တစ်နေ့အချိုရည်တစ်ဘူးသောက်ရုံဖြင့် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေပိုများ

သကြားအချိုကဲတဲ့ အချိုရည်ဘူး တွေကို တစ်နေ့တစ်ဘူးသောက်သုံးရုံမျှ နဲ့ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ၃၁ ရာခိုင်နှုန်းထိ ပိုများနိုင်တယ်လို့ ဟား ဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုအရသိရပါ တယ်။ Harvard T.H. Chan School of Public Health နဲ့ အာဟာရဌာန သိပ္ပံသုတေသီ ဗာဆန်တီမာလစ်တို့က သကြားအချိုကဲတဲ့ ဆိုဒါအချိုရည်ဘူး တွေနဲ့ အသက်အန္တရာယ်ရှိမှုကို ဆက် စပ်လေ့လာခဲ့ကြတာဖြစ်ပါတယ်။ နေ့စဉ် ဆိုဒါအချိုရည်ဘူးတွေပုံမှန်သောက်နေ တတ်တဲ့သူတွေမှာ နှလုံးရောဂါသာမက ကင်ဆာရောဂါတွေလည်း ဖြစ်လာနိုင်ပြီး အချိုရည်ဘူးတွေကြောင့် အရွယ်မတိုင်မီ သေဆုံးနိုင်ခြေက ငါးပုံတစ်ပုံလောက်ရှိ နေတယ်လို့ ဆိုပါတယ်။ တစ်နေ့ကို အချို ရည်ဘူးလေးဘူးနဲ့အထက်သောက်သုံး နေသူတွေမှာတော့ ရောဂါဖြစ်နိုင်ခြေနဲ့ သေဆုံးနိုင်ခြေတွေ ပိုမိုမြင့်မားမှာဖြစ် တယ်လို့ သုတေသီဗာဆန်တီက ဆိုပါ တယ်။ အချိုရည်ဘူးသောက်တာကို လျှော့ပြီး ရေကိုပိုသောက်ပေးတာက သက်ရှည်ကျန်းမာစေဖို့ အထောက်အပံ့ ဖြစ်စေတယ်လို့ ဗာဆန်တီမာလစ်က ဆို ပါတယ်။

(DM, 28.3.19) သံသာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *