ညအိပ်ရာဝင်ခါနီး ဒါတွေ မစားပါနဲ့

အိပ်ခါနီးမှ ဗိုက်ဆာတာ၊ ဗိုက်ဆာပြီး နိုးလာတာ ကို လူအတော်များများကြုံဖူးပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်မှုရအောင် ဒီအစားအစာတွေကိုရှောင်ပါ။

(၁) ဟင်းသီးဟင်းရွက်
ဟင်းသီးဟင်းရွက်တွေဟာ ဗီတာမင်စုံစုံလင်လင် ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက် အကူပြုတဲ့စားစရာတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဘရိုကို လီ၊ ပန်းဂေါ်ဖီစတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ရေမှာ မပျော်ဝင်တဲ့အမျှင်ဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ် က အစာခြေဖို့အတွက် အချိန်ကြာကြာလိုအပ်ပါတယ်။ ညအိပ်ရာဝင်ခါနီးစားမိမယ်ဆိုရင် ခန္ဓာကိုယ်က အစာ ချေစနစ်အလုပ်လုပ်နေရမှာဖြစ်လို့ အိပ်စက်တာကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

(၂) အနီရောင်အသား
အနီရောင်အသားတွေဟာလည်း ပရိုတင်းဓာတ်အများအပြားပါဝင်တာမို့ ခန္ဓာကိုယ်အတွက်အစာခြေ ချိန်ကြာမြင့်စွာ အလုပ်လုပ်ရစေပါတယ်။ ဒါကြောင့် ကောင်းမွန်စွာအိပ်ပျော်စေဖို့ အိပ်ရာဝင်ခါနီး အနီရောင် အသားတွေ စားတာကိုလည်း ရှောင်ပါ။

(၃) အစပ်စာများ
အစပ်စာတွေဟာ သင်ရဲ့ ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေလို့အိပ်စက်မှုစက်ဝန်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အိပ်မက်ဆိုးမက်ပြီး လန့်နိုးသလို မျိုးရင်ပူပြီး လန့်နိုးလာတာမျိုးလည်း ဖြစ်စေတတ်ပါ တယ်။ ဒါကြောင့် အိပ်ခါနီးမှာ အစပ်စာတွေစားတာကို လည်းရှောင်ပါ။

(၄) ကဖင်းပါသောစားစရာများ
ကဖင်းဓာတ်ဆိုတာကိုတော့ လူအတော်များများရင်းနှီးပြီးသားဖြစ်မှာပါ။ ကဖင်းပါတဲ့ စားစရာတွေက သင့်ကို နိုးကြားစေပြီး စွမ်းအင်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် နံနက်ခင်းနဲ့ နေ့လယ်ဘက်မှာပဲ ကဖင်းပါတဲ့ စားစရာတွေကို စားသုံးသင့်ပါတယ်။ ချောကလက်က လည်း ကဖင်းဓာတ်ပဲဆိုတာကို မမေ့ပါနဲ့။

(၅) အရက်
လူတချို့က အရက်သောက်မှအိပ်ပျော်တယ်ထင် တာမှားပါတယ်။ တကယ်တမ်းမှာ အရက်က အိပ်နေ စဉ် အသက်ရှူရပ်တာ (Sleep Apnea) မျိုးဖြစ်တတ် ပြီး အိပ်စက်မှုစက်ဝန်းကို အနှောင့်အယှက် ပေးနိုင်ပါ တယ်။ သင်အိပ်ပျော်နေစဉ် ခန္ဓာကိုယ်တွင်း ရေဓာတ် ခန်းခြောက်တာကိုလည်း ဖြစ်စေပါတယ်။ အရက်က အိပ်ပျော်စေတဲ့ဆေးမဟုတ်ပါဘူး။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal