တင်းတိပ်ပျောက်ကင်းစေသော အလွယ်ကူဆုံး နည်းလမ်းများ

အသားအရေညိုမည်းရတာက မယ်လ်တို နင်တွေများလို့ပါ။ အဲ့ဒါတွေ အရေပြားရဲ့ အပေါ်ဆုံး အလွှာမှာ အစုလိုက်ဖြစ်လာတဲ့အခါ တင်းတိပ်တွေ ပေါ်လာပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုများ တာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ၊ ဟော် မုန်းမညီမျှတာ၊ မီးယပ်သွေးဆုံးချိန်ဖြစ်တာ စတဲ့ အကြောင်းတွေကြောင့် မျက်နှာမှာ တင်းတိပ်တွေ ပေါ်လာတတ်ပါတယ်။

ကြံရည်
ဂလိုင်ကိုးလစ်အက်စစ်က အယ်လ်ဖာဟိုက် ဒရောက်ဆီအက်စစ်တွေထဲကတစ်ခုဖြစ်ပြီး အ သားဖြူစေတဲ့ အလှကုန်ပစ္စည်းတွေမှာ ထည့်သွင်း ထုတ်လုပ်ပါတယ်။ ဂလိုင်ကိုးလစ်အက်စစ်က ကြေး ကျွတ်စေပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးတဲ့ အပြင် ဆဲလ်တွေပျက်စီးမှုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဖန်တီးထုတ်လုပ်ထားတဲ့ ဂလိုင်ကိုးလစ်အက်စစ်က အရေပြားအတွက် ရာ နှုန်းပြည့် စိတ်မချရပါဘူး။ ကြံထဲမှာ ဂလိုင်ကိုးလစ် အက်စစ်ပါဝင်ပြီး သဘာဝကရတာကြောင့် အရေ ပြားအတွက်စိတ်ချရပြီး တင်းတိပ်တွေကို ဖယ်ရှား နိုင်ပါတယ်။
 ပြုလုပ်နည်း 
ကြံရည်ထမင်းစားဇွန်းနှစ်ဇွန်း၊ ဒိန်ချဉ် ထမင်း စားဇွန်းနှစ်ဇွန်း၊ သံလွင်ဆီ ၁-၂ စက်တို့ကိုရောမွှေ ပြီး တင်းတိပ်ရှိတဲ့ အရေပြားပေါ်လိမ်းပေးပါ။ မျက် လုံးတစ်ဝိုက်ကို ချန်ပြီး အရေပြားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ။ ၅မိနစ်လောက် ပွတ်လိမ်းပြီးနောက် ကြက်သီးနွေးရေနဲ့ သန့်စင်ပေးပါ။ ပြီးနောက် ချမို မိုင်းလက်ဖက်ရည်နဲ့ ထပ်မံမျက်နှာသစ်ပါ။ ရေခြောက် အောင် မသုတ်ဘဲ မစိုမခြောက်အချိန်မှာ သံလွင်ဆီ လိမ်းပေးပါ။

သခွားသီး
သခွားသီးက အေးတဲ့ အာနိသင်ရှိပြီး ဆဲလ်အ သစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ အရေပြားကို ကြေးချွတ်ပေးပြီး အသားအရေ ဖြူဝင်းစေပါတယ်။ သခွား သီးအစေ့ထဲမှာ ဖီနိုင်အယ်လနင်းပါဝင်ပြီး အရေပြားပေါ်မှာတင်းတိပ်ဖြစ်စေတဲ့ မယ်လ်တို နင်တွေထုတ်လုပ်မှုကို လျော့နည်းစေပါတယ်။ သခွားသီးကိုအစေ့တွေပါ ရောကြိတ်ခြေပြီး သံလွင် ဆီ၊ ဗီတာမင်အီးတို့နဲ့ရောပြီး လိမ်းပေးပါက အရေ ပြားဆဲလ်တွေ ပျက်စီးမှုမှ ကာကွယ်ပါတယ်။

 ပြုလုပ်နည်း 
သခွားသီးကို အကွင်းလိုက်ခပ်ပါးပါးလှီးပြီး တင်း တိပ်ရှိတဲ့ အရေးပြားပေါ်လိမ်းနိုင်ပါတယ်။ သခွားသီး ကိုကြိတ်ခြေပြီး သံလွင်ဆီတို့နဲ့ ရောပြီးလည်း လိမ်း နိုင်ပါတယ်။ ၁၅ မိနစ်ထားပြီး ကြက်သီးနွေး ရေနဲ့ သန့်စင်ပေးပါ။ နေ့စဉ်ပြုလုပ်ပေးပါ။

ခရမ်းသီး
ခရမ်းသီးမှာပါဝင်တဲ့ဒြပ်ပေါင်းတွေက တင်း တိပ်တွေအပြင် မျက်နှာပေါ်က အမည်းစက်တွေကို လည်း ဖယ်ရှားနိုင်ပါတယ်။ ခရမ်းသီးထဲမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အင်တီအောက်ဆီးဒင့်နဲ့ အပင်က ရတဲ့ အာဟာရတွေ မျိုးစုံပါဝင်ပါတယ်။ ခရမ်းသီးထဲက နစူနင်ဆိုတဲ့ အင်တီအောက်ဆီးဒင့်က ဆဲလ်နံရံတွေ ကို ဓာတ်တိုးပစ္စည်းတွေရဲ့ ဖျက်ဆီးမှုမှ ကာကွယ်ပေး ပါတယ်။ ခရမ်းသီးက တင်းတိပ်ဖြစ်ပွားမှုကို အား ပေးတဲ့ တိုင်ရိုစင်းနေ့ အင်ဇိုင်းထုတ်လုပ်မှုကို တား ဆီးပေးပြီး တင်းတိပ်ဖြစ်စေတဲ့ မယ်လ်တိုနင် ဟော် မုန်းထုတ်လုပ်မှုကိုလည်း တားဆီးပါတယ်။
 ပြုလုပ်နည်း 
လတ်လတ်ဆတ်ဆတ်ခရမ်းသီးကို အကွင်း လိုက်လှီးပြီး တင်းတိပ်ရှိတဲ့အရေပြားပေါ် စက် ဝိုင်းပုံစံပွတ်ပေးပါ။ ၅-၇ မိနစ်လောက် ပြုလုပ်ပါ။ ပြီးနောက် ၁၀-၁၅ မိနစ်လောက်ထားပြီးမှ ကြက် သီးနွေး ရေနဲ့သန့်စင်ပေးပါ။ ၇-၁၀ ရက် အတွင်း မှာ တင်းတိပ်တွေ လျော့သွားပါလိမ့်မယ်။

ငှက်ပျောသီး
ငှက်ပျောသီးကိုအသုံးပြုပြီးလည်း မျက်နှာ ပေါ်က အလှဖျက်နေတဲ့ တင်းတိပ်တွေကိုဖယ်ရှား နိုင်ပါတယ်။ ငှက်ပျောသီးထဲမှာ ဗီတာမင်နဲ့ သတ္တု ဓာတ်မျိုးစုံပါဝင်ပါတယ်။ ဆယ်လီစလစ်အက်စစ် ပါဝင်ပြီး အရေပြားရဲ့ အပေါ်ယံလွှာပေါ်က အမည်း စက်တွေနဲ့ တင်းတိပ်တွေကို အရောင်ဖျော့သွားစေ ပါတယ်။ ကြေးချွတ်အာနိသင်ရှိပြီး ဆဲလ်သေတွေ ကို ဖယ်ရှားတာကြောင့် အသားအရေဖြူဝင်းစေပါ တယ်။ မျက်နှာပေါ်က တင်းတိပ်တွေ ပျောက်ကင်း လိုပါက ငှက်ပျောသီးနဲ့ မျက်နှာပေါင်းတင်ပေးပါ။

 ပြုလုပ်နည်း 
ငှက်ပျောသီးအမှည့်ကို ကြိတ်ခြေပြီး သံလွင် ဆီ အနည်းငယ်နဲ့ရောကာ တင်းတိပ်ရှိတဲ့ အရေ ပြားပေါ်လိမ်းပေးပါ။ ၁၅မိနစ်ထားပြီးနောက် ကြက် သီးနွေးရေနဲ့ သန့်စင်ပေးပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *