“ဆီးချိုသွေးချိုရောဂါဆိုတာ…ပါမောက္ခဒေါက်တာခင်စောသန်းနဲ့တွေ့ဆုံခြင်း (၃)”

ဆီးချိုရောဂါရှိပြီဆိုတာ ဘယ်လိုသိနိုင် မလဲ။
ဆရာမတို့လည်းပညာပေးတာတွေ လုပ်လာကြတော့ တီဗွီမှာလည်း တွေ့မယ်ထင်ပါတယ်။ ပညာပေးတယ်ဆိုတာ စောစောကပြောသလို အကြောင်းမရှိပဲ ပိန်လာတယ်၊ မောပန်းလွယ်တယ်၊ နှုန်းတယ်၊ ဆီးခဏခဏသွားတယ်၊ အာခြောက်တယ် ဆိုလို့ရှိရင် လူတွေက နည်းနည်း လေးတော့ သတိထားပြီး လာစစ်ကြတာရှိတယ်။ နောက်တခါကျတော့High Risk person ပေါ့။High Risk person ဆိုတာ မျိုးရိုးထဲမှာ အဖေ၊ အမေဆီးချိုရှိရင်၊ ကိုယ့်ညီအစ်ကို မောင်နှမထဲမှာ ဆီးချိုရှိရင် အဲလိုလူမျိုးတွေက ပိုဖြစ်ဖို့ များတယ်။ နောက်တခါကျတော့ အဝလွန် တဲ့သူတွေပေါ့။ သူတို့တွေကလည်း စစ်သင့်တယ်။ သွေးတိုးနဲ့ ဆီးချိုဆိုတာ နှီးနွယ်နေတဲ့ရောဂါတွေဖြစ်တော့ သွေးတိုးရှိရင် စစ်မယ်။

အမျိုးသမီးတွေ ကိုယ်ဝန်ရှိရင် ကိုယ်ဝန်ဆောင်စဉ်ကာလ တုန်းကLarge Baby ခေါ်မှာပေါ့။ ကလေး ကိုးပေါင်ကျော်တွေ၊ အရမ်းထွား တဲ့ကလေးတွေ မွေးထားဖူးမယ်၊ အရင် ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ကိုယ်ဝန် ဆောင် ဆီးချိုရောဂါဖြစ်ထားဖူးတဲ့သူ တွေက နောင်တချိန်မှာ ဆီးချိုအဖြစ်ကို ပြောင်းလာနိုင်တယ်။ ဒါမျိုးတွေ ဖြစ်ထားဖူးတဲ့သူတွေက ဆီးချိုကို သတိ ထားပြီးစစ်သင့်တယ်။ တကယ်လို့မရှိဘူး ဆိုရင်တောင်မှ သူတို့ဟာ သုံးနှစ်တစ်ခါ စစ်သွားရမယ်။ ဆရာမစောနပြောတဲ့ Pre-Diabetes ဆိုတဲ့ မစားခင် စစ်တာရယ်၊ ဂလူးဂိုစ့်သောက်ပြီး ၂ နာရီအကြာမှာစစ်တာရယ် ထဲမှာ ဆီးချိုဖြစ်ဖို့ အလားလာရှိတဲ့သူတွေက တစ်နှစ်တစ်ခါ မှန်မှန်စစ်ဖို့ကောင်းတယ်။ ကအသက် ၄၅ နှစ်ကျော်သူတိုင်း ဆီးချိုရှိ၊ မရှိစစ်သင့်တယ်။

ဘာလို့လဲဆိုတော့ စောစောစီးစီးသိရင် ရောဂါမဖြစ်င်သိရင် Cause-effective ပေါ့။ အကျိုးရှိရဲ့လား ပေါ့။ လူတိုင်း၊ လူတိုင်းကို စစ်ဖို့ပြောတာ မဟုတ်ဘူး။ ခုနပြောတဲံ့High Risk person တွေက စစ်သင့်တယ်။ စောစောစီးစီး ဆီးချိုကို ရှာတွေ့လိုက်ခြင်းက မသိလိုက် ဘဲသွားရင် သူ့မှာ နောက်ဆက်တွဲရောဂါ တွေက ဝင်ပြီးသားဖြစ်လိမ့်မယ်။သိတဲ့အချိန်မှာ နောက်ကျသွားပြီ။ တကယ်လို့ဘာမှ မဝင်သေးရင်တောင်မှ ဆီးချိုရောဂါကိ စောစောစီးထဲက သေချာထိထိရောက်ရောက် ကုသလိုက်ခြင်းသည် သွေးချိုပမာဏကို ထိန်းလိုက်နိုင်တယ်။ စောစောစီးစီး အချိန်မီထိန်းနိုင်တယ်ဆိုရင် နောက်တချိန်မှာ ပြန်လိုက်ကြည့်ရင် အဲလိုလူတွေက စောစောစီးစီးထဲက သေချာမကုဘဲ ပေါ့ပေါ့ဆဆထား လိုက်တဲ့သူတွေနဲ့ယှဉ်ရင် သူတို့တွေက နောက်ဆက်တွဲရောဂါတွေလည်း နည်းတယ်။ အသက်ပိုပြီး ရှည်ရှည်နေနိုင် တယ်။ အဲ့ခါကျတော့ စောစောစီးသိရှိတာဟာ အကျိုးရှိတယ်ဆိုတာကြောင့် ရှာဖွေ သင့်ပါတယ်။

 

ဆီးချိုရောဂါဟာ မျိုးရိုးလိုက်တတ်ပါလား။
ပျောက်အောင်ကုသလို့ ရပါသလား။ ဘယ်လိုကုသရပါလဲ။
ဆီးချိုရောဂါက အမှန်တိုင်းပြောရရင် ပျောက်အောင်တော့ ကုလို့မရဘူး။ ထိန်းထားလို့ရတယ်။ ဒီသွေးထဲမှာရှိတဲ့ အချိုပမာဏကို မစားခင်ဆိုရင် ဘယ်လောက်ထားမယ်၊ American Diabetes Association ရဲ့ Guideline အတိုင်းဆိုရင် မစားခင်မှာ ၉၀ နဲ့ ၁၃၀ ကြား၊ စားပြီးပြီဆိုရင် အစားစားပြီ ၂ နာရီမှာ ၁၈၀ အောက် ထားမယ်။ Haemoglobin A1c ဆိုရင် ၆ ဒသမ ၅ ပေါ့။ အဲလို Target တွေရှိတယ်။ သွေးချိုကိုလည်း သတ်မှတ်နှုန်းထား ဒါကလည်း သူ့မှာ အသက်အရွယ်ကြီးနေလား၊ နောက်ဆက်တွဲရောဂါတွေ ဝင်နေလား ကျောက်ကပ်တွေ၊ နှလုံးတွေ ထိနေလား၊ သွေးချိုတွေ မကြာခဏကျတတ်လား ဒါတွေအားလုံးကို မူတည်ပြီး ဆုံးဖြတ်တယ်။

သတ်မှတ်တဲ့ သွေးတွင်းသကြားပမာဏကလည်း တစ်ယောက်နဲ့ တစ်ယောက်ကွာသွားတာပေါ့။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုလည်းသိပ်မတက်ဘူးဆိုရင် ဆရာမတို့က အရမ်းမချဘူး။ သေသေချာချာ Control လုပ်တယ်။ ရည်မှန်းထားတဲ့ သွေးချိုပမာဏကိုလည်း ထိန်းထားမယ်။ ဆီးချိုရောဂါက အချိုဓာတ် တစ်ခုတည်းမဟုတ်ဘူး။ သွေးချိုကျဆေးလေးသောက်လိုက်ရုံနဲ့ မပြီးသွားဘူး။ကိုယ့်မှာ တခြားနောကဆက်တွဲထိခိုက်နိုင်တာရှိရင် သွေးပေါင်ကိုလညာ်းTarget တစ်ခုနဲ့ ထိန်းထားမယ်။ သွေးတွင်း အဆီဓာတ်ကိုလည်း အဲလိုထိန်းထားမယ်။ ဆိုရင် စောကပြောတဲ့ နောက်ဆက်တွဲတွေ မဖြစ် လာဘူး။ အသက်ရှည်ရှည်နဲ့ တခြား ဆီးချိုမရှိတဲ့သူတွေနည်းတူ သက်တမ်းစေ့နေနိုင်တယ်။

အဲဒါကြောင့် ထိန်းဖို့လိုတယ်။ ကုလို့မပျောက်ဘူးဆို ပေမယ့်ဆရာမတို့က ထိန်းထားနိုင်တယ်။ ကိုယ့်ရဲ့ ဘဝကို ဆီးချိုမရှိတဲ့သူတွေ နည်းတူ နေလို့ရအောင် ထိန်းလို့ရတယ်။ တချို့တွေက ကုလို့မပျောက်ဘူးလို့ ဆိုရင် စိတ်ဓာတ်ကျသွားပြီးတော့ ဆီးချို အမြစ်ပြတ်တယ်ဆိုတဲ့ ဆေးတွေကို လမ်းလွဲပြီး ရောက်သွားတတ်တယ်။ တကယ်က ဆီးချိုက အမြစ်မပြတ်ဘူး။ ဒါပေမယ့် ဖြစ်ကာစလေးမှာတော့ အစား သောက်တွေ ထိန်းလိုက်တယ်ဆိုရင် သူ့မှာ ရှိတဲ့ Stress တွေလျော့သွားတဲ့ အချိန်မှာတော့ ဆီးချိန်ကငြိမ်သွားတယ်။ ဒါ့ပေမယ့် တချိန်မှာတော့ ဆီးချို ပြန်ဖြစ် လာနိုင်သေးတယ်။ဆိုတော့ အမြဲစောင့်ကြည့်ဖို့တော့ လိုပါတယ်။

 

ဆီးချိုရောဂါကို မကုဘဲနေရင် ဘာတွေ ဖြစ်လာနိုင်ပါလဲ။
ကုရင်လည်း စောစောကပြောသလို ကောင်းကျိုးတွေ ခံစားရသလို မကုဘဲ ထားလိုက်ရင်လည်း ပြသနာက သွေးချို လက္ခဏာက လူတိုင်းတော့ မဖြစ်ဘူး။ သွေးချိုက နှစ်ရာ၊ သုံးရာဖြစ်ပေမယ့် ဘာမှ ဝေဒနာမခံစားရတာတွေရှိတယ်။ ဆီးချို ရှိလို့ရှိမှန်းတောင် မသိတဲ့သူတွေ လည်း အများကြီးပဲ။ အဲလို သွေးချိုတက် နေပေမယ့်လည်း အဲလို ဝေဒနာတစ်ခုခု ပေါ့။ နာမယ်၊ ကျင်မယ် တစ်ခုခုပေါ့ မခံစားရင် လူ့ရဲ့သဘာဝအရ တက်နေ ပေမယ့်လည်း သိပ်ဂရုမစိုက်တော့ဘူး။ ဆရာဝန်က မှန်မှန်လာပြ၊ ဆေးမှန်မှန် သောက်လို့ ဘယ်လိုပဲပြောပြော အစား ကရှောင်ရမယ် ပြောပေမယ့် ဆိုးကျိုးကြီး ကို လက်ငင်းမခံစားရတော့ ပေါ့ဆမိတတ် တယ်။

အဲလိုမထိန်းဘဲထားလိုက်ရင် သွေးထဲမှာ အချိုရည်ဓာတ်တွေ သက်မှတ်ထားတဲ့ပမာဏထက်များနေ Glucotoxicity ခေါ်တယ်။ အချိုဓာတ် တွေက လူ့ကိုယ်ခနာထဲမှာ မုန့်ချိုအိတ် ကိုလည်း ဖျတ်ဆီးတယ်။ အဲလိုတင်မက ဘဲ သွေးကြောထဲမှာရှိတဲ့ ပရိုတင်းလေး တွေကိုသွားပြီး အချိုဓာတ်တွေက ကပ်တဲ့ အတွက် သွေးကြောနံရံမှာထူထဲပြီး သွေး ကြောပိတ်တဲ့ရောဂါတွေ ဖြစ်လာနိုင် တယ်။ ကလီစာတွေ၊ ဆဲလ်တွေကို ဓာတ်တိုးစေပြီး ဆဲလ်တွေရဲ့ င်္ကညအငသည ကိုပျက်စီးစေတယ်။

ဆီးချိုက မထိခိုက် တဲ့အင်္ဂါ မရှိသလောက်ပဲ။ သူ့ကြောင့်မို့ နှစ်မျိုးခွဲထားတယ်။Macrovascular နဲ့ Microvascular ပေါ့။ သွေးကြောအကြီးတွေနဲ့ သွေးကြောသေးသေး လေးတွေ ဆံခြည်မျှင်သွေးကြောလေး တွေကို ထိခိုက်စေတာရယ်ဆိုပြီး အဓိက ခွဲတယ်ပေါ့။ ဘာတွေ သွားထိမလဲဆို တော့ အဓိကတော့ နှလုံးသွေးကြောကျဉ်း ရောဂါပေါ့။ ဆီးချိုသမားတစ်ယောက်ဟာ ဒါဖြစ်ဖို့ chance အရမ်းများတယ်။

လေဖြတ်နိုင်တယ်၊ ခြေထောက်မှာသွားတဲ့ သွေးကြောတွေ ပိတ်နိုင်တယ်။ ခြေ ထောက်တွေ ပုပ်သွားနိုင်တယ်။ နောက်ခါ ကျတော့ အာရုံကြောလေးတွေ သွားထိ ခိုက်ပြီး ထုံတာ၊ ကျဉ်တာ၊ မသိတာတွေ ဖြစ်နိုင်တယ်။ မျက်စိမှာလည်း အမြင်လွှာကို သွားထိခိုက်ပြီးတော့ မျက်စိကွယ်တဲ့အထိ ဒုက္ခပေးနိုင်တယ်။ နောက်ခါကျတော့ ကျောက်ကပ်တွေပျက်စီးနိုင်တယ်။ ကျောက်ကပ်ပျက်စီးတဲ့အတွက် ကျောက်ကပ်ဆေးတာတွေ လုပ်တဲ့အထိ ဖြစ်သွား နိုင်တယ်။

ဒါတင်မကဘူး။ ဆီးချိုသမား တွေက အဆစ်နာတာ၊ ရောင်တာတို့၊ ကျီးပေါင်းတို့ ပိုဖြစ်နိုင်တယ်။ အရေပြား မှာဆိုလည်း အနာတွေ ဖြစ်တတ်တယ်။ ဂရုမစိုက်မိရင် အဆိုးဆုံးဖြစ်တတ်တာ ကတော့ Neglected Area ဖြစ်နေတာ။ Diabetic Foot ဆိုတာပါ။ စောစောက ထုံတာ၊ ကျဉ်တာကြောင့် တစ်ကြောင်း၊ သွေးကြောကျဉ်းတာကတကြောင်း သူက အနာဖြစ်လို့ဖြစ်မှန်းမသိ၊ ထိခိုက်မိ လို့ ထိမှန်းမသိဘဲ အနာဖြစ်လာမယ်။ အဲဒီသေးသေးလေးကနေပဲ ဆီးချိုသမား တွေက ခုခံအားမကောင်းတဲ့အတွက် ကြောင့်မို့ ပိုးဝင်လာပြီး အနာသေးသေး လေးကနေ အကြီးကြီး၊ အများကြီး နောက်ဆုံး ခြေထောက်ဖြတ်တဲ့အထိ ဖြစ် သွားနိုင်တယ်။ ဒါကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ များတယ်လို့ပြောရမယ်။

 

ဆက်လက်ဖော်ပြပါမည်။

ဗုဒဟူးနေ့ထုတ် Good Health Journal မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *