တုပ်ကွေးကာကွယ်ဆေးက ရာသီတုပ်ကွေးကို အမှန်တကယ်ကာကွယ်နိုင်လား

ရာသီတုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး ဆွေးနွေးပေးပါ ဆရာမ။
ရာသီတုပ်ကွေးက Influenza Virus ကြောင့်ဖြစ်တာပါ။ Influenza ဗိုင်းရပ်စ်က A, B, C, D ဆိုပြီး လေးမျိုး ရှိပါတယ်။ အဲဒီလေးမျိုးထဲက A, B, C သုံးမျိုးက လူမှာ ဖြစ်ပါတယ်။ A နဲ့ B က အဖြစ်များပြီး ဆိုးလည်းဆိုးရွားပါတယ်။ C က အပယိကပဲဖြစ်တယ်၊ D ကတော့ လူမှာ လုံးဝမဖြစ်ပါဘူး။ ၁၉၁၈ ခုနှစ်က စပိန်မှာ H1N1 က အကြီးအကျယ် ဖြစ် ပွားခဲ့ပြီး နှစ်ပေါင်းများစွာ မဖြစ်ခဲ့ဘဲ နောက်ပိုင်း ဟောင်ကောင်၊ တရုတ်တို့မှာ ကြိုကြားကြိုကြားဖြစ်ပြီးတော့ ကြားထဲမှာ အကြာကြီးမဖြစ်ဘဲနဲ့ ၂၀၀၉ ခုနှစ် မက္ကစီကိုနိုင်ငံမှာ  New Strain of H1N1 ထပ်ဖြစ်တယ်။ Influenza ဗိုင်းရပ်စ်ရဲ့ ထူးခြားချက်က မျိုးရိုးဗီဇပြောင်းလဲမှု (Genetic Changes) တွေက အမြဲဖြစ် နေတယ်။ Genetic Changes တွေမှာ လည်း Antigenic Shift နဲ့ Antigenic Draft ဆိုပြီး Antigenic Draft ဆိုတာက အပယိက နည်းနည်းအပြောင်း အလဲရှိတယ်ဆိုတော့ မပြင်းထန်ဘူးပေါ့။ နောင်နှစ်တွေမှာ လူတွေက ခုခံစွမ်းအား တွေရလာတော့ ရောဂါကို ပြင်းပြင်းထန် ထန် မခံစားရဘူးပေါ့။ ဒါပေမဲ့ Antigenic Shift ဆိုပြီး တစ်ခုလုံးပြောင်းလဲ သွားတဲ့အခါမှာတော့New Strain ဖြစ်ပြီး လူတွေ အများစုခံစားရတဲ့အခါ Epide-mic outbraek ဖြစ်ပါတယ်။

ရောဂါတုပ်ကွေးဖြစ်တဲ့အခါ ဘယ်လို ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါသလဲ ဆရာမ။
တုပ်ကွေးဖြစ်လာရင် ဖျားမယ်၊ အ ဖျားက ၁၀၀-၁၀၁ ဖြစ်မယ်၊ နှာရည်ယို မယ်၊ နှာချေမယ်၊ ချောင်းခြောက်ဆိုးမယ်၊ ကိုယ်လက်တွေ ကိုက်ခဲမယ်၊ ကြွက်သား တွေ နာမယ်၊ နုံးမယ် ဒီလိုတွေခံစားရမယ် ဆိုရင် တုပ်ကွေးဖြစ်တာပါ။ nfluenza Life Illness (ILI) ပေါ့။ တုပ်ကွေးဗိုင်း ရပ်စ်ပိုးကြောင့်ဖြစ်နိုင်သလို တခြားဗိုင်း ရပ်စ်ပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါ တယ်။ ဒါပေမဲ့ ဒီလိုရာသီမှာ ဖျားနာတယ် ဆိုရင်တော့ တုပ်ကွေးဖြစ်နိုင်တယ်လို့ ယူဆလို့ရပါတယ်။

ရာသီတုပ်ကွေးက ဘယ်လိုနည်းလမ်း တွေနဲ့ ကူးစက်နိုင်ပါသလဲ ဆရာမ။
အသက်ရှူလမ်းကြောင်းက တစ် ဆင့် ကူးစက်ပါတယ်။ ဆရာမ စကား ပြောတယ်၊ အသက်ရှူထုတ်လိုက်တယ် ဆိုရင် လေထဲမှာ အမှုန်အမွှားလေးတွေ ပါသွားတယ်။ အဲဒီအမှုန်အမွှားလေးတွေ က ၃-၄ ပေလောက်အထိ လွင့်သွား တယ်။ စကားပြောတဲ့နှုန်းများတယ်၊ သီ ချင်းဆိုမယ်၊ နှာချေမယ်ဆိုရင်တော့ ၆-၇ ပေလောက်အထိ သွားပါတယ်။ ရောဂါရှိတဲ့သူဆိုရင် အဲဒီအမှုန်အမွှားတွေ နဲ့အတူ ရောဂါပိုးတွေပါသွားပြီး တခြားသူ ကို ကူးနိုင်တယ်။ နောက်တစ်ချက်က တော့ အရေးကြီးပါတယ်။ အများစုက သတိမထားမိကြဘူး။ ရောဂါပိုးရှိတဲ့သူ ချောင်းဆိုး၊ နှာချေလိုက်မယ်ဆိုရင် အဲဒီ လူဆီကနေ ရောဂါပိုးမွှားတွေက အမှုန် အမွှားတွေနဲ့အတူ ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းတွေပေါ်ကပ်တင်နေတယ်။ အဲဒီ ပိုးမွှားတွေက နာရီအနည်းငယ်လောက် ရှင်သန်နေနိုင်တယ်။ ဒါကို မသိဘဲ အဲဒီ ပစ္စည်းတွေကို ကိုင်တွယ်မိတယ်။ အဲဒီ တော့ လက်မှာပေသွားတယ်။ လက်က တစ်ဆင့် T ဇုန်လို့ခေါ်တဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ ကိုင်မိပြီး အဲဒီကနေ နှာခေါင်း ထဲကို ဝင်သွားတယ်။ အဲဒီနည်းနဲ့လည်း ကူးစက်နိုင်ပါတယ်။ အဲဒါကြောင့် လက် သန့်ရှင်းဖို့ လိုအပ်ပါတယ်။

ကိုယ့်မှာ ရာသီတုပ်ကွေးဖြစ်နေတဲ့အခါ ဘယ်လိုတွေ ဂရုစိုက်ဖို့ လိုအပ်ပါသလဲ ဆရာမ။
ရာသီတုပ်ကွေးဖြစ်ပြီဆိုရင် ကျောင်း သားဆိုရင် ကျောင်းမသွားနဲ့၊ အလုပ်သ မားဆိုရင် အလုပ်မသွားပါနဲ့။ ဘာကြောင့် လဲဆိုတော့ သူ့ဆီကတစ်ဆင့် တခြားသူ တွေဆီ ကူးစက်နိုင်တာကြောင့်ပါ။ တ ကယ်လို့ ရာသီတုပ်ကွေးဖြစ်နေတဲ့သူ ကျောင်းလာတယ်၊ ရုံးလာတယ်ဆိုရင် လည်း တရားဝင်ခွင့်ပေးပြီး အိမ်မှာပဲ နား နေခိုင်းပါ။ ကိုက်ခဲနေတယ်ဆိုရင် အ ကိုက်အခဲပျောက်ဆေးသောက်ပါ။ ချောင်း ဆိုးရင် ချောင်းဆိုးပျောက်ဆေးသောက် ပါ။ ဖျားနေရင် ကိုယ်ပူကျဆေးသောက် ပါ။ နွေးနွေးထွေးထွေးနေမယ်၊ အာဟာရ ပြည့်ဝတဲ့ အစားအစာကို ပူပူနွေးနွေး စား သောက်ပါ။
ရောဂါလက္ခဏာတွေက ကူးစက်ပြီး နှစ်ရက်၊ တစ်ရက်ကနေ လေးရက်အတွင်း မှာ ပေါ်လာတယ်။ အကိုက်အခဲပျောက် ဆေးလောက်သောက်ပြီး နေမယ်ဆိုရင် ခုနစ်ရက်လောက်နေရင် ပျောက်သွားလိမ့် မယ်။ ဒါပေမဲ့ ချောင်းဆိုးတာကတော့ နှစ် ပတ်လောက်အထိတော့ ကြာနိုင်ပါတယ်။

ရာသီတုပ်ကွေးရောဂါက ဘယ်လိုအခြေ အနေတွေမှာ ဆေးရုံတက်ဖို့ လိုအပ်ပါ သလဲ ဆရာမ။
ရာသီတုပ်ကွေးက သာမန်လောက် ပဲ ဖြစ်တာလား။ ပြင်းထန်တဲ့အခြေအနေ ဖြစ်တာလား။ ပြင်းထန်တဲ့အုပ်စုမှာတော့ ကလေးငယ်တွေ၊ အသက် ၆၅ နှစ်အ ထက် လူကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နဂိုအခံရောဂါဖြစ်တဲ့ သွေးတိုး၊ ဆီးချို သွေးချို၊ ရင်ကျပ်နဲ့ ကိုယ်ခံအားကျရောဂါ ရှိသူတွေ၊ ခွဲစိတ်ကုသမှုခံယူထားသူတွေ ဒီလိုလူတွေမှာတော့ သာမန်ဖျားနေရာက နေ အဖျားပိုကြီးလာမယ်၊ မကျဘူး၊ အသက်ရှူရခက်ခဲတယ်၊ သတိလစ်မယ်၊ ဂနာမငြိမ်ဖြစ်လာတယ် အဲဒီလိုဖြစ်လာ တယ်ဆိုရင်တော့ ပြင်းထန်တဲ့ အခြေအ နေဖြစ်လို့ ဆေးရုံကို သွားသင့်ပါတယ်။

တုပ်ကွေးကာကွယ်ဆေးက ရာသီတုပ် ကွေးရောဂါကို ကာကွယ်ပေးနိုင်ပါ သလား ဆရာမ။
တုပ်ကွေးကာကွယ်ဆေးက လူတိုင်း ထိုးဖို့ မလိုပေမယ့် အပေါ်မှာပြောခဲ့တဲ့ အုပ်စုကတော့ ထိုးကို ထိုးရပါမယ်။ လူနာ တွေကို နေ့စဉ်တွေ့ထိနေရတဲ့ ဆရာဝန်နဲ့ ဆေးပညာရှင်တွေကတော့ ထိုးထားသင့် ပါတယ်။ ၄၀ ကနေ ၆၀ ရာခိုင်နှုန်း လောက် ကာကွယ်ပေးပါတယ်။ ရာနှုန်း ပြည့် ကာကွယ်ပေးတာတော့ မဟုတ်ဘူး။ ဖြစ်လာလို့ရှိရင် မပြင်းထန်တော့ဘူး၊ ရက် မရှည်တော့ဘူးပေါ့။ အဲဒီလောက်ပဲ ဖြစ်တာမို့ လူတိုင်းတော့ ထိုးဖို့မလိုပါဘူး။ ကလေးဆိုရင် ခြောက်လကနေ ငါးနှစ်အ ထိ ထိုးလို့ရတဲ့ ကလေးအတွက် ဆေးရှိ တယ်။ လူကြီးကတော့ လူကြီးဆေးပေါ့။

ကာကွယ်ဆေးက ဘယ်အချိန်မှာထိုး တာ အကောင်းဆုံးပါလဲ ဆရာမ။
နောက်တစ်ခုရှိတာက ဗိုင်းရပ်စ်ပိုး က တစ်နှစ်တစ်ခါ ပြောင်းနေတာဖြစ်လို့ ဒီနှစ်အတွက် ထိုးထားတဲ့ကာကွယ်ဆေး က ဒီနှစ်အတွက်ပဲ ကာကွယ်တယ်။ နောက်နှစ်အတွက် မကာကွယ်ဘူး။ မြန်မာနိုင်ငံက ကမ္ဘာ့တောင်ဘက်ခြမ်းမှာ ဖြစ်လို့ မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတွေမှာ တုပ်ကွေးဖြစ်ပွားတယ်။ ကမ္ဘာ့မြောက် ဘက်ခြမ်းကတော့ စက်တင်ဘာ၊ အောက် တိုဘာ၊ နိုဝင်ဘာလတွေမှာ ဖြစ်တယ်။ မြောက်ဘက်ခြမ်းအတွက် ဆေးနဲ့ တောင် ဘက်ခြမ်းအတွက် ဆေးက မတူပါဘူး။ မြန်မာနိုင်ငံကတော့ တောင်ဘက်ခြမ်းအ တွက် ထုတ်ထားတဲ့ ကာကွယ်ဆေးကို ထိုးရပါတယ်။ ၂၀၁၈ ခုနှစ်ဆိုရင် စက် တင်ဘာလလောက်ရောက်ရင် ဒီနှစ်ဖြစ် တဲ့ ဗိုင်းရပ်စ်ကို ကြည့်ပြီး နောက်နှစ်အတွက် ထုတ်ရပါတယ်။ နောက်နှစ် ဧပြီလောက် ဆိုရင် ဆေးထုတ်ပြီး မေလလောက်မှာ မြန်မာနိုင်ငံကို ဆေးရောက်တယ်။ အဲဒီ အချိန်လောက်မှာ ဆေးစထိုးရပါမယ်။ မြောက်ဘက်ခြမ်းအတွက် ထုတ်ထားတဲ့ ဆေးကို ထိုးလို့ မရသလို၊ မေလထက် စောပြီးလည်း ဆေးထိုးထားလို့ မရပါဘူး။
တုပ်ကွေးကာကွယ်ဆေးမှာကို သုံး မျိုးစပ်၊ လေးမျိုးစပ်ဆိုပြီး ရှိပါတယ်။သုံး မျိုးစပ်ထဲမှာ အုပ်စု A က H1N1, H3N2 နှစ်မျိုးပါပြီး အုပ်စု B က တစ်ခု ပါတယ်။ လေးမျိုးစပ်ထဲမှာက အုပ်စု B က နှစ်မျိုးပါတယ်။ ဒါကြောင့် သုံးမျိုးစပ်ပဲ ထိုးထားထား၊ လေးမျိုးစပ်ပဲ ထိုးထားထား H1N1 အတွက် ဆေးထပ်ထိုးဖို့ မလို ပါဘူး။

ဒေါက်တာစုစုလှိုင်
အဏုဇီဝဗေဒအထူးကုဆရာဝန်ကြီး

Post Author: Good Health Journal