တို့ဆေးအန္တရာယ် ကြောက်နေရပြီလား

တို့ဆေးဆိုပြီး သတင်းတွေပျံ့နှံ့လာ တဲ့အခါ ပြည်သူတွေအနေနဲ့ ဘယ်သွား သွား သတိရှိဖို့ Awareness တော့ ရသွားစေပါတယ်။ တို့ဆေးအကြောင်း မပြောခင် ဘယ်လိုဆေးတွေကို လူတွေ က တရားမဝင်အသုံးပြုလေ့ရှိလဲဆိုတာ ကို အရင်ဆုံးရှင်းပြချင်ပါတယ်။ ဆေး ဝယ်ယူမယ်ဆိုရင် Over-the-counter လို့ခေါ်တဲ့ ဆရာဝန်ဆေးစာမပါဘဲ ကိုယ် တိုင်ဝယ်ယူလို့ရတဲ့ ဆေးတွေရှိသလို Prescription Drug လို့ ခေါ်တဲ့ ဆရာ ဝန်ဆေးစာပါမှ ဝယ်လို့ရတဲ့ ဆေးတွေ ဆိုပြီး ရှိပါတယ်။ မူးယစ် စွဲလမ်းစေ တဲ့ဆေး၊ စိတ်ကြွဆေး၊ အသိသတိလွတ် စေတဲ့ဆေး စတာတွေကို တရားမဝင် ဝယ်ယူအသုံးပြုတဲ့ Drug Abusers တွေက ယနေ့တိုင်ထိ ရှိနေဆဲ ဖြစ်ပါ တယ်။

သူတို့ပြောတဲ့ တို့ဆေး ဆိုတာ
အခုလူတွေအပြောများနေတဲ့ တို့ဆေး (ကက်တမင်း) ဆိုတာကတော့ ဆရာဝန် ဆေးစာပါမှ ဝယ်ယူလို့ရတဲ့ မေ့ဆေးနွယ် ဝင်ဆေးတစ်မျိုး (General Anaesth-etic) ဖြစ်သလို ထင်ယောင်ထင်မှား၊ အာရုံမှားစေတဲ့ဆေး (Hallocinogen) အမျိုးအစားလည်း ဖြစ်ပါတယ်။ ကက်တ မင်းဆေးကို အကြောဆေး (IV)၊ အသားဆေး (IM) နှာခေါင်းထဲ ဖျန်းတဲ့ ဆေး (IN)၊ သောက်ဆေး (Oral) ပုံစံတွေ ထုတ်လုပ်ပါတယ်။ မေ့ဆေး အနေနဲ့ အာနိသင်ပြဖို့(Onset of Action) အကြောဆေးဆိုရင် ၃၀ စက္ကန့်ပဲကြာပြီး အသားဆေးဆိုရင် ၃-၄ မိနစ်ပဲ ကြာပါတယ်။ ဆေးရဲ့အာနိသင် ကြာချိန် (Duration) က အကြောဆေး ဆိုရင် ၅-၁၀ မိနစ် ဖြစ်ပြီး အသားဆေး ဆိုရင် ၁၂-၂၅ မိနစ် ဖြစ်ပါတယ်။

တရား မဝင် ရောင်းချတဲ့နေရာမှာ ကက်တမင်း ကို အဖြူရောင်အမှုန့်အနေနဲ့ ဈေးကွက် တွင်း ရောင်းချလေ့ရှိပြီးတော့ ဒီကနေ ဆေးခဲပုံစံပဲ ပြန်လုပ်လုပ်၊ အရည်ထဲဖျော် သောက်တာပဲဖြစ်ဖြစ်၊ အမှုန့်ကို ရှူတာ ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ ကက်တမင်း ဆေးကို Dissociative အာနိသင်ရဖို့ (IM:အသားထိုးဆေး) အနေနဲ့ အသုံးပြု မယ်ဆိုရင် မေ့ဆေးအာနိသင်ရဖို့ အတွက် သုံးတဲ့ ဆေးပမာဏထက် ပိုနည်းတဲ့ (LDK: Low Dose Ketamine) ကို အသုံးပြုရမှာဖြစ်ပါတယ်။

Ketamine Abuse
လူငယ်တွေအနေနဲ့ ဆေးတွေအ ကြောင်းသေချာနားမလည်တာကြောင့် တရားမဝင် ကက်တမင်းဆေးကို တခြား ဆေးတွေနဲ့ရောသောက်ကြတာလည်း ရှိပါတယ်။ ကက်တမင်းကို အရက် ဒါမှ မဟုတ် ဟီရိုအင်း (Heroin Opioid) ဆေးနဲ့ တွဲသောက်ရင် အရက်ကို မထိန်း နိုင်ဘဲ အလွန်အကျွံသောက်မိတာ၊ အော့ အန်တာ၊ အသက်ရှူနှုန်းနှေးလာတာ၊ မေ့မြောတာနဲ့ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါ တယ်။ ကက်တမင်းကို အက်စ်တက်စီ၊ ကိုကင်း၊ Amphetamines ဆေးတွေနဲ့ တွဲပြီး အသုံးပြုတယ်ဆိုရင် ကြွက်သား၊ အရွတ်တွေအလွန်အမင်း နာကျင်တာ၊ နှလုံးခုန်နှုန်းမြန်လာတာတွေ ဖြစ်စေပါ တယ်။ ကက်တမင်းဆေးက မူးယစ်ဆေး လိုပဲ စွဲလမ်းတတ်ပါတယ်။ ကက်တမင်း ဆေးလွန်တဲ့အခါ “K-Hole” လို့ ခေါ်တဲ့ ဝိညာဉ်လွင့်မတတ်၊ ခန္ဓာနဲ့စိတ်တခြားစီ ဖြစ်သွားသလိုမျိုး သေလုနီးနီး ခံစားချက် မျိုး ရစေတယ်လို့ သုံးစွဲဖူးသူတွေက ဆိုပါတယ်။ မသမာသူတွေက ကက်တ မင်းကို Date-Rape Drug အနေနဲ့ လည်း အသုံးပြုကြပါတယ်။

တို့ဆေးတကယ်ရှိလား

တို့ဆေးအဖြစ် ကက်တမင်းတစ်မျိုးတည်း ကို အသုံးပြုတာ မဟုတ်နိုင်သလို၊ အသား ထဲထိုးတဲ့ဆေးလား၊ အနံ့ရရုံနဲ့ မူးဝေသွား စေတဲ့ ဆေးမျိုးလားဆိုပြီးလည်း အမျိုး မျိုး ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း မ သမာသူတွေက သူတို့ဖော်မြူလာနဲ့ သူ တို့ ပေါင်းစပ်ထားတဲ့ဆေးမျိုးလားဆိုတာ မေးစရာရှိနိုင်ပါတယ်။ အငွေ့ကို ရှူရှိုက် ပြီး အသုံးပြုတဲ့ဆေးဆိုရင်တော့ PCP, Salvia, DMT တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ ဆေးပညာရှင်တွေရဲ့ အဆိုအရ အရေပြားအပေါ်ကို တို့လိမ်းလိုက်ရုံနဲ့ အချိန်တိုအတွင်း ကယောင်ကတမ်း၊ ထင်ယောင်ထင်မှား၊ အာရုံမှားဖြစ်တဲ့ လိမ်းဆေး (Topical Drug) မျိုး မရှိ ပါဘူး။ ထိုင်း FDA ကတော့ ဒီလို တို့ ဆေးဆိုတာ မဟုတ်ဘူးလို့ တရားဝင် သတင်း ထုတ်ပြန်ထားပါတယ်။

ဘယ်လိုကာကွယ်နိုင်မလဲ

တို့ဆေးဆိုပြီး လူပြောများလာတာ ကြောင့် ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး အ ငြင်းအခုံလုပ်မယ့်အစား ပစ်မှတ်သား ကောင်ဘဝမရောက်စေဖို့ သတိပိုရှိကြပါ လို့ ပြောချင်ပါတယ်။ လူငယ်တွေက ပိုပြီး ပစ်မှတ်ထားခံရတတ်တာကြောင့် တစ် ယောက်တည်း အပြင်သွားတယ်ဆိုရင် နားထဲနားကြပ်တပ်သီချင်းနားထောင်ပြီး မသွားပါနဲ့၊ ပတ်ဝန်းကျင်ကို အကဲခတ်နေ ပါ၊ သတိရှိပါ။ တခြားသူတိုက်တဲ့ အအေး၊ ဖျော်ရည်ယမကာတွေ မသောက်မိပါစေ နဲ့။ အပြင်သွားရင် ကိုယ်သောက်နေတဲ့ အအေး၊ ဖျော်ရည်တွေကို သတိ လက် လွတ် ပစ်ထားပြီးမှ ပြန်သောက်တာတွေ လည်း မလုပ်ပါနဲ့။ သူစိမ်းက စကားလာ ပြောရင် အနား အကပ်မခံပါနဲ့။ သူငယ် ချင်းတွေနဲ့ အပြင်သွားရင် လူစုမကွဲပါစေနဲ့။

ထူးဒါလီကိုကို ( MPharm)

Post Author: Good Health Journal