ဆီးချိုသွေးချိုရောဂါကြောင့်အရေပြားပြဿနာတွေ မဖြစ်ပွားစေရန်

ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ အာရုံကြောပြဿနာတွေ၊ တခြားခန္ဓာကိုယ် အစိတ် အပိုင်းမှာ ထိခိုက်တာတွေအပြင် အရေပြားပြဿနာတွေလည်း ဖြစ်ပွားတတ်ပါတယ်။

အစိုဓာတ် ဖြည့်ပေးပါ
ပုံမှန် အစိုဓာတ် ဖြည့်ပေးပါက အ ရေပြားခြောက်သွေ့မှု မဖြစ်အောင် ကာ ကွယ်နိုင်ပါတယ်။ အထူးသဖြင့် ခြေ ထောက်၊ လက်မောင်း၊ နောက်ကျော၊ ဝမ်းဗိုက်နေရာတွေက ခြောက်သွေ့တတ် တာကြောင့် အစိုဓာတ် ဖြည့်ပေးတာကို မဖြစ်မနေ လုပ်ဆောင်ဖို့လိုပါတယ်။ ဆီး ချိုသွေးချိုရှိသူတွေအတွက် သီးသန့် ထုတ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို ရွေးဝယ်ပြီး လိမ်းမယ်ဆိုရင် ပိုပြီးသင့် တော်ပါတယ်။
အရေပြားကို သန့်စင်ပြီး ခြောက် သွေ့ အောင် ထားပါ
အရေပြား စိုစွတ်ပြီး အလင်းရောင် နည်းနိုင်တဲ့ နေရာတွေဖြစ်တဲ့ ချိုင်းကြား၊ ရင်သားအောက်ဘက်၊ ပေါင်ခြံ၊ ခြေ ချောင်းကြား စတဲ့နေရာတွေက မှိုပိုးတွေ တွယ်နိုင်ခြေ များပါတယ်။ ဒါကြောင့် ရေ ချိုးတဲ့အခါ အဲဒီနေရာတွေကို သေချာစွာ သန့်စင်ပါ။ ပြီးတဲ့အခါ တဘက်နဲ့ခြောက် သွေ့အောင် ရေသုတ်ဖို့လိုပါတယ်။

ရာသီဥတု အပူ၊ အအေးကို ဂရုပြုပါ
အေးတဲ့ရာသီဥတုမှာ လေအေး တွေတိုက်ခတ်တာကြောင့် အရေပြား တွေ အလွယ်တကူ ခြောက်သွေ့လွယ် စေပါတယ်။ နှုတ်ခမ်းဆိုးဆေးအဆီ ဆိုး ပေးတာက နှုတ်ခမ်းသားတွေ ခြောက် သွေ့မှုမှ ကာကွယ်ပေးနိုင်ပါတယ်။ ပူ အိုက်တဲ့ရာသီဥတုမှာဆိုရင်လည်း နေ လောင်တာမျိုးတွေမဖြစ်အောင် နေရောင် ကာခရင်မ်ကို လိမ်းပေးဖို့ လိုပါတယ်။ ဖိ နပ်မပါဘဲ နေပူထဲလမ်းလျှောက်တာမျိုး ကိုလည်း ရှောင်ကြဉ်ပါ။

ရေ များများသောက်ပါ
ကဖင်းနဲ့ အချိုရည်တွေက အရေ ပြားကျန်းမာရေးအတွက် မကောင်းတာ ကြောင့် အဲဒါတွေအစား ရေများများ သောက်ပါ။ လေ့လာမှုတွေအရ တစ်နေ့ ကို ရေ လေးဖန်ခွက်ကနေ ရှစ်ဖန်ခွက်အ တွင်း သောက်သူတွေဟာ နှစ်ဖန်ခွက် အောက် သောက်သူတွေထက် သွေးတွင်း သကြားဓာတ် မြင့်မားတတ်ကြတာကို တွေ့ရပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ် ခန်းခြောက်တဲ့အခါ ဗေစိုပရက်စင်ဟော် မုန်းမြင့်မားလာပြီး အသည်းက သွေးတွင်း သကြားဓာတ်ကို ပိုမိုထုတ်လုပ်ပါတယ်။

ပြင်းအားများတဲ့ ဆပ်ပြာမသုံးသင့် ပါ
ဆီးချိုသွေးချိုရှိသူတွေအနေနဲ့ ဆပ် ပြာ၊ အစိုဓာတ်ထိန်းခရင်မ် စတာတွေကို သုံးတဲ့အခါ ဓာတုပစ္စည်းပါဝင်မှုများတဲ့ ပြင်းအားများတဲ့ ပစ္စည်းတွေကို မသုံးသင့် ပါ။ ဓာတ်မတည့်မှုတွေ ဖြစ်ပြီး အရေပြား ကို ထိခိုက်နိုင်တာကြောင့်ပါ။ မိန်းမကိုယ် ခြောက်သွေ့နိုင်တာကြောင့် မိန်းမကိုယ် သန့်စင်ဆေးရည်တွေ အသုံးမပြုသင့်ပါ။ အကောင်းဆုံးကတော့ အုတ်ဂျုံနဲ့ ကြေး ချွတ်ပေးပြီး အသားအရေကို အစိုဓာတ် ထိန်းပေးတာက အကောင်းဆုံးပါ။

ခြေထောက်ကို နေ့စဉ် စစ်ဆေးပါ
ဆီးချိုသွေးချိုရှိသူတွေဟာ အာရုံ ကြောတွေ ဖျက်ဆီးခံရတာကြောင့် ခြေ၊ လက်တွေမှာ ထုံတာ၊ ကျဉ်တာတွေ ခံစား ရနိုင်ပါတယ်။ ဒါကြောင့် ထိ၊ သိမှု အား နည်းပြီး ခြေလက်တွေမှာထိလွယ်၊ ရှလွယ် ဖြစ်တာကြောင့် ဒဏ်ရာ အနာတရတွေ ဖြစ်နိုင်ခြေများပါတယ်။ သွေးစီး ဆင်းမှု ကလည်း အားနည်းနေတာကြောင့် ထိ ခိုက်မိတဲ့နေရာတွေမှာ ပိုးဝင်လွယ် တာ၊ အနာကျက်နှေးတာတွေ ကြောင့် အရေပြားပုပ်လွယ်ပြီး တခြားနောက်ဆက်တွဲ ပြဿ နာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ခြေထောက် ကို သေချာစွာ သန့်စင်ပေးပြီး စစ်ဆေးဖို့ လိုပါတယ်။ အထူးသဖြင့် ခြေမနဲ့ ခြေညှိုး ကြားနေရာကို သေချာစွာ စစ်ဆေးကြည့် ရှုဖို့လိုပါတယ်။ ခြေထောက်မှာ ထိခိုက် ဒဏ်ရာရပြီး နီရဲနေတာ၊ တဖြည်းဖြည်းနဲ့ ပျံ့သွားတာတွေဖြစ်ပါက အနာမကျက် တာကို သတိထားမိပြီး ဆရာဝန်နဲ့ ပြသဖို့ အချိန်ဆွဲမနေသင့်ပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ တွေ စား သုံးပါ
ပြည့်ဝဆီပါဝင်မှုနည်းတာ၊ ကောက် နှံတစ်ခုလုံးပါဝင်စာ၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ် တဲ့အစာပါ။ ဒါပေမဲ့ ဆီးချိုသွေးချိုရှိသူ တွေအနေနဲ့ သစ်သီးအားလုံး စားသုံးဖို့ မသင့်တော်ပါ။ သစ်သီးတွေမှာ ကာဗို ဟိုက်ဒရိတ်တွေပါဝင်ပြီး သွေးတွင်း သကြားဓာတ်ကို မြင့်မားစေပါ တယ်။ အထူးသဖြင့် သစ်သီး ခြောက်တွေမှာ သကြားပါဝင် မှု မြင့်မားတာကြောင့် ဆီးချိုသွေးချိုရှိသူတွေ မစားသင့်ပါ။

အသားမာတွေကို မဖယ်ပစ်ပါနဲ့
ခြေထောက်မှာ အသားမာတွေရှိ နေပေမယ့် ဆီးချိုသွေးချိုရှိသူတွေအ နေနဲ့ အဲဒီအသားမာတွေကို မဖယ်ရှားသင့် ပါ။ ဖိနပ်စီးတာကြောင့်ဖြစ်တာ၊ ဒါမှမ ဟုတ် ဖိအားတစ်ခုခုကြောင့် ဖြစ်လာတဲ့ အသားမာတွေ ခြေထောက်မှာ ရှိနေပေ မယ့် အဲဒီအသားမာတွေကို ဖယ်ရှားလိုက် ပါက အရေပြားမှာ အလွယ်တကူ ထိခိုက် ဒဏ်ရာ ရစေနိုင်တာကြောင့်ပါ။

ရေပူပူချိုးခြင်းမှ ရှောင်ကြဉ်ပါ
ရေနွေးနွေးနဲ့ ရေချိုးတာ အရေပြား ခြောက်သွေ့မှုကို ဖြစ်စေလို့ ဆီးချိုသွေး ချိုရောဂါရှိသူတွေ မချိုးသင့်ပါ။ အပူချိန် မြင့်မားတဲ့ရေဆိုရင် ပိုလို့တောင်မချိုးသင့် ပါဘူး။ ရေစိမ်ချိုးတတ်သူတစ်ယောက် ဖြစ်မယ်ဆိုရင်လည်း ၁၀-၁၅ မိနစ်ထက် ပိုပြီး စိမ်မချိုးသင့်ပါ။ ဆီးချိုသွေးချို ကြောင့် အာရုံကြောထိခိုက်နေသူတွေမှာ အပူလောင်တာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဒါကြောင့် ရေမချိုးခင် ရေနွေးဖွင့်ချိုးမယ် ဆိုရင် သေချာစွာစမ်းသပ်ပြီး အနေတော် အနေအထားမှာ ထားပြီးမှသာ ချိုးသင့်ပါ တယ်။

ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ
ဆီးချိုသွေးချိုရှိသူတွေဟာ အနာ ကျက်နှေးပြီး ပိုးဝင်ကူးစက်နိုင်ခြေ မြင့် မားတာကြောင့် ထိခိုက်ဒဏ်ရာဖြစ်လာပြီ ဆိုရင် ဆရာဝန်ထံပြသပြီး ကုသမှုကို ချက် ချင်း ခံယူသင့်ပါတယ်။ ပြတ်ရှဒဏ်ရာ၊ မီးလောင်ဒဏ်ရာ ဒါမှမဟုတ် ပိုးဝင်တာ တွေဖြစ်လာပြီး နှစ်ရက်ထက် ကြာလာတဲ့ အခါ အဲဒီဒဏ်ရာက ပိုပျံ့လာပြီး ဖျားနာ တာပါ။ တွဲပြီးဖြစ်လာခဲ့ရင် ပိုဆိုးလာတဲ့ လက္ခဏာဖြစ်တာကြောင့် ဆရာဝန်နဲ့ မဖြစ်မနေ ပြသသင့်ပါတယ်။ အဲဒီကနေ မှ နောက်ဆက်တွဲပြဿနာတွေ မဖြစ် ပွားအောင် ရှောင်ရှားနိုင်ဖို့ဆိုရင်တော့ ကုသမှုကို အလျင်အမြန်ခံယူတာက အကောင်းဆုံး နည်းလမ်းပဲဖြစ်ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal