ဆံပင်ကျွတ်တတ်တဲ့ပျိုမေတို့အတွက် Green Tea Hair Spray

ဆံပင်​ကြမ်းကြမ်း​တွေ၊ ​ခြောက်​​သွေ့ဖွာလန်​​နေတဲ့ ဆံပင်​​တွေ၊ အ​ရောင်​အ​သွေးမဲ့ ဆံပင်​​တွေက သင့်​ဆံသားပျက်​စီး​နေတာရဲ့ လက္ခဏာ​တွေပါ။ သင့်​မှာ အဲဒီလိုလက္ခဏာ​တွေဖြစ်​​နေပြီ​ဆိုရင်​​တော့ အခု​ဖော်​ပြ​ပေးမယ့်​ Hair Spray ​လေးက ကူညီနိုင်​ပါလိမ့်​မယ်
..
အင်​တီ​အောက်​ဆီးဒင့်​ ကြွယ်​၀တဲ့ လက်​ဖက်​စိမ်း ဟာ ဆံပင်​သန်​​စေပြီး ဆံပင်​ကျွတ်​တာကို ​လျော့ကျ​စေကာ ဆံသား​တောက်​​ပြောင်​လင်းလက်​နိုင်​စွမ်းရှိပါတယ်​။ သူ့ကို အလှထုတ်​ကုန်​အ​တော်​များများမှာလည်း ထည့်​သွင်းအသုံးပြုသလို ဒီလိုမျိုး သဘာဝအိမ်​တွင်းနည်းလမ်း​တွေအ​နေနဲ့လည်း အသုံးပြုကြပါတယ်​။
လက်​ဖက်​စိမ်းဟာ အ​ရေပြားနဲ့ ကျန်းမာ​ရေးအတွက်​တင်​မက ဆံပင်​သန်​​စေဖို့အတွက်​ပါ အ​ကောင်းဆုံးအရာဖြစ်​ပါတယ်​။
ဗီတာမင်​ အီးနဲ့ ဗီတာမင်​ စီ ကြွယ်​၀စွာ အ​ခြေခံထားတဲ့ လက်​ဖက်​စိမ်းက ​ခြောက်​​သွေ့ပျက်​စီး​နေတဲ့ ဆံပင်​ကို ပြန်လည်​ပြုပြင်​​ပေးနိုင်​ပြီး အဖျားနှစ်​ခွမဖြစ်​​အောင်​လည်း ကာကွယ်​​ပေးနိုင်​ပါတယ်​။

သံပရာရည်က ဗီတာမင် စီ၊ ဗီတာမင် ဘီ ၁၊ ဘီ ၂၊ ဘီ ၃၊ ဘီ ၅၊ ဘီ ၆၊ ဘီ ၁၂ လိုမျိုး ဗီတာမင်မျိုးစုံနဲ့ အာဟာရဓာတ်တွေ ကြွယ်ဝတာကြောင့် ဦးရေပြားသွေးလှည့်ပတ်မှုကောင်းမွန်ဖို့ ကူညီနိုင်ပြီး ဆံပင်ဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။

Rosemary essential oil ကလည်း ဆံပင်နဲ့ အရေပြားအတွက် ကောင်းကျိုးများစွာ ရှိပါတယ်။ ဆံပင်သန်စေတဲ့ သဘာဝအာနိသင်တွေ များစွာ ပါဝင်တာကြောင့်ပါ။

လိုအပ်​တာ​တွေက

လက်​ဖက်​စိမ်း ခွက်တစ်​ခွက်​စာ
သံပရာရည်ခွက်တစ်​၀က်စာ
Rosemary essential oil ၅ စက်​ခန့်

ပြုလုပ်​နည်း

လက်ဖက်စိမ်း တစ်ခွက်စာကို ကြိတ်ခြေပြီး အရည်ညှစ်ယူကာ ပန်းကန်လုံးတစ်လုံးထဲ ထည့်ပါ။
သံပရာရည် ခွက်တစ်ဝက်စာကို အဲဒီထဲ ပေါင်းထည့်ပြီး မွှေပေးပါ။
မွှေနေစဉ်မှာ Rosemary Essentail Oil ငါးစက်ခန့် ပေါင်းထည့်ပါ။
ရလာတဲ့အရည်ကို စပရေးဘူးအလွတ်တစ်ခုထဲကို ထည့်လိုက်ရင်တော့ အသင့်သုံး ဆံပင်ဖျန်းဆေးရပြီပေါ့။

Tips!
ဒီစပရေးကို ရောင်ရမ်းနေတဲ့ အနာရှိတဲ့ ဦးရေပြားပေါ် မဖျန်းပါနဲ့။ သံပရာကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်လို့ပါ။
ဆံပင်အညိုရောင် ဒါမှမဟုတ် တခြားအရောင်တစ်မျိုးမျိုး ဆိုးထားရင် အသုံးမပြုပါနဲ့။ အရောင်ပြယ်သွားစေနိုင်လို့ပါ။
စပရေးဖျန်းတဲ့အခါမှာ ဦးရေပြားပေါ် မဖျန်းဘဲ ဆံသားတွေပေါ်သာ ဖျန်းပါ။
ဦးရေပြားတစ်သျှူးတွေ ချွေးပေါက်မပိတ်စေဖို့ သြဂဲနစ်ပစ္စည်းစစ်စစ်ကိုသာ အသုံးပြုပါ။

 

♥ ဆူးမြာ ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *