ညလိမ်းခရင်မ်အသုံးပြုခြင်း၏အကျိုးကျေးဇူး

ညအိပ်ရာဝင်ခါနီးတိုင်း ညလိမ်း ခရင်မ်ကို မလိမ်းဘဲ မအိပ်မိပါစေနဲ့။ သူက သင့်မျက်နှာအတွက် အလွန်အသုံးဝင်တာကြောင့်ပါ။ မျက်နှာပေါ်က အညစ်အ ကြေးတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဆဲလ်သစ်တွေ ထွက်ပေါ်စေပြီး တစ်သျှူး ပျက်စီးမှုမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ညလိမ်းခရင်မ်အသုံးပြုတာကြောင့် အောက်ပါအကျိုးကျေးဇူးတွေ ရရှိနိုင် ပါတယ်။
– သင့်မျက်နှာရဲ့ ခြောက်သွေ့နေတဲ့ အစိတ်အပိုင်းတွေကို အစိုဓာတ်ရရှိ စေပါတယ်။
– မျက်နှာကို နူးညံ့ပျော့ပျောင်းစေပါ တယ်။
– အသားအရောင်လှပစေပါတယ်။
– အရေပြားပေါ်မှာ ရှိတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို ကောင်းမွန်စေပါ တယ်။
– မျက်နှာပေါ်က သွေးလှည့်ပတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။
– မျက်နှာပေါ်က အရေးကြောင်းနဲ့ အစက်အပြောက်တွေကို မှေးမှိန် စေနိုင်ပါတယ်။
– အရေပြားတွဲမကျအောင် ကာကွယ် နိုင်ပါတယ်။
– အရေပြားကျုံ့နိုင်ဆန့်နိုင်အားကို ထိန်းသိမ်းပေးပါတယ်။
– အရေပြားအတွက် အာဟာရရရှိစေ ပြီး ဆဲလ်သစ်တွေ ထွက်ပေါ်လာ အောင်ကူညီပေးပါတယ်။

ညလိမ်းခရင်မ်ကို ရွေးချယ်ရာမှာ ပျစ်လွန်းတဲ့အမျိုးအစားမျိုးကို အသုံး မပြုပါနဲ့။ မွေးညင်းပေါက်တွေ ပိတ်ဆို့ ပြီး အရေပြားအတွင်း လေဝင်လေထွက် မကောင်းနိုင်တာကြောင့်ပါ။ ဒါ့အပြင် အနံ့အသက်ကင်းတဲ့အမျိုးအစားကို ရွေးချယ်ပါ။

ဘာကြောင့် ညလိမ်းခရင်မ်လိမ်းသင့်ပါသလဲ
သင့်အရေပြားတွေက နေ့ခင်း ဘက်ထက် ညဘက်မှာ အရေပြားပေါ် က ပစ္စည်းတွေကို စုပ်ယူမှုအား ပိုမို ကောင်းမွန်ပါတယ်။ ဒါ့အပြင် အရေ ပြားကို ပြန်လည်ပြုပြင်တဲ့လုပ်ငန်းက လည်း ညအိပ်ချိန်မှာ ပိုပြီးတော့ တက် ကြွမှုရှိပါတယ်။

ဘယ်လိုလိမ်းမလဲ
– ပထမဆုံး ညလိမ်းခရင်မ်မလိမ်းခင် မှာ မျက်နှာပေါ်က အညစ်အကြေး တွေ၊ မိတ်ကပ်တွေ ကုန်စင်အောင် မျက်နှာသန့်စင်ပါ။
– သင့်လက်ညှိုးနဲ့ ညလိမ်းခရင်မ်အ နည်းငယ်ယူပြီး မျက်နှာပေါ်မှာ တို့ လိုက်ပါ။
– ပြီးရင် စက်ပိုင်းပုံစံ အပေါ်ဘက်ကို ဆွဲပြီး ခရင်မ်ကိုအသားထဲ ဝင် အောင်နှိပ်နယ်ကာ လိမ်းပေးပါ။
– မျက်ခွံနေရာကို ညလိမ်းခရင်မ် မလိမ်းပါနဲ့။
အိမ်မှာပြုလုပ်နိုင်တဲ့
ညလိမ်းခရင်မ်
ညလိမ်းခရင်မ် ကုန်နေခဲ့ရင် ဒါမှ မဟုတ် အသစ်မဝယ်နိုင်သေးရင် အိမ် မှာပဲ အောက်ပါအတိုင်း ညလိမ်းခရင်မ် ပြုလုပ်နိုင်ပါတယ်။
– ပန်းသီးတစ်ခြမ်းကို အူတိုင်ဖယ်ပြီး မွှေစက်နဲ့ ကြိတ်ခြေပါ။
– ပြီးရင် သံလွင်ဆီတစ်ခွက်စာနဲ့ အဲ ဒီပန်းသီးကို ရောစပ်ကာ အိုးတစ်ခု ထဲထည့်ပြီး နွေးအောင် အပူပေးပါ။
– ပြီးရင် အအေးခံပါ။
– နှင်းဆီရည်ထည့်ကာ သေချာမွှေ ပါ။
– ရလာတဲ့ညအိပ်ခရင်မ်ကို အသုံးပြု လို့ရပါပြီ။ ပိုနေတဲ့ညလိမ်းခရင်မ်ကို ရေခဲသေတ္တာထဲ ထည့်ကာ သိမ်း ဆည်းနိုင်ပါတယ်။

လှပတ္တမြား

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *