တစ်ပတ်အတွင်းခါးသေးအောင်ဘယ်လိုလုပ်နိုင်မလဲ

သင့်အနေနဲ့ သင်သဘောကျနှစ်ခြိုက်တဲ့ မင်းသမီးတွေလို ခါးသေးသေးနဲ့ ကိုယ်လုံးလှလှလေးဖြစ်ချင်ပေမယ့် မဖြစ်နိုင် ဘူးလို့ မတွေးတောမိလိုက်ပါနဲ့။ အောက်ပါတို့ဟာ သင့်ကို တစ်ပတ်အတွင်းမှာ ခါးသေးအောင် ပြုလုပ်ပေးနိုင်မယ့် နည်းလမ်း တွေပါ။

ရေများများသောက်ပါ
ကိုယ်အလေးချိန်ကျဆင်းဖို့အလွန် အရေးကြီးဆုံးအချက်တစ်ခုကတော့ ရေ သောက်များဖို့ပါပဲ။ ဒါမှ ခန္ဓာကိုယ်ကနေ ရေငတ်တာလား၊ အစာငတ်တာလားကို ခွဲခြားဖို့ တွေဝေနေတဲ့ပြဿနာမဖြစ်အောင် ကူညီနိုင်ပါတယ်။ အစာကိုအလွန်အကြူး မစားမိအောင်ရေများများ သောက်ပေးပါ။ ရေသောက်တာက အသားအရေနဲ့ဆံ သား ကျန်းမာရေးအတွက်လည်း ကောင်း မွန်ပါတယ်။

အရေအတွက်ထက် အရည်အချင်း ကို ဦးစားပေးပါ
များသောအားဖြင့် ပိန်ချင်သူတွေက အစာကို မစားဘဲ ရှောင်တတ်ပါတယ်။ ဒီလိုပြုလုပ်မယ့်အစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ စားပါ။ အဆီနဲ့ သကြား များလွန်းတဲ့အစားအစာကို ရှောင်ပါ။ ကိုယ်အလေးချိန်လျှော့ချဖို့ လျှို့ဝှက်ချက် ကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစား အစာများများစားပြီး ခန္ဓာကိုယ်ထဲကို ကယ်လိုရီအပိုမရရှိအောင် ပြုလုပ်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ပါ
တစ်ပတ်အတွင်း ခါးသေးဖို့ကတော့ လေ့ကျင့်ခန်းမဖြစ်မနေ လုပ်ပေးရပါ မယ်။ သင်ရဲ့ လေ့ကျင့်ခန်း အပြင်းအထန် ပေါ်မူတည်ပြီး ခါးအတိုင်းအတာ လျော့ ကျတဲ့ပမာဏ ကွဲပြားသွားပါလိမ့်မယ်။ ပထမနေ့မှာတော့ ပြင်းပြင်းထန်ထန် မပြု လုပ်ပါနဲ့။ ဖြည်းဖြည်းချင်းသာ တိုးပြီး ပြု လုပ်သွားပါ။

အစားအသောက်ပုံစံ ပြောင်းလဲပါ
ကောက်နှံတစ်ခုလုံးပါဝင်စာနဲ့အတူ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စား သုံးတာက သင့်အနေနဲ့ အဆီရရှိတဲ့ပမာ ဏ လျော့ကျသွားနိုင်တယ်လို့ သိပ္ပံပညာ ရှင်တွေရဲ့ လေ့လာမှုအရ မှတ်ချက်ပေး ထားပါတယ်။ ကောက်နှံတစ်လုံးပါဝင်စာ တွေမှာ တာရှည်ခံဆေးတွေ မပါဝင်တဲ့ အတွက် တစ်ပတ်အတွင်း ကိုယ်အလေး ချိန်ကျဆင်းအောင်ကူညီနိုင်တဲ့ အကောင်း ဆုံးသောအစားအစာဖြစ်ပါတယ်။ တချို့ သစ်သီးတွေမှာ သကြားဓာတ်ပါဝင်မှုများ တဲ့အတွက် အဲဒီသစ်သီးမျိုးကို စား လွန်းရင်တော့ သင်လိုချင်တဲ့ ခါးအတိုင်း အတာမရနိုင်တာကို သတိပြုစေချင်ပါ တယ်။
ဆရာဝန်တွေအနေနဲ့ ကိုယ်အလေး ချိန်တစ်ပေါင်လျော့ကျဖို့အတွက် ကယ် လိုရီ ၃၅၀၀ လျှော့ချဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။ ကျန်းမာစွာ ကိုယ်အ လေးချိန်ကျဆင်းနိုင်ဖို့ တစ်ပတ်ကို ကိုယ် အလေးချိန် နှစ်ပေါင်လောက်သာ လျှော့ ချဖို့ လိုတဲ့အတွက် အလွန်အမင်းအစာ ငတ်ခံစရာတော့ မလိုပါဘူး။

ပခုံးနဲ့ရင်အုပ်ကြွက်သားတွေကိုတည် ဆောက်ပါ
တစ်ခုခုကို သေးအောင် ပြုလုပ်တဲ့ အကောင်းဆုံးနည်းလမ်းက သူ့ဘေးပတ် ဝန်းကျင်က အရာတွေကို ကြီးမားအောင် ပြုလုပ်တာပဲဖြစ်ပါတယ်။ သင်ရဲ့အပေါ် ပိုင်း (ရင်အုပ်နဲ့ ပခုံး)ကြီးမားလာရင် ခါး အလိုလိုသေးသွားတယ်လို့ ထင်ရပါလိမ့် မယ်။

အဝတ်အစားရွေးချယ်ပါ
ခါးသေးအောင် ပြုလုပ်ဖို့ အဝတ် အစားရွေးချယ်မှုကလည်း ရှေ့ဆုံးက ပါဝင်ပါတယ်။ ခါးပေါ်လွင်စေတဲ့ အဝတ် အစားမျိုး (မိမိခန္ဓာကိုယ်နဲ့ အတိအကျ ချပ်ချပ်ရပ်ရပ်ရှိစေမယ့်)ကို ရွေးချယ်ပြီး ဝတ်ပါ။ ခါးပတ်ပတ်တာကလည်း ခါး သေးသယောင် ထင်ရစေပါတယ်။ ခါး ပတ်ကြီးကြီးမှာ ကျောက်ပွင့်ကြီးကြီးတွေ ဆင်ထားတာ ဒါမှမဟုတ် ခါးပတ်သေး သေးတွေကို ဂါဝန်ပေါ်မှာ ထပ်ဝတ်လိုက် ရင် သင်ဟာ အလိုအလျောက် ခါးသေး သွားပါလိမ့်မယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *