တီဗီ အလွန်အကျွံကြည့်၊ ဂိမ်း အလွန်အကျွံဆော့ပါက ကလေးများစာညံ့နိုင်

တီဗီအလွန်အကျွံကြည့်၊ ဗီဒီယိုဂိမ်း အလွန်အကျွံဆော့ တဲ့ကလေးတွေ ကျောင်းစာညံ့တယ်လို့ သိပ္ပံပညာရှင်တွေက ပြောလိုက်ပါပြီ။ ကမ္ဘာတစ်လွှားက ကလေးပေါင်း ငါးသိန်းကျော် ရဲ့အကျင့်တွေကို အသေးစိတ်လေ့လာအပြီးမှာမှ ပညာရှင်တွေ က အခုလိုပြောလိုက်တာပါ။ အားလပ်ချိန်တိုင်းလိုလိုမှာ တီဗီ ချည်းပဲကြည့်၊ ဗီဒီယိုဂိမ်းချည်းပဲ ကြည့်နေတဲ့ကလေးတွေဟာ ကျောင်းမှာ အဆင့်မကောင်းကြပါဘူးတဲ့။ ကလေးတွေရဲ့ စိတ် ကျန်းမာရေးယိုယွင်းမသွားစေဖို့အတွက် ကလေးတွေ တီဗီ၊ ကွန် ပျူတာ၊ ဖုန်းသုံးတဲ့အချိန်ကို ကန့်သတ်ဖို့ ယူကေအစိုးရကလုပ်နေ ချိန်မှာ အခုလေ့လာချက်ထွက်လာတာပါ။ နိုင်ငံပေါင်း ၂၃ နိုင်ငံက အသက် ၁၈ နှစ်အောက် ကလေးပေါင်း ၄၈၀၀၀၀ ကို လေ့လာထားတဲ့လေ့လာချက်ပေါင်း ၅၈ ခုကို ပညာရှင်တွေက ပြန်ပြီးအသေးစိတ်လေ့လာတာပါ။ တီဗီ၊ ကွန်ပျူတာ၊ ဖုန်းသုံး တဲ့အချိန်နဲ့ ကျောင်းမှာရတဲ့အဆင့်တွေကို နှိုင်းယှဉ်ထားတဲ့ လေ့ လာချက်တွေကိုလည်း ပညာရှင်အဖွဲ့က ထပ်လေ့လာခဲ့ပါသေး တယ်။

(DM, 3.10.19) ချယ်ရီ

Post Author: Good Health Journal