မတော်တဲ့ ဖိနပ်စီးတာတွေကြောင့် ခြေ ဖနောင့်၊ ခြေဖဝါးတွေမှာ အရေပြားတွေ က မာလာပါတယ်။ အဲ့ဒီလို Calluses တွေဟာ ပုံမှန်အနေအထားမှာတောင်မှ ဖြစ်တတ်တာကြောင့် သိပ်ပြီးတော့ စိုးရိမ်စရာ မရှိဘူး။ ဒါပေမဲ့ လူတစ် ယောက်မှာCalluses ရှိနေတယ်ဆိုရင် တော့
– ရေချိုးတဲ့အချိန်မှာ သူတို့ကို ဖယ် ပစ်ဖို့အတွက် ကြေးတွန်းကျောက်နဲ့ ငြင် သာစွာ ပွတ်တိုက်ပေးရပါလိမ့်မယ်။
– ရှူးဖိနပ်စီးတဲ့အခါမှာ ushioned pads and insoles တို့ကို အသုံးပြုပါ။
– မာနေတဲ့ အရေပြားတွေကို ပျော့ ပြောင်းသွားစေဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးဝါးများကို အသုံးပြုနိုင် ပါတယ်။
– အချွန်၊ ဓားတွေကိုသုံးပြီးတော့ အသားတွေကိ ဖြတ်တာ၊ လှီးထုတ် တာမျိုးကို မပြုလုပ်သင့်ပါဘူး။

(ဃ) Corns
Corns ဆိုတာဟာ ခြေချောင်းတွေ အနား၊ ခြေချောင်းတွေကြားမှာ ဖြစ် ပေါ်တတ်တဲ့ အသားမာပါပဲ။ အဲ့ဒီနေရာ က အသားမာတွေဟာ ခြေချောင်းတွေနဲ့ ပွတ်တိုက်မိတဲ့ ရှူးဖိနပ်ရဲ့ ဖိအားတွေ၊ ခြေချောင်းတွေကြားမှာ ဖြစ်ပေါ်လာတဲ့ ပွတ်တိုက်မှုတွေကြောင့် ဖြစ်ပေါ်လာတာ ပါ။ အဲဒီလိုမျိုး အသားမာဖုလေးတွေ ရှိတဲ့သူတွေဟာ အသားမာတွေပျောက် အောင် လိမ်းဆေးလိမ်းတာမျိုးကို မလုပ် သင့်သလို ချွန်ထက်တဲ့ အရာတွေနဲ့လည်း မထိုးမွှသင့်ပါဘူး။

(င) အရည်ကြည်ဖု
ရှူးဖိနပ်၊ ခြေညှပ်ဖိနပ်တွေရဲ့ ပွတ်တိုက်မှုတွေကနေ အရည်ကြည်ဖု တွေ ထွက်ပေါ်လာပါတယ်။ မိမိရဲ့ ခြေ ထောက်နဲ့ အံ့ဝင်ခွင်ကျ မဖြစ်တဲ့ ဖိနပ် ဝတ်တာ၊ ရှူးဖိနပ်ကို ခြေအိတ်မပါဘဲနဲ့ ဝတ်ဆင်တာတွေကြောင့် အရည်ကြည်ဖု တွေ ထွက်လာပြီး သူတို့ကနေ ကူးစက် ရောဂါတွေ ကိုဝင်ရောက်လာစေပါတယ်။ အဲ့ဒီအရည်ကြည်ဖုတွေကို ကုသတဲ့ နေရာမှာ သူတို့ကို မဖောက်မိဖို့ သတိ ထားရပါတယ်။ ပိုးသတ်ဆေးပါဝင်တဲ့ လိမ်းဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်ပြီး နောက်ထပ် ပိုးဝင်ရောက်တာကို ကာ ကွယ်ဖို့ နူးညံ့ပြီး သန့်ရှင်းတဲ့ ပတ်တီး၊ ဂွမ်းစတာတွေကို အသုံးပြုပေးဖို့ လိုအပ် ပါတယ်။

(စ) အရေပြားများ ခြောက်လာခြင်း
ခြောက်သွေ့တဲ့ အရေပြားဟာ ကွဲ နိုင်ပြီး ပိုးကောင်တွေကို အတွင်းပိုင်းကို ရောက်ရှိစေပါတယ်။ အရေပြားစွတ်စိုမှု ကို ထိန်းထားနိုင်တဲ့ ဆပ်ပြာတွေ၊ လိုး ရှင်းတွေကို အသုံးပြုသင့်ပါတယ်။

(ဆ) ခြေချောင်းများကုပ်လာခြင်း
အားပျော့သွားတဲ့ ကြွက်သားတွေ ကြောင့် ခြေမကုပ်တာ hammertoe တွေ ဖြစ်လာပါတယ်။ ပျော့သွားတဲ့ တစ် သျှူးတွေကြောင့် အရိုးနဲ့ ကြွက်သား တွေကို တွယ်ဆက်ထားတဲ့ အရွတ်တွေ ဟာ အားပျော့လာပြီး ခြေချောင်းလေး တွေဟာ ကုပ်သွားပါတယ်။ အဲ့ဒီလို ခြေ မကုပ်တာမျိုးဟာ မိသားစု မျိုးရိုးနဲ့လည်း ဆက်စပ်နေပါတယ်။ အဲဒီလို ခြေမကုပ် တာဟာ မတော်တဲ့ ရှူးဖိနပ်တွေကို စီးတာနဲ့လည်း ဆက်စပ်နေပါတယ်။ အဲဒီ ခြေချောင်းတွေဟာ လမ်းလျှောက်တဲ့ နေရာမှာ အခက်အခဲဖြစ်စေပြီး ခြေ ထောက်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်လာစေပါတယ်။ အရည်ကြည်ဖုပေါက်တာ၊ ခြေဖဝါးတွေ မာလာတာ၊ နာကျင်တာတွေ ဖြစ်လာ ပါတယ်။ အဲ့ဒီလို အခြေအနေတွေအတွက် ကျပ်စည်းပေးတာတွေ၊ သင့်တော်မယ့် ဖိနပ်ရွေးချယ်ပေးသင့်ပါတယ်။ တချို့ ဆိုးရွားသွားတဲ့ သူတွေမှာတော့ ကောက် သွားတဲ့ ခြေမတွေကို ပြန်ပြီးတော့ ဆန့် လာစေဖို့ ခွဲစိတ်မှုတွေ ပြလုပ်ပေးရပါ တယ်။

(ဇ) ခြေစွယ်ငုပ်ခြင်း (Ingrown toenails)

Ingrown toenails ကို ခံစား နေရတဲ့အချိန်မှာ ခြေသည်းတွေရဲ့ အစွန်းဘက်တွေဟာ အရေပြားထဲကို ကုပ်ဝင်ရှည်လာပြီး နီရဲရောင်ရမ်းကာ နာကျင်လာခြင်း၊ ကူးစက်ပိုးဝင်ခြင်းတို့ ဆက်ဖြစ်လာပါတယ်။ သူတို့ဟာ ခြေ သည်းတစ်လျှောက် ဖိအားဖြစ်စေပြီး နာကျင်မှုတွေကို ခံစားရတတ်ပါတယ်။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းအရာတွေ ထဲမှာ ရှူးဖိနပ်ရဲ့ ဖိအားတွေလည်း ပါဝင် ပါတယ်။ ခြေသည်းညှပ်ချိန်မှာ လှအောင် ဝိုက်ပြီး ညှပ်တာကြောင့်ပိုလာနိုင်သလို ပြေးခြင်း၊ ရေကူးခြင်း၊ ကိုယ်လက်လှုပ် ရှားမှု ပြုလုပ်ခြင်းတို့လိုမျိုး နေ့စဉ် ပြုလုပ်နေကျ အလုပ်များကြောင့်လည်း ပိုပြီတော့ နာကျင်လာတတ်ပါတယ်။ ဒါကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်း ကတော့ ခြေသည်းညှပ်တဲ့နေရာမှာ သတိထားဖို့ပါပဲ။ အစစအရာရာ ဂရုစိုက် နေပေမယ့် နာကျင်မှုက ပိုဆိုးလာတယ်၊ သက်သာမှုမရှိဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး အဲ့ဒီခြေသည်းကို ဖယ်ထုတ်ပစ် ရပါမယ်။
ဆီးချိုရောဂါခံစားနေရတဲ့သူတွေ ဟာ ခြေထောက်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို မလွဲမသွေ ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ခြေထောက်ကိုသေသေချာ ချာ ဂရုစိုက်တဲ့အခါမှာ ပြဿနာဖြစ်နိုင် ချေ နည်းသွားသလို အခြေအနေဆိုးဆိုး ရွားရွား ဖြစ်မလာခင်မှာပဲ ကြိုတင်ကာ ကွယ်လိုက်နိုင်ပါတယ်။

နှင်းနုလွင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *