ညစာမစားဘဲ ဝိတ်ချတာကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်လား

ကိုယ်အလေးချိန်များနေလို့ ကိုယ့် ကိုယ်ကိုယ် ၀တယ်ဆိုပြီး ညစာ မစားဘဲ ဝိတ်ချနေပါသလား။ ညစာမစားဘဲ ဗိုက် ဟောင်းလောင်းနဲ့ ညအိပ်ရာဝင်တာကြောင့် သင့်ကျန်းမာရေးအပေါ် သက်ရောက်နိုင် တဲ့အချက်တွေ ရှိနေပါတယ်။ ဆာလောင်မှု ကြောင့် ဦးနှောက်ကနေ ဟော်မုန်းတွေ ထွက်ရှိပြီး အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ် ပျော်တဲ့အဆင့်ကို မရောက်တာကြောင့် ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါ တယ်။ ဒါကြောင့် ထိရောက်တဲ့ ကိုယ်အ လေးချိန်လျှော့ချနိုင်ဖို့ဆိုရင် ညစာ မစားဘဲ နေတာက ထိရောက်တဲ့ နည်းလမ်းတစ်ခု မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွတ် စွာ ချိန်ကိုက်စားမယ်၊ လုံလောက်တဲ့ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုရှိမယ်ဆိုရင် ကိုယ်အ လေးချိန်ကို မြန်မြန်ဆန်ဆန်နဲ့ ထိရောက် စွာ လျှော့ချနိုင်မှာဖြစ်ပါတယ်။

စိတ်ဖိစီးမှုမြင့်မားစေတယ်
လူတစ်ယောက်အတွက် တစ်ညကို အိပ်ချိန် ခုနစ်နာရီကနေ ကိုးနာရီအတွင်း အိပ်စက်ချိန်ရသင့်ပါတယ်။ ဆာလောင် နေတာကြောင့် တော်တော်နဲ့ အိပ်မပျော် တာ၊ အိပ်ပျော်သွားရင်လည်း အိပ်မက် တွေ မက်နေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ် ပျော်တဲ့အဆင့်ကို မရောက်တာမျိုး ဖြစ် တတ်ပါတယ်။ တစ်နေကုန်ပင်ပန်းခဲ့သမျှ တွေနဲ့ ခံစားရတဲ့ စိတ်ဖိစီးမှုတွေက နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်ပြီး အိပ်ရေးဝသွားတဲ့ အချိန်မှာ လျော့နည်းသွားတတ်ပေမယ့် ဆာလောင်မှုနဲ့အိပ်စက်နေသူတွေမှာတော့ ဒီလိုမျိုး အကျိုးကိုမရဘဲ စိတ်ဖိစီးမှုတွေ ပိုလို့ တိုးလာစေပါတယ်။

စိတ်ဂနာမငြိမ်ဖြစ်တတ်တယ်
အိပ်ပျက်များတဲ့အခါ စိတ်ကျန်းမာ ရေးကို ထိခိုက်စေပါတယ်။ စိတ်ခံစားမှု ကောင်းပြီး ပျော်ရွှင်စေတဲ့ ဆီရိုတိုနင် ဟော်မုန်း ထုတ်လုပ်ဖို့ဆိုရင် ကာဗိုဟိုက်ဒ ရိတ် လိုအပ်ပါတယ်။ ညစာမစားဘဲ ဆာ လောင်စွာနဲ့ အိပ်စက်သူတွေမှာ ဆီရိုတိုနင် ဟော်မုန်းထုတ်လုပ်ဖို့ ကာဗိုဟိုက်ဒရိတ် မရှိတာကြောင့် စိတ်ပျော်ရွှင်မှုတွေ အလိုလို ဆိတ်သုဉ်းပြီး စိတ်ဂနာမငြိမ်၊ ကယောက်က ယက်တွေ ဖြစ်လာပါတယ်။ အထူးသဖြင့် စိုးရိမ်သောကဖြစ်တာနဲ့ စိတ်ကျရောဂါဖြစ် တာတွေ ခံစားရနိုင်ခြေများပါတယ်။ ညစာ မစားဘဲ ဆာလောင်စွာနဲ့ အိပ်ရာဝင်တာ မျိုးက စိတ်ကျန်းမာရေးအတွက် မကောင်း ဘူးလို့ စိတ်ကျန်းမာရေးဆရာဝန်တွေက မှတ်ချက်ပြုထားပါတယ်။

စွမ်းအားလျော့နည်းစေတယ်
ညစာ မစားဘဲ ဆာလောင်စွာနဲ့ အိပ် ရာဝင်တာကြောင့် နောက်တစ်နေ့မနက် အိပ်ရာက နိုးတဲ့အခါ စွမ်းအားတွေ လျော့ နည်းပြီး မောပန်းနွမ်းနယ်နေတတ်ပါ တယ်။ ဆာလောင်မှုကြောင့် လုံလောက်တဲ့ အိပ်စက်ချိန်မရတာက ခန္ဓာကိုယ်အတွက် အနားယူမှု မဖြစ်စေတာကြောင့်ပါ။ နောက် တစ်နေ့မှာ စွမ်းအင်ပြည့်ဝစေဖို့ဆိုရင် လုံလောက်တဲ့ မနက်စာကို စားသုံးရမှာ ဖြစ်ပါတယ်။

ကိုယ်အလေးချိန်တက်စေတယ်
ညစာမစားတာကြောင့် ကိုယ်အ လေးချိန်ကျစေဖို့ ကူညီနိုင်တယ်လို့ ထင် နေပါသလား။ ပညာရှင်တွေရဲ့ ပြောကြား ချက်အရ ကိုယ်အလေးချိန်တိုးလာပြီး မလိုချင်တဲ့ ပေါင်ချိန်မျိုး ဖြစ်လာတတ် တယ်လို့ ဆိုပါတယ်။ ပထမအချက်က တော့ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ် မပျော်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ် ပျက်မှုက နှေးသွားတတ်ပါတယ်။ ဇီဝရုပ် ဖြစ်ပျက်မှု နှေးကွေးတာကြောင့် ကိုယ်အ လေးချိန် တက်လာစေပါတယ်။ ဒုတိယ တစ်ချက်ကတော့ လုံလောက်တဲ့ အိပ်ချိန် မရတာကြောင့် ဆာလောင်မှုပိုမိုလာစေပါ တယ်။ ဒီနှစ်ချက်ကြောင့် ကိုယ်အလေး ချိန်တက်လာပြီး ခါးအရွယ်အစားလည်း ကြီးလာကာ ဗိုက်ပူခါးတုတ်တွေ ဖြစ်လာ ပါတယ်။

ကိုယ်အလေးချိန်ကျချင်တယ်၊ ညစာ မစားဘဲနေတာကလည်း မကောင်းဘူးဆို တာ သိပြီဆိုရင်တော့ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ အချက်ကို ပြောပြပါမယ်။ ညစာကို စားတဲ့အခါ စားတဲ့အချိန်က အရေးကြီးပါ တယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ညစာဖြစ် ရပါမယ်။ ညအိပ်ရာမဝင်မီ အနည်းဆုံး နှစ် နာရီ သုံးနာရီလောက် ခွာပြီးစားပါ။ အိပ်ရာ ဝင်ခါနီးမှ ညစာစားပြီး လဲလျောင်းအိပ်စက် မယ်ဆိုရင် အစာအိမ်ထဲမှာရှိနေတဲ့ အက် စစ်နဲ့ အစာအရောတွေ နောက်ပြန်ထွက် လာပြီး မလိုလားအပ်တဲ့ ရင်ပူတာ၊ အစာရေ မျိုမှာ အနာဖြစ်တာတွေ ခံစားရနိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal