တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ခြင်းကြောင့် ရရှိနိုင်သော ကောင်းကျိုး ၈ သွယ်

တစ်ဦးကတစ်ဦးကို ပွေ့ဖက်လိုက်တဲ့အခါ စိတ် ထား နူးညံ့ပျော့ပျောင်းပြီး ကျေနပ်မှုဖြစ်စေတဲ့ ခံစား ချက် ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ပျော်ရွှင်နေချိန်၊ ဝမ်းနည်းနေချိန်၊ စိတ်လှုပ်ရှား နေချိန်နဲ့ ဆောက်တည်ရာမရ စိတ်ဂနာမငြိမ် ဖြစ်နေချိန်မျိုးမှာ ချစ် ခင်သူက ပွေ့ဖက်လိုက်တာကြောင့် စိတ် တည်ငြိမ်သွားစေပါတယ်။ လေ့လာမှု ပေါင်းများစွာအရ တစ်ဦးနဲ့တစ်ဦး ပွေ့ ဖက်လိုက်တာကြောင့် ကျန်းမာပျော်ရွှင် စေပြီး အောက်ပါကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။

အထီးကျန်စိတ်ကို သက်သာစေတယ်
ခေတ်မီနည်းပညာတွေ တိုးတက် လာတာနဲ့ တစ်ယောက်နဲ့တစ်ယောက် က တစ်အိမ်တည်းအတူနေရင်းနဲ့ ဝေး ကွာသလို ခံစားရ ပါတယ်။ ဒါကြောင့် ဆွေမျိုးတွေ ဆုံတဲ့အ ခါမှာဖြစ်စေ သင့်လက်တွေ နဲ့ အားရပါးရပွေ့ဖက်နှုတ် ဆက်လိုက်ပြီး တစ်ဦးနဲ့တစ်ဦး ကြား ချစ်ခင်မှု၊ ရင်းနှီးမှု၊ နွေးထွေး မှုတွေကိုပြသဖို့လိုပါတယ်။ ဒီလိုပွေ့ဖက် လိုက်ချိန်မှာ အချစ်ဟော်မုန်းဖြစ်တဲ့ အောက် ဆီတိုစင်ဟော်မုန်းထွက်စေပါတယ်။
နာကျင်မှု လျော့နည်းစေတယ်
တစ်စုံတစ်ယောက် နာကျင်မှုတွေ ခံစားနေရတဲ့အခါ နီးနီးကပ်ကပ် ပွေ့ ဖက်ပြီး အားပေး လိုက်တာကြောင့် နာကျင်မှုတွေ သက် သာသွားစေပါတယ်။ အစ္စရေး တက္ကသိုလ်ရဲ့လေ့လာမှုအရ ပွေ့ဖက် လိုက်တာက နာကျင်မှုကို သက်သာ စေတဲ့ သဘာဝအာနိသင်ရှိတယ်လို့ သိ ရပါတယ်။
အဓိပ္ပာယ်ပြည့်စုံစေတယ်
စကားလုံးတွေ အများကြီးပြောပြီး အားပေးနှစ်သိမ့်နေမယ့်အစား စကားလုံး အများကြီးပြောစရာမလိုဘဲ အဓိပ္ပာယ် ပိုမိုပြည့်ဝအောင် ဖော်ပြနိုင်တဲ့နည်းက တော့ ပွေ့ဖက်လိုက်တာပါ။ တစ်ဖက် သားရဲ့ ခံစားချက်ကို နားလည်ပြီး ကိုယ် ချင်းစာတဲ့ အပြုအမူမျိုးလည်း သက် ရောက်စေပါတယ်။

စိတ်ဓာတ်ကျတာမဖြစ်အောင် ကာ ကွယ်နိုင်တယ်
ပွေ့ဖက်လိုက်ချိန်မှာ ထွက်လာတဲ့ အောက်ဆီတိုစင်ဟော်မုန်းက ပျော်ရွှင် ပြီး စိတ်ဓာတ်ကျနိုင်ခြေကို လျော့နည်း စေပါတယ်။

စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တယ်
ချစ်ခင်မှု၊ နွေးထွေးမှုကိုဖော်ပြဖို့ ပွေ့ဖက်လိုက်တဲ့အခါ စိတ်ဖိစီးမှုတွေ လည်း အဝေးကို လွင့်ပါးပျောက်ကွယ် သွားမှာဖြစ်ပါတယ်။ လေ့လာမှုတွေအရ ပွေ့ဖက်လိုက်တဲ့အခါ ခန္ဓာကိုယ်တွင်းမှာ စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေ ကို လျော့နည်းစေတယ်လို့ သိရပါတယ်။

နှလုံးကျန်းမာစေတယ်
စိတ်ဖိစီးမှုဖြစ်စေတဲ့ ကော်တီစော ဟော်မုန်းက သွေးဖိအားကို မြင့်တက်စေ ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်မားစေ ပါတယ်။ လေ့လာမှုပေါင်းများစွာအရ ပွေ့ဖက်လိုက်တဲ့အခါ ကော်တီဇောဟော် မုန်းလျော့နည်းသွားစေလို့ နှလုံးရောဂါ ဖြစ်ပွားအောင် ကာကွယ်နိုင်ပါတယ်။

အမူအကျင့်ကောင်းတွေ ပိုင်ဆိုင်စေ တယ်
လေ့လာမှုတွေအရ ချစ်ခင်သူဖြစ် စေ၊ ဆွေမျိုးသားချင်းထဲကဖြစ်စေ စက္ကန့် ၂၀ လောက် ပွေ့ဖက်လိုက်တာကြောင့် နှ လုံးခုန်နှုန်း ပုံမှန်ဖြစ်ပြီး လူအများကြား ပြောဆိုဆက်ဆံရာမှာ အောင်မြင်မှုတွေ ရရှိစေပါတယ်။

အငြင်းပွားမှုတွေကို ပြေလျော့စေ တယ်
အမေရိကန် မိသားစုဆရာဝန်တွေ ရဲ့လေ့လာမှုအရ အငြင်းပွားဖွယ် ကိစ္စ တွေကို ဖြစ်တဲ့အခါ ပွေ့ဖက်ပြီး ပြောဆို လိုက်တာက စကားနဲ့ ဖျောင်းဖျပြောဆို တာထက် ပိုမိုထိရောက်တယ်လို့ ဆိုပါ တယ်။

နွေးထွေးတဲ့ လုံခြုံမှုပေးတယ်
စကားတွေ ဘယ်လိုပဲဖောင်ဖွဲ့ပြီး ပြောပြော ပွေ့ဖက်လိုက်တဲ့ စက္ကန့် ၂၀ လောက်က သင့်စိတ်ကို နွေးထွေးလုံခြုံမှု ဖြစ်စေတယ်ဆိုရင်လည်း မမှားပါဘူး။

မှတ်ချက်

ပွေ့ဖက်လိုက်တဲ့စက္ကန့် ၂၀ လောက် က ရရှိနိုင်တဲ့ ကောင်းကျိုးတွေအကြောင်း ကို သင်သိပြီဆိုတော့ ချစ်ခင်သူတွေကို ရရှိပါစေဆိုတဲ့ စိတ်ထားနဲ့ ပွေ့ဖက်အား ပေးတာ၊ နှစ်သိမ့်တာတွေ အခုကစလို့ ပြုလုပ်နိုင်ပါပြီ။

 ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *