ညဘက်မှာ ခေါင်းကို ရေလောင်းချိုးရင်လေဖြတ်တတ်သလား

ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်မှာ သိမှု၊ မြင် မှု နာကျင်မှုနဲ့ လှုပ်ရှားသွားလာမှုတွေကို အဓိကထိန်းချုပ်ထားတာက ဦးနှောက် ပါ။ ဦးနှောက်မှာ သက်ဆိုင်ရာကဏ္ဍအ လိုက် ထိန်းချုပ်ထားတဲ့ဗဟိုဌာနတွေ အ များကြီးရှိပါတယ်။ အဲဒီဌာနချုပ်သာ ပျက်စီးသွားပြီဆိုရင် သက်ဆိုင်ရာဌာနအ လိုက် အလုပ်မလုပ်ကြတော့ပါဘူး။ ဌာန ချုပ်လို့ ဆိုရာမှာ အသက်ရှင်သန်ရေးအ တွက် အဓိကကျတဲ့နှလုံး၊ အဆုတ်၊ အ ညစ်အကြေးစွန့်ထုတ်တဲ့နေရာကလွဲပြီး ကျန်တဲ့နေရာတွေက ဌာနချုပ်တွေ ထိ ခိုက်ပျက်စီးရင်တော့ ချက်ချင်းမသေနိုင် ဘဲ နှစ်ရှည်များစွာခံစားရပြီး အဓိကကျတဲ့ အင်္ဂါတွေကို ထိခိုက်ပြီဆိုမှ ကိစ္စပြတ်ကြ တာမဟုတ်ပါလား။
လေဖြတ်တယ်ဆိုတာ ရုတ်တရက် တော့ သေနိုင်တာမဟုတ်။ ဦးနှောက်သွေး ခဲတာကြောင့် ဗဟိုဌာနချုပ်တွေ အလုပ် မလုပ်နိုင်ဖြစ်ရတာ။ ဦးနှောက်သွေးကြော ပေါက်တာမျိုးဆိုရင် အတွင်းထဲသွေးယို နေတဲ့အတွက် များများယိုလေ မြန်မြန် ကိစ္စပြတ်လေပါ။ ကိစ္စပြတ်တာဆိုတာ လည်း အဓိက အသက်ရှင်သန်ရေးအ တွက် လိုအပ်တဲ့ နှလုံး၊ လေလမ်းကြောင်း ဗဟိုဌာနကို ထိခိုက်လာရင် ကိစ္စပြတ်ကြ တာများပါတယ်။ လေဖြတ်ခဲ့ဖူးသူဆိုရင် လည်း ဒါဟာ ပထမဆုံးအကြိမ် တပ်လှန့် နှိုးဆော်တာဖြစ်တယ်။ မဆင်မခြင်နေရင် တော့ နောက်တစ်ခေါက်ထပ်ဖြစ်ရင် အချီကြီးဖြစ်သွားတတ်ပါတယ်။ ပထမအ ကြိမ်ဖြစ်ရင် ဂရုစိုက်နေပါမှ အသက်ရှင်ဖို့ ဖြစ်နိုင်ပါတယ်။
ဦးနှောက်ဆိုတဲ့အရာကလည်း နူး ညံ့လှပါတယ်။ တည်ဆောက်ထားတာက လည်း ရှုပ်ထွေးပြီး ဗဟိုဌာနတစ်ခုနဲ့တစ် ခုကလည်း သတ်သတ်မှတ်မှတ်အကန့် တွေ၊ အိမ်တွေ၊ အိတ်ငယ်တွေအနေနဲ့ တည်ရှိတာမဟုတ်။ ဒီတော့ ခွဲစိတ်တဲ့အ ခါ အထိအခိုက်ကိုမခံနိုင်။ အတွင်းဘက် ဆုံးကျတဲ့နေရာကို ခွဲဖို့ ဝင်ရှင်းရမယ့်လမ်း ကြောင်းကလည်း ခက်ခဲပြီး အထိအခိုက် တွေအများကြီးရှိနိုင်ပါတယ်။ ဒါပေမဲ့ ခွဲရ၊ စိတ်ရ စိတ်တိုင်းမကျနိုင်ဘဲ မအောင်မြင် ကြတာများပါတယ်။ ဒီတော့ မဖြစ်တာ အကောင်းဆုံး။ ကာကွယ်တာက ကုသ ထာထက် ပိုအကျိုးရှိပါတယ်။ မဖြစ် အောင်ဆင်ခြင်နေထိုင်ရတယ်မဟုတ်ပါ လား။ မွေးရာပါသွေးကြောရောင်ရောဂါ ကလွဲပြီး သွေးကြောပေါက်၊ သွေးခဲတာ တွေက သွေးတိုးရောဂါရှိနေတာကြောင့် ဖြစ်ပါတယ်။ ခဲနေတဲ့သွေးက နေရာရွှေ့ ပြီး ဦးနှောက်သွေးကြောမှာ ပိတ်ဆို့တာ မျိုးရှိပေမယ့် နည်းပါတယ်။
သဘာဝကလည်း သတ္တဝါတွေကို ဖန်တီးတဲ့အခါ ဦးနှောက်ကိုမထိခိုက် အောင်၊ မာကျောတဲ့ဦးခွံ၊ ဦးနှောက်နဲ့ဦး နှောက်အမြှေးပါးဆိုပြီး ကာရံထား၊ ကာ ကွယ်ပေးထားပါတယ်။ အရမ်းမာကျော တဲ့ဦးခေါင်းခွံကလွဲပြီး ဦးနှောက်ကိုထိ ခိုက်သလို ဦးခေါင်းခွံကို လုံးဝမထိခိုက် ဘဲ ဦးနှောက်ထဲအာဟာရဓာတ်ပို့ဆောင် ပေးနေတဲ့ သွေးကြောပေါက်ကလည်း ဦး နှောက်ပျက်စီးနိုင်တယ်မဟုတ်ပါလား။
ပြီးခဲ့တဲ့လက သူငယ်ချင်းဆရာဝန် မနဲ့ ဆရာသမား (အိုဂျီအထူးကု)နှစ်ဦးစ လုံး အသည်းအသန်လူနာခန်းမှာ သတိ မေ့မြောပြီး အသက်ကို စက်တပ်ပြီး သေ မင်းအခေါ်ကို အံတုနေကြတာကို ဝမ်း နည်းစရာမြင်တွေ့ခဲ့ရပါတယ်။ သူငယ် ချင်းဖြစ်သူကတော့ သွေးတိုးနဲ့ကင်ဆာ ဝေဒနာဖြစ်နေသူပါ။ နောက်ဆုံးကတော့ သွေးပေါင်ဆောင့်တက်ပြီး ခေါ်မရတော့ တာ။ ဆရာမကတော့ နှလုံးသွေးကြောအ စားထည့်ထားတာ။ နှလုံးခုန်နှုန်းမမှန်ဖြစ် ပြီး သတိကို ပြန်မလည်တော့တာ။ ရှေ့ ဆင့်နောက်ဆင့်ဆုံးပါးသွားကြပါတယ်။
ဒီနေ့ကာလမှာ အွန်လိုင်းအသုံးများ တဲ့အတွက် ဆရာဝန်တချို့နဲ့ ဆရာဝန်မ ဟုတ်တဲ့သူတချို့လည်း ကျန်းမာရေး ပ ညာပေးသဘောနဲ့ တင်ကြပါတယ်။ ပြင်ပက ထင်ကြေးနဲ့ မှိုင်းတိုက်နေတဲ့ သူတွေကတော့ ပြောပါလိမ့်မယ်။ ည ဘက်ခေါင်းရေချိုးရင် ဦးခေါင်းသွေး ကြောကျဉ်းပြီး လေဖြတ်တတ်တယ်လို့ အတည်ပေါက်နဲ့ရေးကြတာကို တွေ့ရပါ လိမ့်မယ်။ ရေအေးနဲ့ ဦးခေါင်းခွံကိုထိတဲ့ အခါ အအေးဓာတ်က ချက်ချင်းဦးနှောက် သွေးကြောထဲရောက်ပြီး ဦးနှောက်အ အေးပတ်ပြီးဖြစ်ရတယ်တဲ့။ မယုံကြည်ရ ပါဗျား။
  အေးကမ္ဘာ ဒေါက်တာ ချစ်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *