တစ်နေ့တခြား တားမရ ဆီးမရ ဝိတ်တက်လာတာမျိုး မဖြစ်ရလေအောင်

ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းထား နိုင်ဖို့၊ သွယ်လျလှပဖို့ ဆိုရင် အားထုတ်မှု မရှိဘဲ မရနိုင်ပါဘူး။ ပါးစပ်အလိုလိုက်ပြီး စားချင်တာ စားမယ်၊ နေချင်သလိုနေမယ် ဆိုရင် တစ်နေ့တခြား တားမရ၊ ဆီးမရ တက်လာမယ့် ခန္ဓာကိုယ်အလေးချိန်ကို မျက်စိထဲ မြင်ယောင်ကြည့်လိုက်ပါတော့။

တစွတ်စွတ်စားတာ ရှောင်ပါ
တစွတ်စွတ်စားသုံးတာဟာ ကိုယ်အ လေးချိန် တက်စေပါတယ်။ ကိုယ်အလေး ချိန်ကို ထိန်းမရသူတွေရဲ့ အဓိက အ ကြောင်းတစ်ချက်လို့လည်း ဆိုနိုင်ပါတယ်။

ရေများများသောက်ပါ
ကိုယ်အလေးချိန်လျှော့ချဖို့က ရေ သောက်တာက အဓိကအချက်တစ်ချက် ပါ။ ရေက ခန္ဓာကိုယ်တွင်း အဆိပ်အ တောက်တွေကို ဆီးထဲကတစ်ဆင့် ဖယ် ရှားပေးပါတယ်။ တစ်နေ့ကို ရေ ၄-၅ လီတာ သောက်ပါ။

ရေနွေးထဲကို သံပုရာရည်နဲ့ ပျားရည်ထည့် သောက်ပါ
ရေနွေးခွက်ထဲကို သံပုရာရည်တစ် ဇွန်းနဲ့ ပျားရည်ဇွန်းတစ်ဝက် ရောထည့်ပြီး မနက်အိပ်ရာထထချင်းမှာ သောက်ပါက ၁၀ ရက်အတွင်း ကိုယ်အလေးချိန် သိသိ သာသာ လျော့ကျသွားပါလိမ့်မယ်။

ကာဗိုဟိုက်ဒရိတ် လျှော့စားပါ
ထမင်းမှာ ကာဗိုဟိုက်ဒရိတ်များစွာ ပါဝင်လို့ ကယ်လိုရီများစွာ ရစေပါတယ်။ ထမင်းလျှော့စားတာက ကိုယ်အလေးချိန် လျော့ကျစေတဲ့ အကောင်းဆုံးနည်းလမ်း တစ်ခုပါ။

ပရိုတင်း ပိုစားပါ
ကြွက်သားတည်ဆောက်ဖို့အတွက် ပရိုတင်းလိုအပ်ပြီး ခန္ဓာကိုယ်တွင်း အဆီ တွေကိုလည်း ချေဖျက်ပေးပါတယ်။ ကာ ဗိုဟိုက်ဒရိတ်ကို လျှော့စားပြီး အဲဒီအစား ပရိုတင်းကို ပိုစားပါ။

အမျှင်ဓာတ် များများစားပါ
အမျှင်ဓာတ်က ကိုယ်အလေးချိန် လျော့ကျစေတဲ့ အကောင်းဆုံး အရင်းအ မြစ်တစ်ခုပါ။ အမျှင်ဓာတ်များစွာရရှိနိုင်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပဲမျိုးစုံ ကို စားသုံးတာကြောင့် ခန္ဓာကိုယ်တွင်းရှိ မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့နည်းစေတဲ့အပြင် ကိုယ်အလေးချိန် ကိုလည်း ကျဆင်းစေပါတယ်။

ဝမ်းမချုပ်ပါစေနှင့်
ဝမ်းချုပ်တာက ကိုယ်အလေးချိန် လျှော့ချရာမှာ နှောင့်နှေးစေတဲ့ အကြောင်း တစ်ချက်ပါ။ ဝမ်းချုပ်တာကြောင့် ခန္ဓာကိုယ် ထဲမှာ အဆိပ်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေ စုပုံနေလို့ပါ။

အဆင်သင့်စာတွေကို ရှောင်ပါ
ကိုယ်အလေးချိန် ကျဆင်းလိုတယ် ဆိုရင် အဆင်သင့်စာတွေ စားသုံးမှုကနေ ရှောင်ဖို့ လိုပါတယ်။ ပီဇာ၊ ဘာဂါ၊ ဝက်အူ ချောင်း စတာတွေထဲမှာ အာဟာရတန်ဖိုး ထက် အဆီပါဝင်မှု များပါတယ်။ အဆင် သင့်အစာတွေ စားသုံးတာက ကိုယ်အ လေးချိန်တက်စေတဲ့ အဓိကအချက်ပါ။

ပဲမှရသော ပရိုတင်းဓာတ်ကို ရယူပါ
ပဲကရတဲ့ ပရိုတင်းဓာတ်က အပင် ကနေ ရရှိတာကြောင့် အဆီပါဝင်မှု နည်း ပြီး ကိုယ်အလေးချိန် လျှော့ချရာမှာ အလွန်ထိရောက် လွယ်ကူပါတယ်။ နေ့ စဉ် စားသုံးတဲ့ အစားအစာထဲမှာ ပဲအမျိုးမျိုးကို ထပ်ပေါင်းစားသုံးပါက ကိုယ်အလေးချိန် သိသိသာသာ လျော့နည်းသွားစေပါတယ်။

တစ်နေ့ ပရိုတင်း နှစ်ကြိမ်စားပါ
ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေ စားသုံးတာက ကိုယ်အလေးချိန် လျော့ကျ စေဖို့ အားပေးပါတယ်။ တစ်နေ့ နှစ်ကြိမ် မနက်စာနဲ့ ညစာမှာ ပရိုတင်း ပါဝင်အောင် စားပါ။ ပရိုတင်းက ကြွက်သားတည်ဆောက် ဖို့ အားပေးပြီး အဆီတွေကို လျော့နည်းစေ ပါတယ်။

အချိုစာ လျှော့စားပါ
အချိုစာ၊ အဆီများတဲ့ အစာနဲ့ ဆီ ကြော်စာတွေက ကိုယ်အလေးချိန်တက် စေလို့ အဲဒီအစာတွေအစား အချိုနည်း တာ၊ အဆီ မပါတာ၊ ကြော်စားမယ့်အစား ချက်ပြုတ်စားပါ။

ပဲပင်ပေါက် စားပါ
ပဲပင်ပေါက်ကို ရေနွေးဖျောပြီး စား တာက အာဟာရတန်ဖိုးအပြည့်အဝ ရရှိ ပြီး ကယ်လိုရီအပိုရရှိမှုကို လျော့နည်းစေ ပါတယ်။ တစ်နေ့နှစ်ကြိမ် အစာအနပ်ကြီး မစားခင် နှစ်နာရီလောက်အလိုမှာ စားပါ။

တစ်နေ့ သုံးကြိမ်ထက် ပိုမစားပါနှင့်
တစ်နေ့ကို အစာအနပ်ကြီး သုံးနပ် ထက် ပိုမစားသင့်ပါ။ မနက်စာနဲ့ နေ့လယ် စာကို ဗိုက်ပြည့်တင်းအောင် စားပေမယ့် ညစာကိုတော့ ပေါ့ပေါ့ပါးပါးသာ စားသုံး လိုက်ပါ။ ၁၀ ရက်အတွင်း ကိုယ်အလေး ချိန် သိသိသာသာ လျော့လာပါလိမ့်မယ်။

ဇီဝဖြစ်ပျက်မှုနှင့် BMI ကို တိုင်းတာ မှတ်သား ပါ
ကယ်လိုရီ ဘယ်လောက်စားသုံး လိုက်တယ်၊ ဘယ်လောက်လောင်ကျွမ်း သွားတယ်ဆိုတာတွေကို တွက်ချက်ပြီး စားသုံးတာ၊ လေ့ကျင့်ခန်းလုပ်ဆောင် တာတွေက ကိုယ်အလေးချိန် လျှော့ချနေ ချိန်မှာ အလွန်ထိရောက် မြန်ဆန်တာကို တွေ့ရပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal