ဇီဝရုပ်ဖြစ်ပျက်မှုနှေးတာကြောင့် ကိုယ်အလေးချိန်တက်မလာစေရန်

ခန္ဓာကိုယ်မှာ ဇီဝရုပ်ဖြစ်ပျက်မှုနှေး ကွေးပါကကိုယ်အလေးချိန်တက်စေပါ တယ်။ တချို့တွေက မျိုးရိုးဗီဇအရ ဇီဝ ရုပ်ဖြစ်ပျက်မှု မြန်ဆန်တတ်ပါတယ်။ အ မျိုးသားတွေက အမျိုးသမီးတွေထက် ဇီဝရုပ်ဖြစ်ပျက်မှု မြန်တတ်ပါတယ်။ အ သက် ၄၀ ကျော်လာရင်တော့ ဇီဝရုပ်ဖြစ် ပျက်မှုနှေးလာတတ်ပါတယ်။ ဇီဝရုပ်ဖြစ် ပျက်မှုမြန်ဆန်စေဖို့ အောက်ပါနည်း လမ်း ၁၀ မျိုးကို လုပ်ဆောင်နိုင်ပါတယ်။

၁။ ကြွက်သားတွေကို သန်မာအောင် ပြုလုပ်ပါ
ဘာမှ မလုပ်ဘဲ ထိုင်နေရင်တောင် ခန္ဓာကိုယ်ကကယ်လိုရီတွေ လောင်ကျွမ်း နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ကြွက်သားသန် မာသူတွေက ဇီဝရုပ်ဖြစ်ပျက်မှု ပိုမိုမြန် ဆန် ပါတယ်။ ကြွက်သားတစ်ပေါင်က တစ်နေ့ကို ၆ ကယ်လိုရီ အသုံးပြုပါတယ်။ အဆီတစ်ပေါင်က တစ်နေ့ကို ၂ ကယ်လို ရီလောင်ကျွမ်းပါတယ်။ ကြွက်သား သန် မာစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင် ပါက ခန္ဓာကိုယ်ကို လှုံ့ဆော်မှုဖြစ်တာ ကြောင့် နေ့စဉ် ဇီဝရုပ်ဖြစ်ပျက်မှုတွေ မြန် ဆန်စေပါတယ်။

၂။ လေ့ကျင့်ခန်း အားစိုက်လုပ်ဆောင်ပါ
အေရိုးဗစ်လေ့ကျင့်ခန်းက ကြွက် သားတွေကို မကြီးထွားစေပေမယ့် ဇီဝ ရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။ သာမန်လေ့ကျင့်ခန်းတွေထက် ချွေး ထွက်အောင်လုပ်ရတဲ့ လေ့ကျင့်ခန်းတွေ က ဇီဝရုပ်ဖြစ်ပျက်မှုကို ပိုကောင်းစေပါ တယ်။ ဥပမာ-လမ်းလျှောက်တာထက် ရွရွပြေးတဲ့ လေ့ကျင့်ခန်း လုပ်ဆောင်တာ က ဇီဝရုပ်ဖြစ်ပျက်မှုကို ပိုမိုကောင်းမွန် စေပါတယ်။

၃။ ရေ လုံလောက်စွာ သောက်သုံးပါ
ခန္ဓာကိုယ်မှာ ကယ်လိုရီတွေ လောင် ကျွမ်းဖို့အတွက် ရေလိုအပ်ပါတယ်။ ခန္ဓာ ကိုယ်မှာ ရေဓာတ်ခန်းခြောက်နေပါကဇီဝ ရုပ်ဖြစ်ပျက်မှု နှေးစေပါတယ်။ လေ့ လာ မှုအရ အရွယ်ရောက်ပြီး သူတစ်နေ့ ရေ ရှစ်ဖန်ခွက် သောက်သူတွေက ရေ လေး ဖန်ခွက်သာ သောက်သူတွေထက် ဇီဝ ရုပ်ဖြစ်ပျက်မှု ပိုမိုမြန်ဆန်တာကို တွေ့ရ ပါတယ်။ ရေဓာတ် ပြည့်ဝနေစေဖို့ ရေ သောက်တာအပြင် အရည်ရွှမ်းတဲ့ သစ်သီး တွေကို စားသုံးပါ။

၎။ စွမ်းအားဖြည့် အချိုရည် သောက်ပါ
စွမ်းအားဖြည့် အချိုရည်တချို့မှာပါ ဝင်တာတွေကဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။ တချို့အချိုရည် တွေမှာ ကဖင်းဓာတ်ပါဝင်ပြီး ခန္ဓာကိုယ် ရဲ့ စွမ်းအင်အသုံးပြုမှုကိုမြင့်မားစေပါ တယ်။ တချို့အချိုရည်တွေမှာ တော်ရင်း၊ အမိုင်နိုအက်စစ်တွေပါဝင်ပါတယ်။ တော်ရင်းက ဇီဝရုပ်ဖြစ်ပျက်မှု ကောင်း စေပြီး အဆီတွေလောင်ကျွမ်းမှုကို မြန်စေပါတယ်။ ဒါပေမဲ့ အားဖြည့်အချို ရည်တွေ သောက်သုံးတာက သွေးတိုး တာ၊ စိုးရိမ်စိတ်များတာ၊ အိပ်စက်မှုကို အနှောင့်အယှက်ပေးတာ စတဲ့ ဆိုးကျိုး တွေကိုလည်း ရရှိနိုင်ပါတယ်။ အမေရိ ကန်ကလေးကျန်းမာပညာအဖွဲ့က ကလေးငယ်တွေကို အချိုရည်မသောက် သုံးဖို့ တားမြစ်ထားပါတယ်။

၅။ သရေစာ စားသုံးပါ
ကိုယ်အလေးချိန် လျှော့ချလိုတယ် ဆိုရင် အစာကို မကြာခဏ စားပေးဖို့ လိုပါတယ်။ အစာအနပ်ကြီး တစ်နပ်နဲ့ တစ်နပ်ကြားမှာ ဇီဝရုပ်ဖြစ်ပျက်မှုက အ နည်းဆုံးပါ။ အဲဒီအချိန်မှာ သရေစာ စား ပေးပါက ကယ်လိုရီတွေ ပိုလောင်ကျွမ်း စေပါတယ်။ လေ့လာမှုများစွာအရ သရေ စာစားတာကြောင့် အစာအနပ်ကြီး စား သုံးမှုလျော့နည်းသွားစေတာကို တွေ့ရ ပါတယ်။

၆။ အစပ်စာ စားသုံးပါ
အစပ်စာတွေ စားသုံးတာက ဇီဝရုပ် ဖြစ်ပျက်မှု အမြန်ဆုံးပါ။ ဟင်းလျာတွေ ချက်ပြုတ်ရာမှာ ငရုတ်သီး အစိမ်းဖြစ်စေ အနီဖြစ်စေ ထောင်းပြီး ထမင်းစားဇွန်း တစ်ဇွန်း ထည့်ချက်စားပါ။ တစ်နေ့တာ စားသုံးတဲ့ အစားအစာတွေထဲမှာ အစပ် ပါဝင်လို့ မကြာခဏ စားသုံးမိတာကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုတွေကို မြန်ဆန်ကောင်း မွန်နေစေပါတယ်။

၇။ ပရိုတင်း စားသုံးပါ
အစာ စားသုံးလိုက်တဲ့အခါ အဆီနဲ့ ကာဗိုဟိုက်ဒရိတ်တွေထက် ပရိုတင်းကို ချေဖျက်ဖို့အတွက် ကယ်လိုရီ အများအ ပြား အသုံးပြုရပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် စားသုံးပါ။ ကာဗို ဟိုက်ဒရိတ်နဲ့ အဆီတွေအစား အဆီဖယ် ထားတဲ့အသား၊ ပဲအမျိုးမျိုး စားသုံးပါ။ အမဲသား၊ ကြက်သား၊ တို့ဟူး၊ အစေ့အ ဆန်၊ ကြက်ဥနဲ့ အဆီနည်း နို့နဲ့ နို့ထွက် ပစ္စည်းစတာတွေကနေ ပရိုတင်းဓာတ်ကို ရရှိနိုင်ပါတယ်။

၈။ နို့ဆီ၊ သကြား မထည့်ဘဲ ကော်ဖီ သောက်ပါ
ကော်ဖီသောက်သုံးတဲ့အခါ သကြား နဲ့ နို့ဆီတွေ အများကြီး ထည့်ပြီး သောက် သုံးမယ့်အစား ဘာမှမထည့်ဘဲ ကော်ဖီ ကို ပလိန်းသောက်ပါ။ ကော်ဖီတစ်ခွက် သောက်လိုက်ပါက ဇီဝဖြစ်ပျက်မှုနှုန်း ခဏ မြန်ဆန်လာတာကို တွေ့ရပါတယ်။ ကဖင်းဓာတ်က မောပန်းမှုကို လျော့နည်း စေပြီးခံနိုင်ရည်အားကိုမြင့်မားစေပါတယ်။

၉။ လက်ဖက်စိမ်းရည် သောက်ပါ
လက်ဖက်စိမ်းရည် သောက်သုံးတဲ့ အခါ ကဖင်းနဲ့ ကက်တီချင်ကို ရရှိနိုင်ပြီး နှစ်နာရီအတွင်းမှာ ဇီဝဖြစ်ပျက်မှုတွေ မြန်ဆန်စေပါတယ်။ လေ့လာမှုတွေအရ တစ်နေ့ကို လက်ဖက်စိမ်းရည် ၂-၄ ခွက် သောက်တာကြောင့်ကယ်လိုရီ ၁၇ ရာ ခိုင်နှုန်း လောင်ကျွမ်းစေပါတယ်။

၁၀။ အစာရှောင်ပြီး ကိုယ်အလေးချိန် ချတာကို ရှောင်ပါ
တစ်နေ့ကို အမျိုးသားတွေအနေနဲ့ ကယ်လိုရီ ၁၈၀၀ စားသုံးသင့်ပြီး အမျိုး သမီးတွေအနေနဲ့ ၁၂၀၀ စားသုံးသင့်ပါ တယ်။ ‘ဒီမာဏက ကိုယ်အလေးချိန် လျှော့ချရေးမှာ ကူညီနိုင်ပါတယ်။ အစာ အာဟာရကို အလွန်လျှော့ချပြီး စားသုံး တာက အာဟာရချို့တဲ့မှု ဖြစ်စေပါတယ်။ ကြွက်သားတွေ ဆုံးရှုံးပြီး ဇီဝရုပ်ဖြစ်ပျက် မှုကို နှေးသွားစေပါတယ်။ ကယ်လိုရီ လောင်ကျွမ်းမှု နည်းသွားပြီး ကိုယ်အ လေးချိန် လျှော့ချရာမှာ မထိရောက်တာ မျိုး ဖြစ်နိုင်ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal