ညအိပ်ချိန်နောက်ကျလေ့ရှိသူများ စိတ်ကျရောဂါနှင့် စိတ်ကစဥ့်ကလျားရောဂါဖြစ်နိုင်ခြေများ

ညစဉ်ညတိုင်း အိပ်ချိန်နောက်ကျနေလေ့ရှိသူတွေမှာ စိတ် ကျရောဂါနဲ့စိတ်ကစဥ့်ကလျားရောဂါဖြစ်နိုင်ခြေများတယ်လို့ လေ့လာတွေ့ရှိထားကြပါတယ်။ ဇီးကွက်လို ညမအိပ်ဘဲ မနက် စောပိုင်းကျမှ နေမြင့်အောင်အိပ်တဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးချို့ယွင်းမှုတွေ ဖြစ်လာနိုင်ပြီး စိတ်ကျရောဂါနဲ့ စိတ် ကစဥ့်ကလျားရောဂါတွေဖြစ်နိုင်ခြေပိုများတာကို University of Exeter မှ သုတေသီတွေ လေ့လာတွေ့ရှိခဲ့ကြတာဖြစ်ပါ တယ်။ လူပေါင်း ၇၀၀၀၀၀ နီးပါးဆီက နေ့စဉ်နေထိုင်စားသောက် မှုနဲ့ အိပ်စက်အနားယူမှုအလေ့အကျင့်တွေကို စစ်တမ်းကောက် ယူလေ့လာခဲ့ကြရာမှာ အိပ်ချိန်နောက်ကျသူတွေမှာ စိတ်ပိုင်းဆိုင် ရာကျန်းမာရေးချို့ယွင်းမှုတွေရှိလာနိုင်တာကို လေ့လာတွေ့ရှိခဲ့ ကြတယ်လို့ လေ့လာမှုဦးဆောင်သူ ပါမောက္ခမိုက်ဝီဒန်က ဆိုပါ တယ်။ ညဘက်အိပ်ရာစောစောဝင်ပြီး မနက်စောစောထတတ်သူ တွေမှာတော့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးချို့ယွင်းမှုတွေကို ကာ ကွယ်ထိန်းသိမ်းထားနိုင်စွမ်းရှိတာကို တွေ့ရှိထားခဲ့ကြပြီး အိပ် စက်မှုပုံမမှန်သူတွေကို ကုသဖို့နဲ့ စိတ်ရောဂါအခြေအနေကာ ကွယ်ဖို့တွေအတွက် ဒီတွေ့ရှိမှုအချက်အလက်တွေကို အသုံး ချသွားနိုင်မယ်လို့ ပါမောက္ခမိုက်ဝီဒန်ကNature Commu- nications ဆိုတဲ့ စာစောင်မှာ ဖော်ပြထားခဲ့ပါတယ်။

(DM, 31.1.19) သံသာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *