တစ်နေ့လျှင်သုံးနာရီထက်ပို၍ လူမှုကွန်ရက် မီဒီယာအသုံးပြုသည့် ဆယ်ကျော်သက်များတွင် စိတ်ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နိုင်

JAMA Psychiatry ဂျာနယ်မှာ ဖော်ပြခဲ့တဲ့သုတေသနတစ်ခုအရတစ်နေ့ ကို သုံးနာရီထက်ပိုပြီး လူမှုကွန်ရက်မီဒီ ယာအသုံးပြုတဲ့ဆယ်ကျော်သက်တွေ ဟာ စိတ်ဓာတ်ကျတာ၊ စိတ်စောတာ၊ ရန် လိုတာနဲ့လူမှုရေးစိတ်ဓာတ်မရှိတာတို့ လို စိတ်ကျန်းမာရေးပြဿနာတွေဖြစ်နိုင် ခြေများတယ်လို့ သိရပါတယ်။ အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အတွင်း ဆယ် ကျော်သက် ၆၆၀၀ နီးပါးကို နည်းနှစ်မျိုးနဲ့ လေ့လာခဲ့ကြပါတယ်။ အတွင်းနည်းအရ စိတ်ဓာတ်ကျတာ၊ စိတ်စောတာအစရှိသ ဖြင့် အတွင်းပိုင်းစိတ်အခြေအနေကို လေ့ လာတာဖြစ်ပြီးတော့ အပြင်ပိုင်းနည်းအရ တော့ရန်လိုတာ၊ လူမှုရေးစိတ်ဓာတ်မရှိ တာအစရှိသဖြင့် အပြင်လူတွေနဲ့ထိတွေ့ ဆက်ဆံမှုအပိုင်းကို လေ့လာခဲ့တာဖြစ်ပါ တယ်။University of California က ဖော်ပြခဲ့တဲ့သုတေသနတစ်ခုမှာ တိုးတက်လာတဲ့နည်းပညာတွေနဲ့စိတ်ကျန်းမာရေး ဟာ ပတ်သက်မှုမရှိဘူးလို့ဆိုခဲ့ပေမယ့် ဒီသုတေသနမှာတော့ လူမှုကွန်ရက်မီဒီ ယာစွဲလမ်းမှုက မတူဘူးလို့ပြန်လည်ချေပ ပြောဆိုထားတာ မြင်တွေ့ရပါတယ်။

(AP,12.9.19) အေးယုနိုင်

Post Author: Good Health Journal