ဆံကေသာအရှည်မြန်ချင်လား

ဒီနေ့ခေတ်မှာ ဆံပင်အတိုပုံစံလေးတွေ ခေတ်စားနေ ပေမယ့် ဆံပင်အရှည် နှစ်သက်သူတွေလည်း ရှိနေဆဲဖြစ်ပါ တယ်။ တချို့သူတွေမှာ ဆံပင်အရှည်မြန်တာရှိသလို၊ ဆံပင် အရှည်နှေးသူတွေလည်း ရှိပါတယ်။ အဓိကçက မျိုးရိုးဗီဇနဲ့ ဆိုင်ပေမယ့် ဆံကေသာအရှည်မြန်ဖို့ ဒီအချက်တွေကိုလည်း သိထားသင့်ပါတယ်။

(၁) ဗီတာမင်စုံအောင်စားပါ
အစားအစာက သင်ရဲ့ ဆံသားကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဆံကေသာအရှည်မြန်ချင်ရင် ဗီတာမင် အေ၊ စီ၊ အီး၊ ဒီ၊ ဘိုင်အိုတင်နဲ့ ဖောလစ်အက်စစ်တွေကို ပါ အောင်စားပေးပါ။

(၂) အဖျားနှစ်ခွတွေညှပ်ပါ
ဆံပင်ခဏခဏညှပ်နေရင်တော့ ရှည်လာမှာ မဟုတ်ပါ ဘူး။ ဒါပေမဲ့ ထူထဲသန်မာတဲ့ဆံကေသာ အရှည်ကြီးလိုချင် တယ်ဆိုရင်တော့ အဖျားတွေငြိပြီး ဆံပင်ကျိုးပြတ်တာမဖြစ် အောင် အဖျားနှစ်ခွတွေကို ညှပ်ပစ်ပေးပါ။

(၃) စိတ်ဖိစီးမှုလျှော့ပါ
စိတ်ဖိစီးမှုက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအပေါ် ဆိုးကျိုး သက်ရောက်မှုပေးနိုင်တဲ့အရာဖြစ်ပါတယ်။ ဆံကေ သာဖြစ်စဉ်မှာလည်း စိတ်ဖိစီးမှုက အနှောင့်အယှက်ပေးနိုင်တာ ကြောင့် စိတ်ဖိစီးမှုနည်းအောင်နေပါ။

(၄) ဆံကေသာကိုထိန်းသိမ်းပါ
ကျန်းမာသန်စွမ်းတဲ့ဆံကေသာအရှည်ကြီးလိုချင်ရင် ဆံ ကေသာပျက်စီးစေတဲ့ ဆိုးဆေးဆိုးတာ၊ အပူပေးကိရိယာ အ သုံးပြုတာတွေကို လျှော့ချပါ။ ဆံပင်ကို အကြာကြီးချည်နှောင် သိမ်းဆည်းထားတာမလုပ်ပါနဲ့။ ခေါင်းအုံးကို ဆံသားမငြိစေ မယ့် ပိုးသား၊ ဖဲသားအသုံးပြုပါ။ ဆံကေသာရှည်ပြီး ဆံပင်အုံ ပါးနေရင်လည်း မလှပါဘူး။ ဒါကြောင့် ဆံကေသာကို အထိ အခိုက်နည်းအောင် ဂရုစိုက်ပါ။

(၅) ခေါင်းဖြီးပါ
အိပ်ရာထမှာ ခေါင်းဖြီးတတ်ကြပေမယ့် ညအိပ်ရာဝင်ခါနီး မှာတော့ မဖြီးတတ်ကြပါဘူး။ ဒါပေမဲ့ လေ့လာမှုအရ ခေါင်းဖြီး ပေးတာက ဦးရေပြားရဲ့ သဘာဝအဆီ ထုတ်လုပ်မှုကို လှုံ့ဆော် ပေးပြီး ဆံသားကို စိုပြည်နေစေပါတယ်။ ခေါင်းအရမ်းဖြီးရင် တော့ ဆံပင်စေးကပ်တာဖြစ်လာစေလို့ အလွန်အကျွံမလုပ်ပါနဲ့။

Darliko

Post Author: Good Health Journal