ဆံကေသာမှာ အနံ့စွဲလာရင် …

ဆံကေသာမှာ အနံ့စွဲလာရင် …

ဆေးလိပ်သောက်တဲ့နေရာ အနီး တစ်ဝိုက်နေလိုက်မိရင် ဆေးလိပ်နံ့ စွဲလာတာ၊ မီးဖိုချောင်မှာ ချက်ပြုတ်ပြီးရင် ဟင်းနံ့တွေ ဆံကေသာမှာ စွဲလာတာကို အမျိုးသမီးအတော်များများ သတိထားမိကြမှာပါ။ အနံ့တစ်ခုခုစွဲလာပြီးရင်လည်း တော်တော်နဲ့ကို မပျောက်တော့ပါဘူး။ ခေါင်းလျှော်ပြီးခါစဆို ဆံကေသာက ပိုပြီးတောင် အနံ့တွေ စုပ်ယူလွယ်တတ်ပါတယ်။ အတတ်နိုင်ဆုံး အနံ့တွေ မစွဲအောင် နေပေမယ့် တစ်ခါတလေမှာ မထင်မှတ်ဘဲ ဆံကေသာမှာ အနံ့တွေ စွဲလာတတ်တာ အမျိုးသမီးတိုင်း ကြုံတွေ့ဖူးပါတယ်။ ဆံပင်ရှည်တဲ့ အမျိုးသားတွေလည်း ကြုံဖူးမှာပါ။ 

ဒီအတွက် ဖြေရှင်းနည်းကတော့ –

(၁) Fabric Softener (ချည်ပျော့ဆေးရည်) ဒါမှမဟုတ် လေသန့်ဆေးရည်ကို အဝတ်သန့်သန့် တစ်ခုအပေါ်ဖြန်းပြီး ဆံကေသာပေါ်ကို လိုက်သုတ်ပေးမယ်ဆိုရင် စွဲနေတဲ့ အနံ့တွေကို ပျောက်ကင်းစေမှာပါ။

(၂) နောက်တစ်ခုကတော့ သံပရာရည်ပါ။ သူက အနံ့ဆိုးတွေကို ပျောက်ကင်းစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ သူ့ကိုလည်း ဆံကေသာမှာ စွဲငြိနေတဲ့ အနံ့တွေ ပျောက်အောင် အသုံးပြုနိုင်ပါတယ်။ သူ့ကို ဆံကေသာပေါ်လိမ်းပြီးပြီးချင်းတော့ နေရောင်ထဲ အကာအကွယ်အမိုးမပါဘဲ မထွက်ပါနဲ့။ သံပရာရည်ဖြစ်တဲ့ အက်စစ်ပျော့ထိထားတဲ့ ဆံကေသာက နေရောင်ထိရင် ပိုပျက်စီးတတ်လို့ပါ။

(၃) Hair products အတော်များများကိုလည်း ဆံကေသာအနံ့စွဲတာကနေ ပျောက်ကင်းအောင် လုပ်နိုင်ပါတယ်။ Dry Shampoo လို့ခေါ်တဲ့ ဆံပင်အခြောက်လျှော်ဆေး စပရေးကို ဖြန်းပြီး ဘီးနဲ့လိုက်ဖြီးပေးပါ။ သူက ဆံကေသာမှာ ကပ်ငြိနေတဲ့ အငွေ့တွေ၊ ရနံ့တွေကို ထိထိရောက်ရောက် ပျောက်ကင်းသွားအောင်စွမ်းဆောင်နိုင်ပါတယ်။

(၄) နောက်တစ်နည်းက mousse လို့ ခေါ်တဲ့ ဆံကေသာ ပုံသွင်းခရင်မ်အမြှုပ်ကိုလည်း အနံ့စွဲနေတဲ့ ဆံကေသာပေါ် လိမ်းပေးနိုင်ပါတယ်။ သူကလည်း အနံ့စွဲတာကို သက်သာစေပါတယ်။

(၅) နောက်ဆုံးတစ်နည်းအနေနဲ့ကတော့ ဆံပင်ပျော့ဆေး Conditioner ကို ရိုးရိုး ရေသန့်နဲ့ ရောပြီး စပရေးဘူးထဲထည့်ပြီး ဆံကေသာပေါ် ဖြန်းပေးပါ။ တဘက်တစ်ထည်တော့ ယူထားပါ။ လိုအပ်သလောက် ဖျန်းလိုက်၊ တဘက်နဲ့ သုတ်လိုက်လုပ်ပြီး လေမှုတ်စက်နဲ့ အခြောက် ပြန်မှုတ်ပေးပါက စွဲငြိနေတဲ့ အနံ့ဆိုးတွေ ပျောက်ကင်းသွားမှာပါ။

Darliko (Mahidol University) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *