ဆီးချိုနှင့် သစ်သီးချိုချို

ဆီးချိုရောဂါရှိသူဖြစ်ရင် သစ်သီးမစားရဘူးဆို တာမဟုတ်ပါဘူး။ သစ်သီးဝလံတွေမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေပါဝင်လို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ တွေထဲမှာပါဝင်ပါတယ်။ အဓိကက သင်စားတဲ့ပမာဏ ရယ်၊ သစ်သီးဝလံရဲ့ ပြင်ဆင်ထုပ်ပိုးမှုပုံစံရယ်၊ လတ် ဆတ်မှုရှိမရှိဆိုတာတွေ ကြည့်ဖို့ပါ။

ဘယ်လောက်ပမာဏစားလို့ရလဲ
အသီးအနှံတွေမှာ ဟင်းသီးဟင်းရွက်တွေထက် ကယ်လိုရီနဲ့သကြားဓာတ် ပိုမိုပါဝင်တာကြောင့် အချိန် ခွဲပြီး မျှမျှတတစားပေးဖို့ လိုပါတယ်။ တစ်ကြိမ်စာကို လက်ဖက်ရည်ခွက်တစ်လုံးစာပဲ ချင့်ပြီးစားပါ။ တစ်နေ့ ကို နှစ်ကြိမ်သစ်သီးစားလို့ရပါတယ်။ ဆီးချိုတက်နေရင် အချိုများတဲ့ အသီးအနှံတွေရှောင်ပေးပါ။

ဘယ်လိုအသီးအနှံတွေစားလို့ရလဲ
အသီးအနှံတွေထဲက သင်နဲ့ အလာဂျီမရှိတာဆိုရင် အကုန်စားလို့ရပါတယ်။ လတ်လတ်ဆတ်ဆတ် အသီး အနှံ၊ အအေးခံထားတဲ့ အသီးအနှံတွေစားပါ။ ပြုပြင် ထုပ်ပိုးထားတဲ့ အသီးအနှံတွေ၊ အချိုရည်၊ သကြားထပ် ဖြည့်ထားတဲ့ အသီးအနှံတွေ၊ သစ်သီးဖျော်ရည်တွေကို တော့ရှောင်ပါ။ ပြုပြင်ထုပ်ပိုးထားတဲ့ အသီးအနှံတွေမှာ အာဟာရဓာတ်နဲ့ အမျှင်ဓာတ်တွေ လျှော့နည်းသွားပြီး အချိုဓာတ်ပိုတာကြောင့် စားမိရင် သွေးတွင်းသကြား ဓာတ်ထိုးတက်စေပါတယ်။ Glycemic Index မြင့်တဲ့ အစားအစာတွေကိုရှောင်ပြီး Glycemic Index နည်း တဲ့ အစားအစာတွေကိုစားပါ။ Glycemic Index ဆို တာ သွေးတွင်းသကြားဓာတ်ကို ဘယ်လောက်မြန်မြန် တက်စေလဲဆိုတာပေါ်မူတည်ပြီး စားစရာတွေကို အဆင့်သတ်မှတ်ထားတာဖြစ်ပါတယ်။

– Glycemic Index < 55 (Low): သွေးတွင်းသ ကြားဓာတ်မြင့်တက်စေမှုအလွန်နိမ့်သည်
– Glycemic Index 56-69 (Moderate): သွေးတွင်း သကြားဓာတ်မြင့်တက်စေမှုအတော်အသင့်ရှိသည်
– Glycemic Index > 70 (High): သွေးတွင်းသကြား ဓာတ်မြင့်တက်စေမှု အလွန်များသည်
– Glycemic Index (< 55 ) အသီးအနှံ တွေထဲမှာ – ချယ်ရီသီး၊ ဂရိတ်ဖရုသီး၊ သစ်တော်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ဇီးသီး၊ မက်မွန် သီး၊ စပျစ်သီး၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ကီဝီသီး၊ စတာတွေပါဝင်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal