တစ်ရက်ခြား အစာမစားဘဲနေပါက တစ်လအတွင်း ရှစ်ပေါင်ခန့် ကျသွားနိုင်

တစ်ရက်ခြား အစာမစားဘဲနေရင် အဝလွန်နေတဲ့လူတွေ လေးပတ်အတွင်း ရှစ်ပေါင်လောက်ကျသွားမယ်လို့ လေ့လာ ချက်ကဆိုပါတယ်။ လေ့လာချက်မှာ ပါဝင်စမ်းသပ်ခံတဲ့လူတွေ ဟာ ၃၆ နာရီလုံးလုံးအငတ်ခံပြီး ကျန်တဲ့ ၁၂ နာရီအတွင်းမှာ တော့ ကြိုက်တာစားကြပါတယ်။ ပျမ်းမျှအားဖြင့်ဆိုရင်တော့ သူတို့ရဲ့ကယ်လိုရီစားသုံးမှုဟာ သုံးပုံပုံတစ်ပုံကျော် နည်းသွား ပါတယ်။ ပြီးတော့ ကိုယ်ကြိုက်တဲ့အစားအစာကို ဖြတ်စရာမလို ဘဲ ဝိတ်လည်းကျသွားပါတယ်။ ဒါ့အပြင် အသက်ကြီးရင်ဖြစ် တတ်တဲ့ရောဂါတွေ ဒါမှမဟုတ် ကိုယ်တွင်းရောင်ရမ်းမှုတွေနဲ့ ဆက်စပ်နေတဲ့ကိုယ်တွင်းဓာတ်တွေလည်း နည်းသွားပါသေး တယ်။ လက်ရှိခေတ်စားနေတဲ့ကယ်လိုရီတွက်ချက်စားသုံးမှုကို လိုက်နာဖို့အရမ်းခက်ပါတယ်။ ဒါကြောင့်အဲဒီနည်းအစား ဒီနည်း နဲ့ ဝိတ်ချမယ်ဆိုရင်တော့ ဝိတ်လည်းကျ၊ ကိုယ်ကြိုက်တဲ့အစား အစာကိုလည်း စားရမှာပါ။ ဒီနည်းနဲ့ဆို စိတ်ဖိစီးမှုလည်းကျ၊ စွမ်းအင်လည်းတိုးလာတယ်လို့ ဒီနည်းကို ထောက်ခံတဲ့လူတွေက ဆိုပါတယ်။

(DM, 29.8.19) ချယ်ရီ

Post Author: Good Health Journal