ဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်းတစ်စုံပုံဖော်နိုင်ဖို့

အရင်ခေတ်ကဆိုရင် နှုတ်ခမ်းနီ အမျိုးအစားရွေးချယ်စရာ သိပ်မရှိတာ ရယ်၊ ပြည်ပကထုတ်လုပ်တဲ့ အမှတ်တံ ဆိပ်နှုတ်ခမ်းနီတွေကို ပြည်တွင်းမှာ အလွယ်တကူ ဝယ်ယူမရရှိနိုင်ခဲ့ပါဘူး။ ဒီနေ့ခေတ်မှာတော့ နိုင်ငံတကာက ထုတ် လုပ်တဲ့ နှုတ်ခမ်းနီမျိုးစုံကို အမှတ်တံ ဆိပ်မျိုးစုံနဲ့ ပြည်တွင်းမှာတင် အလွယ် တကူ ဝယ်ယူရရှိနိုင်နေပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ပျိုမေတို့အတွက် နှုတ် ခမ်းနီ ရွေးချယ်ဝယ်ယူတဲ့အခါ အဆင် ပြေစေဖို့ နှုတ်ခမ်းနီအမျိုးအစား ဘယ် နှမျိုးရှိလဲ၊ ဘယ်လိုတွေ ကွာခြားလဲဆို တာကို ရေးပေးလိုက်ပါတယ်။

နှုတ်ခမ်းနီအမျိုးအစားများ

Satin
စက်တင် တစ်နည်းအားဖြင့် ပိုးထည်၊ ဖဲထည်လို့ အဓိပ္ပာယ်ရတဲ့ ဝေါဟာရ “Satin” ကိုအသုံးပြုပြီး အမည်ပေးထားတာ ဖြစ်ပါ တယ်။ ပိုးသား၊ ဖဲသားလိုမျိုး နှုတ်ခမ်းမှာ ပြောင်ပြောင်လေးဖြစ်နေစေလို့ပါ။ ပေါ့ပေါ့ပါး ပါးနဲ့ နှုတ်ခမ်းသားချောမွေ့စေပြီး ပြောင်ပြောင် လေးအသွင်ဖြစ်နေစေတာမို့ ငယ်ရွယ်တဲ့ပျို မေတို့ကြားမှာ ရေပန်းစားနေတဲ့ နှုတ်ခမ်းနီ အမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။
Satin နှုတ်ခမ်းနီရဲ့ အားနည်းချက်က တော့ နှုတ်ခမ်းပေါ်မှာ စွဲစွဲမြဲမြဲ တာရှည်မခံ တာကြောင့် အစာစားတိုင်း ပျက်သွားတတ်ပါ တယ်။ ဒါကြောင့် ခဏခဏပြန်ဆိုးရတာမျိုး တော့ ရှိပါတယ်။

Matte
ဒီနေ့ခေတ်မှာ အရမ်းပေါ်ပြူလာဖြစ်တဲ့ နှုတ်ခမ်းနီ အမျိုးအစား တစ်မျိုးလည်း ဖြစ်ပါ တယ်။ မတ်ဒ် အမျိုးအစား နှုတ်ခမ်းနီတွေက အရင်တုန်းက ဒီနေ့ခေတ်လောက် ပေါ်ပြူလာ မဖြစ်ခဲ့ပါဘူး။ ဒီနေ့ခေတ်မှာတော့ လေဒီတွေ အတော်များများရဲ့ အသည်းစွဲ နှုတ်ခမ်းနီ အမျိုးအစားတစ်မျိုး ဖြစ်နေပါပြီ။ Matte နှုတ်ခမ်းနီက Satin နှုတ်ခမ်းနီလိုမျိုး ပြောင် ပြောင်လေးတော့ မဖြစ်စေပါဘူး။ ဒါပေမဲ့ သူက နှုတ်ခမ်းပုံကို အတိအကျ ပုံဖော်ပေးနိုင် ပြီး ဆိုးလိုက်တဲ့ အရောင်အတိုင်း အတိအကျ ထွက်ပါတယ်။
Matte နှုတ်ခမ်းနီရဲ့ အားနည်းချက်က တော့ နှုတ်ခမ်းသားကို အစိုဓာတ်ပေးတဲ့ Moisturizing Oils ပါဝင်နှုန်း အရမ်းနည်း တာကြောင့် နှုတ်ခမ်းခြောက်တတ်သူတွေမှာ ဆိုးရင် အဆင်မပြေတတ်ပါဘူး။

Liquid Lipstick
သူက Liquid Lipstick ဆိုတဲ့ နာမည် အတိုင်း အရည်ပုံစံထုတ်လုပ်ထားတဲ့ နှုတ်ခမ်း နီ အမျိုးအစားဖြစ်ပါတယ်။ ဖယောင်း “Wax” အနည်းငယ်ကို ထည့်သွင်း ထုတ်လုပ်ထားတာ မို့ နှုတ်ခမ်းပေါ်မှာ စေးကပ်ကပ် မဖြစ်စေပါဘူး။ သူ့ကို လူကြိုက်များတာက တာရှည်ခံပြီး (ပုံ မှန်အားဖြင့် ကိုးနာရီ)ရေစိုခံလို့ ဖြစ်ပါတယ်။ သူ့ကိုဆိုးမယ်ဆိုရင် အောက်နှုတ်ခမ်းမှာ အ ရင်ဆိုးပြီး အပေါ်နှုတ်ခမ်းနဲ့ ပြန်ဖိလိုက်ပါ၊ ပြီးမှ လိုတဲ့နေရာတွေ လိုက်ဖြည့်ဆိုးပါ။Beauty experts တွေ သုံးသပ်ထားတာကတော့ Liquid Lipstick တာရှည်ခံချင်တယ်ဆိုရင် သူ့ချည်းသက်သက်ပဲဆိုးပါ၊ Balm တွေ၊ Gloss တွေနဲ့ ရောမဆိုးပါနဲ့။

Moisturizing Lipstick
Moisture ဆိုတဲ့ အစိုဓာတ်ကို အများ အပြားပေးနိုင်တဲ့ နှုတ်ခမ်းနီအမျိုးအစားဖြစ်ပါ တယ်။ ဒီနှုတ်ခမ်းနီတွေက ဂလစ်ဆရင်း၊ ဗီ တာမင်အီးနဲ့ ရှားစောင်းလက်ပပ်ကို အခြေခံ ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ သူ့ကို ခဏခဏထပ်ထပ်ပြီးဆိုးတာကိုရှောင်ပါ။ နှုတ် ခမ်းပေါ်မှာကပ်စေးစေး ဖြစ်စေတတ်ပါတယ်။

Creme Matte Lipstick
ဒီအမျိုးအစားက Matte လည်း မကျ၊ Gloss လည်းမကျတဲ့ နှုတ်ခမ်းနီ မျိုးဖြစ်ပါ တယ်။ သူက Matte လို နှုတ်ခမ်းနီအရောင် ကိုပေးတဲ့ pigments  ကြွယ်ဝသလို Gloss နှုတ်ခမ်းနီမှာလို အစိုဓာတ်ပေးတဲ့ ဒြပ်ပေါင်း တွေလည်း ပါဝင်ပါတယ်။ Gloss လိုတော့ အရမ်းမပြောင်ပါဘူး။ နှုတ်ခမ်းခြောက်တတ်သူ တွေအတွက် Matte က အဆင်မပြေပေမယ့် Creme Matte Lipstick ကတော့ အရမ်း အဆင်ပြေစေပါတယ်။

Lip Stain
Stain နှုတ်ခမ်းနီတွေက ဆိုးပြီးရင် တစ် နေကုန်လုံးရော ညအိပ်တဲ့အထိပါ အရောင်စွဲ ထင်တတ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ နှုတ် ခမ်းနီကို ထပ်ခါထပ်ခါ ပြန်မဆိုးချင်တဲ့ လေဒီ တို့အကြိုက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဆောင်း တွင်းမှာတော့ Lip Stain တွေ ဆိုးတာ ရှောင် စေချင်ပါတယ်၊ နှုတ်ခမ်းပိုခြောက်စေလို့ပါ။ ထုတ်လုပ်တဲ့ တချို့ကုမ္ပဏီတွေက ပိုပြီး တာ ရှည်ခံစေဖို့ Pigments ရောင်ခြယ်တွေ အဆ မတန်ထည့်တာမျိုး ရှိတတ်ပါတယ်။ ဒါက တချို့လူတွေမှာ မတည့်တဲ့ အလာဂျီမျိုး ဖြစ် စေတတ်လို့ ဂရုစိုက်ပြီး ရွေးချယ်ဝယ်ယူပါ။ စိတ်ချရတဲ့ အမှတ်တံဆိပ်ဖြစ်ဖို့ လိုပါတယ်။

Lip Gloss
လေဒီတို့ရဲ့ သဘာဝ နှုတ်ခမ်းအရောင် အတိုင်းကိုပဲ စေးကပ်မှုမရှိဘဲ ပိုပြီး တောက် တောက်ပြောင်ပြောင်လေး ဖြစ်စေချင်တယ် ဆိုရင် Lip Gloss တွေ ရှိပါတယ်။ ဘာအ ရောင်မှမပါဘဲ အလက်မှုန်လေးတွေချည်း ထည့်ထားတဲ့ Gloss တွေရှိသလို အရောင်ခပ် ပါးပါးနဲ့ အလက်မှုန်တွေ ပါဝင်တဲ့ Gloss တွေ လည်း ထုတ်လုပ်ထားတာရှိပါတယ်။
ပျိုမေတိုင်း ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်း အလှပိုင်ဆိုင်နိုင်ပါစေ . . .

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *