ဆံသားခြောက်ပြီးအဖျားနှစ်ခွဖြစ်နေလျှင်

ဆံသားခြောက်တတ်သူဖြစ်ပါက မျက်နှာမှာပါ အရောင်မဟပ်ဘဲ မွဲ ခြောက်နေတတ်ပါတယ်။ ဒါတင်မက သေးပါဘူး။ ဆံသားခြောက်သွေ့တာ ကြောင့် ဆံပင်အဖျားနှစ်ခွဖြစ်ပြီး ဆံ ပင်အရှည်ကိုလည်း နှေးသွားစေပါ တယ်။ ခြောက်သွေ့ပြီး နှစ်ခွဖြစ်နေတဲ့ ဆံသားကြောင့်လည်း ကြည့်ရပိုဆိုးစေ ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အ တွက် ဆီကိုအသုံးပြုပြီး ဆံသားကို ပြု ပြင်ပေးနိုင်ပါတယ်။ အုန်းဆီ၊ သံလွင် ဆီ၊ ဗာဒံစေ့ဆီ စတာတွေကို အသုံးပြု နိုင်ပါတယ်။

နည်းလမ်း (၁)
ဆံသားအနှံ့ဆီကို သေချာစွာလိမ်း ပြီး ခေါင်းပေါ်ကို ဆံပင်တွေ လိပ်တင် ပါ။ အပူပေးထားတဲ့ တဘက်ကို ဆံပင် တွေအားလုံးကို ဖုံးအုပ်ပြီး ပေါင်းထားပါ။ ၁၀-၁၅ မိနစ်ထားပြီးမှ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။ ခေါင်း လျှော်တဲ့အခါ ဦးခေါင်းကို ညင်သာစွာ နှိပ်နယ်ပေးပါ။

နည်းလမ်း (၂)
ဆံသားအနှံ့ ဆီလိမ်းပြီး ကျစ်ဆံ မြီး ကျစ်ထားပါ။ ဆံပင်ကို သုံးခုခွဲပြီး ကျစ်တာထက် အချောင်းသေးသေး လေးတွေဖြစ်အောင် အများကြီးခွဲကျစ် ပါ။ ကျစ်ဆံမြီးကျစ်တဲ့အခါ ဆံသား အဖျားတွေကို အတွင်းဘက်ကိုထည့်ပြီး ကျစ်ပါ။ ၁၅ မိနစ်ထားပြီးမှ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ ဦးခေါင်းကို ညင်သာ စွာနှိပ်နယ်ပြီး လျှော်ပါ။

နည်းလမ်း (၃)
သင့်အနေနဲ့ ဆံသားအနှံ့ ဆီလိမ်း ပြီး ဆံပင်ကို ပေါင်းထားဖို့၊ ကျစ်ဆံမြီး ကျစ်ဖို့ အချိန်မရှိခဲ့ရင် လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ချိန်မှာပဲ ဆီအနည်းငယ်ထည့်ပြီး ညင်သာစွာ နှိပ်နယ်ပြီး လျှော်ပါ။
ဆံသားခြောက်သွေ့မှုကင်းအောင် ဆီလိမ်းပေးတဲ့ နည်းတစ်ခုတည်းနဲ့တင် မလုံလောက်သေးပါဘူး။ အစားအ သောက်တွေ ဂရုစိုက်စားဖို့လည်းလိုအပ် ပါသေးတယ်။

(၁) ဆယ်လ်မွန်ငါး စားပါ
ဆယ်လ်မွန်ငါးမှာ အိုမီဂါ-၃ အ ဆီတွေ၊ ပရိုတင်းဓာတ်၊ ဗီတာမင် ဘီ-၁၂ နဲ့ သံဓာတ်တွေ များစွာပါဝင်ပါတယ်။ အိုမီဂါ-၃ က ဦးရေပြားကို ကျန်းမာစေ ပြီး ဆံသားခြောက်သွေ့မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၂) အစိမ်းရင့်ရောင် ဟင်းသီးဟင်း ရွက်စားပါ
ဆံသားတွေ တောက်ပြောင်ဖို့ဆို ရင် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် တွေကို စားပေးဖို့လိုပါတယ်။ ဟင်းနု နယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန် စတာတွေမှာ ဗီတာမင်အေနဲ့ စီပါဝင်ပြီး ဆံသားအရင်းမှာရှိတဲ့ ဆံခြည်မျှင်အိတ် တွေက ဆီကြည်ကို ထုတ်လုပ်ဖို့ အဲ့ဒီ ဗီတာမင်တွေလိုအပ်ပါတယ်။ ဆံခြည် မျှင်အိတ်ကနေထွက်ရှိတဲ့ ဆီကြည်က ဆံသားအတွက် သဘာဝကွန်ဒီရှင်နာပါ။

(၃) ပဲကြီးစားပါ
ပဲကြီးက ဆံသားကောင်းမွန်စေတဲ့ အစားအစာတစ်ခုပါ။ ဆံသားသန်စွမ်း စေတဲ့ ပရိုတင်းဓာတ်များစွာပါဝင်ပြီး သံ ဓာတ်၊ ဇင့်ဓာတ်နဲ့ ဘိုင်အိုတင်တွေလည်း ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ဘိုင်အိုတင် ချို့တဲ့ပါက ဆံသားတွေ ကြွပ်ဆတ်ပြီး ကျိုးပြတ်လွယ်စေပါတယ်။ တစ်ပတ်ကို ပဲကြီး သုံးခွက်နဲ့အထက်ချက်စားဖို့ အာ ဟာရပညာရှင်တွေက လမ်းညွှန်ထားပါ တယ်။

(၄) အစေ့အဆန်စားပါ
အစေ့အဆန်တွေမှာ ဆီလီနီယမ် ဓာတ်များစွာပါဝင်တာကြောင့် ဦးရေပြား ကို ကျန်းမာစေပါတယ်။ သစ်ချသီးထဲမှာ အိုမီဂါ-၃ ပါဝင်ပြီး ဆံသားကို ကွန်ဒီရှင် နာအဖြစ် အားဖြည့်ကူညီပေးပါတယ်။ ဗာဒံစေ့၊ မြေပဲတို့မှာ ဇင့်ဓာတ်များစွာ ပါဝင်တာကြောင့် ဆံပင်မကျွတ်အောင် ကာကွယ်ပေးပြီး ဆံသားတွေ ထူထဲ သန်စွမ်းစေပါတယ်။

နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *