ဆံပင်အလှအပနှင့်ပတ်သက်ပြီး အသုံးဝင်နိုင်မည့် Tips

မိန်းမတွေရဲ့ကောင်းခြင်းငါးဖြာထဲ မှာ ဆံကေသာအလှအပကလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဆံပင်ကျန်းမာပြီး သန်စွမ်းတာကို အမျိုးသမီးတိုင်း လိုချင် ကြပါတယ်။ အောက်ပါတို့ဟာ ငွေကုန် ကြေးကျမများဘဲ သင့်အိမ်မှာပဲ အလွယ် တကူပြုလုပ်နိုင်တဲ့ ဆံပင်နဲ့ပတ်သက်တဲ့ နည်းလမ်းတွေပါ။

ဆံပင်အခြောက်ခံစက်အစား ချည် သားတီရှပ် အသုံးပြုပါ
ရေချိုးခန်းထဲမှာ ခေါင်းလျှော်ပြီးလို့ သင့်ဆံပင်တွေစိုနေတဲ့အတွက် မျက်နှာ သုတ်ပဝါနဲ့ သုတ်ပြီးတာတောင်မှ ဆံပင် က တော်ရုံနဲ့ မခြောက်နိုင်လို့ ဆံပင်အ ခြောက်ခံစက်ကို မသုံးချင်ဘဲ အသုံးပြု နေရပါသလား။ ဆံပင်အခြောက်ခံစက်အ စား ချည်သားတီရှပ်အဟောင်းတစ်ခုကို အသုံးပြုလိုက်ပါ။ တီရှပ်နဲ့ စိုနေတဲ့ ဆံပင် ကို ခေါင်းပေါင်းပေါင်းလိုက်တာက မျက် နှာသုတ်ပဝါကို အသုံးပြုတာထက် ဆံပင် အခြောက်မြန်စေနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာသုတ်ပဝါနဲ့ ဆံပင်ကို ပွတ်သုတ် သလိုမျိုး ဆံသားပျက်စီးတာ၊ ဆံပင် ရှုပ်ပွတာတွေ မဖြစ်နိုင်တော့ပါဘူး။

သင့်ဆံပင်ကို ကလိုရင်းဒဏ်မှ ကာ ကွယ်နိုင်အောင် ကွန်ဒီရှင်နာအသုံး ပြုပါ
သင် အသုံးပြုနေတဲ့ရေက ကလို ရင်းဓာတ်များနေရင် ဒါမှမဟုတ် ရေကူး ကန်ထဲက ကလိုရင်းကြောင့် သင့်ဆံပင် တွေ ပျက်စီးမှုမဖြစ်အောင် ခေါင်းမလျှော် ခင် ဒါမှမဟုတ် ရေမကူးခင်မှာ ဆံပင်ကို ကွန်ဒီရှင်နာနဲ့ အရင်ဆုံးအသုံးပြုလိုက်ပါ။ ကွန်ဒီရှင်နာကြောင့် ကလိုရင်းတွေက ဆံ သားထဲကို အလွယ်တကူ မဝင်ရောက် နိုင်တော့တဲ့အတွက် ဆံသားခြောက်တာ တွေ၊ ဆိုးထားတဲ့ဆေးရောင်ပျက်စီးတာ တွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဆံပင်ဖြောင့်စက်ကို အသုံးပြုနေပါ သလား
သင့်ဆံသားပျက်စီးမှာကြောင့် ဆံ ပင်ဖြောင့်စက်ကို အပူချိန် အနိမ့်ဆုံးမှာ ထားပြီး အသုံးပြုနေရပါသလား။ ဒီလိုပြု လုပ်တာက သင့်ဆံသားကို ပျက်စီးဖို့ အချိန်ပိုရရှိသွားနိုင်ပါတယ်။ ဆံသားပျက် စီးမှုနည်းပါးအောင် ဖြောင့်စက်အပူချိန် ကို အလယ်အလတ်လောက်ထားပြီး မြန်မြန်လေး ဖြောင့်လိုက်ပါ။ ဖြောင့်စက် အသုံးမပြုခင်မှာ သင့်ဆံပင်တွေကို ဆီ လိမ်းထားဖို့တော့ မမေ့ပါနဲ့။

ခေါင်းလျှော်ဖို့အချိန်မရခဲ့ရင် ကိုကိုး အခြေခံတဲ့ Dry Shampoo ကို အသုံးပြုပါ
အခုလို ပူပြင်းတဲ့ရာသီဥတုမှာ ပူ လွန်းတာနဲ့ ဖုန်မှုန့်တွေကြောင့် ဆံပင်က အဆီပြန်ပြီး ညစ်ပတ်နေပေမယ့် နေ့စဉ် ခေါင်းလျှော်ဖို့ အဆင်မပြေခဲ့ရင် Dry Shampoo ကို အသုံးပြုနိုင်ပါတယ်။ ဆံပင်အရောင်ဖျော့ဖျော့ဆိုးထားသူတွေ အနေနဲ့ ဃသမည Sအမေခ့ ပါဝင်တဲ့ Dry Shampoo ကို အသုံးပြုနိုင်ပြီး ဆံပင်အ ရောင်ရင့်သူတွေအတွက် ဃသမည sအမေခ့ နဲ့ ကိုကိုးမှုန့်ကို ဆတူရောထားတဲ့ Dry Shampoo ကို အသုံးပြုနိုင်ပါတယ်။

ဆံပင်အမွေးနုလေးတွေ ရှုပ်ပွနေရင် သွားပွတ်တံအသုံးပြုပါ
ဆံပင်အသစ်ပေါက်တဲ့အမွေးနု လေးတွေကို အုန်းဆီလိမ်းပြီး သပ်သပ် ရပ်ရပ်ဖြစ်အောင် ပြုလုပ်လို့ မရပါဘူး။ သွားတိုက်တံနဲ့ hair spray ကို အသုံး ပြုပြီး ကိုယ်လိုချင်တဲ့ ဒီဇိုင်းပုံစံသွင်းနိုင်ပါ တယ်။

ဆံသားတောက်ပြောင်ပြီး ချောမွေ့ အောင်ပိုးသားခေါင်းအုံးစွပ်ကို အသုံး ပြုပါ
မနက်အိပ်ရာထခါစမှာ သင့်အိပ်ရာ နဲ့ ခေါင်းအုံးပေါ်မှာ သင့်ဆံပင်ခြည်တွေကို တွေ့ရှိရလို့ စိတ်ပျက်နေပါသလား။ အိပ် ရာထဲမှာ ဟိုလှည့်ဒီလှည့်လုပ်တာကြောင့် ဆံသားကျိုးလွယ်ပြီး ပျက်စီးသွားတာပါ။ ချည်သားအိပ်ရာခင်းနဲ့ တခြားပိတ်စတွေ က ပွတ်အားပေးနိုင်တဲ့အတွက် ဆံပင် ကျွတ်ကျတာပါ။ ပိုးသားနဲ့ ပြုလုပ်တဲ့ ခေါင်းအုံးစွပ်နဲ့ အိပ်ရာခင်းတွေ အသုံး ပြုတာက ဆံပင်မကျွတ်အောင်နဲ့ ဆံပင် မငြိအောင် ကာကွယ်ပေးနိုင်ပါတယ်။

အုံထူထူနဲ့ ပိုနီတေးလ်စည်းချင်ရင်
သင့်ဆံပင်ကို ဦးခေါင်းနောက်ဘက် မှာ ပိုနီတေးလ်မြင့်မြင့်လေး အပေါ် တစ်ထပ်၊ အောက်တစ်ထပ် စည်းလိုက် ပါ။ အောက်က ပိုနီတေးလ်ကို အပေါ် ဘက်ပိုနီတေးလ်ရဲ့ အရင်းမှာ ပတ်ပြီး ခိုင်မြဲအောင် ကလစ်နဲ့ ညှပ်လိုက်ပါ။

ဆံပင် High light လုပ်ချင်ပါသလား
ဆံပင်ကို High light လည်းလုပ် ချင်တယ်၊ ငွေကုန်ကြေးကျလည်း မခံချင် ဘူးဆိုရင် ရှောက်ရည်ကို အသုံးပြုလို့ ရပါတယ်။ ရှောက်သီးတစ်လုံးကို ခွက် တစ်ခုထဲ အရည်ညှစ်ထည့်ပါ။ အဲဒီအ ရည်ထဲကို သန့်စင်တဲ့ သွားပွတ်တံနှစ်ပြီး ဆံပင်ရဲ့မိမိ High light လုပ်ချင်တဲ့ အစိတ်အပိုင်းကိုသွားပွတ်တံနဲ့ ဖြီးချပါ။ တစ်နာရီခန့် အခြောက်ခံထားပါ။ တစ် ပတ် တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ကို နှစ်ပတ်လောက် ပြုလုပ်ရုံနဲ့ သဘာဝအ တိုင်း High light ရရှိနိုင်ပါတယ်။

လှပတ္တမြား

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *