တစ်နေ့တာလုံး စိတ်ရွှင်လန်းပြီး စွမ်းအင်ပြည့်ဝနေစေဖို့

တချို့အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို မျှခြေဖြစ် အောင် ထိန်းပေးထားပြီး ဦးနှောက်ရဲ့ ခံစားမှုကောင်းကိုဖြစ်စေတဲ့ ဆီရိုတိုနင်ကို ထွက်စေပါတယ်။ ဒီလိုနည်းနဲ့ စိတ်ဓာတ်ကျတာမဖြစ် အောင် ကာကွယ်ပေးပြီး စိတ်ရွှင်လန်းစေပါတယ်။

မနက်စာ
မနက်စာက စွမ်းအင်ကို ပေး စွမ်းတာကြောင့် မနက်စာ မစားဘဲ နေတာမျိုး မနေသင့်ပါဘူး။ လေ့လာ မှုအရ မနက်စာကို နေ့စဉ်စားသုံးသူ တွေက တစ်နေ့လုံး စွမ်းအင်ပြည့် ပြည့်၀၀နဲ့ စိတ်ပျော်ရွှင်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်တာကို တွေ့ရပါတယ်။ အကောင်းဆုံးမနက်စာဖြစ်ဖို့ အမျှင် ဓာတ်များများပါဝင်တဲ့ ကောက်နှံ တစ်ခုလုံး၊ မပြည့်ဝဆီနဲ့ အဆီမပါ တဲ့ ပရိုတင်းတွေ ပါဝင်အောင် စား
ပေးပါ။

သရေစာ
သွေးတွင်းသကြားဓာတ် ထိန်း သိမ်းဖို့၊ စွမ်းအင်ရရှိဖို့နဲ့ စိတ်ရွှင်လန်း နေစေဖို့ အစားအစာစားတဲ့အခါ နည်းနည်းနဲ့ မကြာခဏစားပေးပါ။ သရေစာကို အချိန်သုံး-လေးနာရီ ကြာတိုင်း တစ်ကြိမ်စားပေးပါ။ စွမ်း အင်ရရှိစေတဲ့ သရေစာတွေက ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ ခရက်ကာ၊ ကြက်သားဆင်းဒဝှစ်၊ ကောက်နှံကွေကာနဲ့ နို့တွေပါ။

ကော်ဖီ
ကော်ဖီကို လူကြိုက်များကြပါတယ်။ ကော်ဖီက ကောင်းကျိုးကို ခဏသာပေးစွမ်းနိုင်ပါတယ်။ ကော်ဖီက ခန္ဓာကိုယ်အတွက် ဇီဝဖြစ်စဉ်ကို ခဏတာကောင်းစေပြီး စိတ်ကိုနိုးကြားတက်ကြွစေကာ စွမ်းအင်ကို ခဏတာ ရရှိစေပါတယ်။ ကော်ဖီကို တစ်ခါသောက်နည်းနည်းနဲ့ ခဏခဏသောက် ပေးတာက တစ်ခါတည်း အများကြီးသောက်တာထက် အာနိသင်ပိုရစေ ပါတယ်။ ကော်ဖီအများကြီး သောက်တာက ညဘက်အိပ်မရ ဖြစ်စေပါတယ်။ အိပ်ရေးပျက်တာက စွမ်းအင်ကို သိသိသာသာ လျော့နည်းစေပါတယ်။

လက်ဖက်ရည်
သုတေသီတွေက လက်ဖက်ရည်မှာ ကဖင်းနဲ့ အမိုင်နို အက်စစ်ဖြစ်တဲ့ L-theanine တွေ ပါဝင်တာကြောင့် နိုးကြားစေ တယ်၊ ခန္ဓာကိုယ်တွင်း ဓာတ် ပြုမှုတွေကို တိုးတက်စေတယ်၊ ဦးနှောက်ဉာဏ်ရည်ကို တိုး တက်စေတယ်လို့ ပြောပါတယ်။

ချောကလက်အညို
ချောကလက်အညို အနည်း ငယ် ပမာဏစားသုံးရင်တောင် စွမ်း အင်ရရှိစေပြီး စိတ်ကို နိုးကြားစေ ပါတယ်။ ချောကလက်မှာ ပါဝင်တဲ့ သီရိုဘရိုမင်း (Theobromine)က နိုးကြားတက်ကြွမှုကို ဖြစ်စေပါ တယ်။

အဆီထုတ်ထားသော အသား
အဆီထုတ်ထားတဲ့ဝက်သား၊ အဆီထုတ် ထားတဲ့အမဲသား၊ အရေပြားမပါတဲ့ ကြက် သားနဲ့ ကြက်ဆင်သားတွေက အမိုင်နို အက်စစ် တိုင်ရိုစင်းပါဝင်တဲ့ ပရိုတင်းကို ရရှိစေပါတယ်။ တိုင်ရိုစင်းက ဒိုပါမင်းနဲ့ နော်အပီနက်ဖရင်းတွေကို ဦးနှောက်ကနေ ထွက်ရှိဖို့ ကူညီပါတယ်။ အသားမှာပါဝင်တဲ့ ဗီတာမင် B12 က အိပ်မပျော်တာနဲ့ စိတ်ဓာတ်ကျတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဆယ်လ်မွန်ငါး
အဆီများတဲ့ ဆယ်လ်မွန်လို ငါးမှာ အိုမီဂါ-၃ အဆီတွေ ပါဝင်ပါတယ်။ လေ့လာမှုတွေအရ စိတ်ဓာတ်ကျ တာကို ကာကွယ်ပေးတယ်လို့ တွေ့ ရပါတယ်။ ဒါပေမဲ့ အိုမီဂါ -၃ အဆီ က စိတ်ဓာတ်ကျတာနဲ့ ဆက်စပ်မှု ရှိ၊ မရှိဆိုတာ သေချာမသိရသေးပါဘူး။ ဒါပေမဲ့ အိုမီဂါ-၃ က နှလုံးကျန်းမာရေးအတွက်တော့ များစွာအထောက်အကူပြုပါတယ်။ အိုမီဂါ-၃ အဆီကို ငါးအပြင် အစေ့အဆန်တွေနဲ့ အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်တွေကနေလည်း ရရှိနိုင်ပါတယ်။

ရေ
ခန္ဓာကိုယ်မှာ ရေဓာတ်လျော့နည်းပါ က ပင်ပန်းနွမ်းနယ်စေပါတယ်။ လေ့လာမှု တချို့အရ ခန္ဓာကိုယ်မှာ ရေဓာတ်အနည်း ငယ်ပဲ လိုအပ်နေတယ်ဆိုရင်တောင် ဇီဝ ရုပ်ဖြစ်ပျက်မှုကို နှေးစေပြီး စွမ်းအင်ရရှိ မှုကို လျော့နည်းစေပါတယ်။ ရေများများ သောက်ပေးပါ။ အချိုရည်တွေနဲ့ အဖျော် ယမကာတွေအစား လတ်လတ်ဆတ် ဆတ်ဖျော်ထားတဲ့ သစ်သီးဖျော်ရည် သောက်ပေးပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal