တုပ်ကွေးရောဂါမဖြစ်အောင် ကာကွယ်နိုင်သော အာဟာရကုထုံး

၂၀၁၇ ခုနှစ်က တုပ်ကွေးရောဂါ အတော်လေးဖြစ်ခဲ့တယ်။ ၂၀၁၈ ခုနှစ်မှာ ငြိမ်သွားပြီး အခု ၂၀၁၉ ခုနှစ်မှာ ပြန်ပြီး အဖြစ်များလာတယ်။ တနင်္သာရီဘက်မှာ ဆိုရင် H5N1 ပါ တွေ့ပါတယ်။ ဒီလိုတွေ တွေ့လာရတော့ လူတွေက ခုခံစွမ်းအား တွေပဲ ကျလာပြီလားဆိုတာ စဉ်းစားစရာ တစ်ချက်ရှိပါတယ်။ လူတိုင်းလူတိုင်းက ကိုယ်ခံစွမ်းအား မြင့်မားနေမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းက ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ဒါကြောင့် လူတိုင်းရဲ့ ကိုယ်ခံစွမ်းအားမြင့်မားအောင် မြှင့်တင် ပေးဖို့ လိုပါတယ်။ မဖြစ်သေးခင်မှာလည်း ကိုယ်ခံစွမ်းအားကောင်းနေမယ်ဆိုရင် ကိုယ့်ဆီ ဗိုင်းရပ်စ်ပိုးတွေ ရောက်လာရင် တောင် ကိုယ့်ကိုမကူးစက်နိုင်ပါဘူး။

ကိုယ်ခံစွမ်းအားကောင်းမွန်စေရန်
ဒါကြောင့် ကိုယ်ခံစွမ်းအားကို ကောင်းအောင်ဆိုရင် အမိုင်နိုအက်စစ်မှာ ပါတဲ့ Peptide ပေါ့။ အဲဒါတွေ စားဖို့ လိုပါတယ်။ ဗီတာမင် စီ ပေါကြွယ်ဝတဲ့ အစာတွေကို စားမယ်။ အခုနောက်ပိုင်း မှာ ဇင့်ဓာတ်ပါ ထပ်ထည့်ထားပါတယ်။ ဇင့်ဓာတ်ပါတဲ့ အစားအသောက်တွေကို စားထားမယ်ဆိုရင် ကိုယ်ခံစွမ်းအား ကောင်းနေနိုင်ပါတယ်။ ဒါက အကြမ်း ဖျင်းပေါ့။

စွပ်ပြုတ်
ရာသီတုပ်ကွေးတွေ ဖြစ်နေတဲ့အ ချိန်မှာ ဘာတွေကျွေးထားဖို့ လိုအပ်လဲဆို ရင် စွပ်ပြုတ်ရည်သောက်ဖို့ ပြောထားပါ တယ်။ ဒါက အရမ်းကို လွယ်ကူပါတယ်။ ကြက်သားစွပ်ပြုတ်ပဲ သောက်သောက်၊ ငါးစွပ်ပြုတ်ပဲသောက်သောက်ပေါ့။ အဲဒီ လိုစွပ်ပြုတ်သောက်လိုက်ရင် အသားက နေ ပရိုတင်းရသွားမယ်။ ခန္ဓာကိုယ်ကို ရောဂါပိုးတွေ မဝင်အောင် ကာကွယ်ရာ လည်း ရောက်ပါတယ်။ တုပ်ကွေးဖြစ်ရင် အများအားဖြင့် ပါးစပ်ပျက်သွားတတ်ကြ ပါတယ်။ ဒါက လျှာမှာရှိတဲ့ အရသာခံအဖု လေးတွေ ပျက်သွားတာကြောင့်ပါ။ ဒါ ကြောင့် ဖျားရင် စွပ်ပြုတ်များများ သောက် ပါလို့ ပြောကြတာ ဖြစ်ပါတယ်။ အသား စားတယ်ဆိုရင် အသားထည့်သောက်ပါ။ အသားမစားဘူး၊ သက်သတ်လွတ်စား တယ်ဆိုရင် ပဲဟင်းချိုသောက်ပါ။

ဗီတာမင် စီ
ဗီတာမင် စီအနေနဲ့က သံပရာရည် သောက်တာမျိုး၊ ဆန်းကစ်သီး သောက် တာမျိုး၊ ကင်ပွန်းချဉ်ရွက် ကြော်စားတာ မျိုး၊ ကင်ပွန်းချဉ်ရွက်ကိုပဲ အရည်လေး ချက်ပြီး သောက်လိုက်မယ်ဆိုရင်လည်း ရပါတယ်။

ဇင့်ဓာတ်
ဇင့်ဓာတ်အနေနဲ့က အခုနောက်ပိုင်း မှာ ပင်လယ်စာတွေပေါ့။ ပုစွန်စားလို့ရ တယ်။ ပုစွန်ဆို ဈေးကြီးတယ် မစားနိုင် ဘူးလို့ ပြောကြပါတယ်။ ပုစွန်ဖော့ချိတ်ဆို ရင် ဈေးမကြီးပါဘူး။ စားနိုင်ပါတယ်။ အဲဒီ ပုစွန်ဖော့ချိတ်ကို ဟင်းချိုရည်လုပ် သောက်လို့ရပါတယ်။ ကြက်ဥစားလို့ရပါ တယ်။ အသီးတွေလည်းစားပါ။

အင်တီအောက်ဆီးဒင့်
ဒါတွေအပြင် အင်တီအောက်ဆီး ဒင့်များများပါတဲ့ အစာတွေလည်း စားသင့်ပါတယ်။ အစိမ်းရောင်ရှိတဲ့ အရွက် တွေပါတယ်။ ဘီတာကယ်ရိုတင်းပါတဲ့ ငရုတ်ပွသီးလိုမျိုးတွေ စားမယ်ဆိုရင် ဗိုင်းရပ်စ်က ကိုယ့်ဆီကို ရောက်လာခဲ့ရင် တောင်၊ နောက်ဆုံးအရေပြားပေါ် ရောက်လာခဲ့ရင်တောင် အကြာကြီးနေလို့ မရပါဘူး။
ဒီလိုအချိန်တွေမှာ သံပရာရည် မသောက်ချင်ဘူးဆိုရင် ကင်ပွန်းချဉ် ရွက်ကို ငါးလေးနဲ့ အရည်လေးချက် လိုက်မယ်ဆိုရင် ငါးကနေ ပရိုတင်းရမယ်၊ ကင်ပွန်းချဉ်ရွက်ကနေ ဗီတာမင် စီကို ရမယ်။ အဓိက သုံးမျိုးက ဗီတာမင် စီ၊ အမိုင်နိုပက်တိုက်နဲ့ ဇင့်ဓာတ်ပါ။

ချင်း (ဂျင်း)
ကျွန်မတို့လူမျိုးတွေက ချင်း (ဂျင်း) ပြုတ်ရည်သောက်လေ့ရှိကြပါတယ်။ သောက်လို့ရပါတယ်။ ဒီလိုအချိန်မှာ လက်ဖက်သုပ်စားမယ့်အစား ချင်း (ဂျင်း) သုပ် ပြောင်းစားတာမျိုး လုပ်သင့်ပါ တယ်။ ချင်း (ဂျင်း) ကလည်း ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တက်စေပါတယ်။

ကြက်သွန်ဖြူ
နောက်တစ်ခုကတော့ ကြက်သွန် ဖြူပေါ့။ ကြက်သွန်ဖြူမှာ အီလစ်ဇင်ပါ ဝင်ပြီး ကိုယ်ခံစွမ်းအားကို အလွန်ကောင်း စေပါတယ်။ ဒီဓာတ်က T Cell တွေ ထုတ်တာကို အားပေးတာကြောင့် ကြက် သွန်ဖြူလည်း စားသင့်ပါတယ်။ ကြက် သွန်ဖြူကို ဒီတိုင်းစားရတာ စပ်တယ်၊ မကြိုက်ဘူးဆိုရင် ရေခန်းပြုတ်လိုက်ပါ။ ကြက်သွန်ဖြူ နှစ်လုံး၊ အမြွှာအနေနဲ့ ၁၀-၂၀ မြွှာလောက်ရပါတယ်။ ဒါကို ညတိုင်း ပြုတ်စားပေးမယ်ဆိုရင် ကိုယ်ခံ စွမ်းအား ကောင်းစေပါတယ်။ ကြက်သွန်ဖြူ ကို တုပ်ကွေးဖြစ်နေတဲ့သူလည်း စားသင့် သလို မဖြစ်တဲ့သူတွေလည်း စားသင့်ပါ တယ်။

လက်ဖက်စိမ်းရည်
တုပ်ကွေးဖြစ်နိုင်တဲ့အချိန်မှာ ဒါတွေ စားကြဆိုပြီး ထုတ်ပေးထားတဲ့ အထဲမှာ အစာ ၁၅ မျိုးပါပါတယ်။ ရေနွေး ကြမ်းလည်း ဒီထဲမှာပါပါတယ်။ လက် ဖက်စိမ်းရည် (Green Tea) က ပိုကောင်း ပါတယ်။ ဒီနိုင်ငံမှာတော့ ရေနွေးကြမ်းပဲ သောက်ကြတာ များပါတယ်။ လက်ဖက် စိမ်းရည်ထဲမှာ အင်တီအောက်ဆီးဒင့် လည်းပါလို့ ကိုယ်ခံစွမ်းအားကို မြင့်မား စေပါတယ်။ အဲဒါတွေ စားသင့်ပါတယ်။

သင်္ဘောသီး၊ ထောပတ်သီး
အသီးတွေထဲက သင်္ဘောသီး၊ ထောပတ်သီးတို့ထဲမှာဆိုရင် အင်တီ အောက်ဆီးဒင့်တွေအပြင် ပိုတက်စီယမ် လည်း ပါဝင်ပါတယ်။ ဒီအချိန်က ထော ပတ်သီး မထွက်ဘူး။ ထောပတ်သီးထဲမှာ အိုမီဂါ-၃ နဲ့ အိုမီဂါ-၆ ပါဝင်လို့ ခန္ဓာ ကိုယ်ရောင်ရမ်းမှုတွေကို ကျစေပါတယ်။ အဲ့လိုကျစေတဲ့အတွက် စားသင့်တဲ့ အစားအစာတစ်ခုလို့ ပြောလို့ရပါတယ်။

ကာကွယ်ဆေးထိုးပြီးသော်လည်း ရောဂါဖြစ်ရခြင်းအကြောင်း
ကိုယ်ခံစွမ်းအားကောင်းဖို့ ကာကွယ် ဆေး မထိုးနိုင်လို့ဆိုပြီး အားငယ်စရာ မရှိ ပါဘူး။ ဗိုင်းရပ်စ်ရဲ့သဘောသဘာဝကိုက Subtype ပေါင်းက ၇၀ လောက်ရှိပါ တယ်။ အဲဒါကြောင့် ကိုယ်က ဒီကာကွယ် ဆေး ထိုးထားတယ်ဆိုပေမယ့် နောက် ထပ် ဝင်လာတဲ့ ဗိုင်းရပ်စ်က နောက်တစ် မျိုးဖြစ်နေရင် တုပ်ကွေးဖြစ်နိုင်ပါတယ်။ အဲဒီအခါမှာ တချို့တွေက ရောထွေးပြီး ဆေးက အတုဖြစ်နေတာလားဆိုတာမျိုး မေးတတ်ကြပါတယ်။ မဟုတ်ပါဘူး။Strain များတဲ့အတွက် ကိုယ့်မှာခုခံ ဓာတ် မရှိတဲ့ Strain ဝင်လာရင် ရောဂါ ဖြစ်စေပါတယ်။ ကာကွယ်ဆေးထိုးတယ် ဆိုတာကလည်း ကိုယ့်ခန္ဓာကိုယ်ထဲကို ရောဂါပိုး ထိုးထည့်လိုက်တာပါပဲ။ အဲ့ဒီလို ထည့်လိုက်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားနဲ့ ခုခံဓာတ်ထွက်အောင် လုပ်လိုက်တာပါ။ ထိုးထည့်လိုက်တဲ့ ဗိုင်းရပ်စ်ပိုးနဲ့ ခန္ဓာကိုယ် ထဲဝင်လာတဲ့ ဗိုင်းရပ်စ်ပိုး မတူမချင်းက ဖျားမှာပါပဲ။ အဲဒီတော့ အဓိကက ကိုယ်ခံ စွမ်းအားကောင်းအောင်လုပ်ဖို့ အရေးကြီး ဆုံးပါပဲ။ ကိုယ်ခံစွမ်းအားကောင်းအောင် ဆိုရင် အစားအသောက်ကို စားဖို့ပါ။

လေ့ကျင့်ခန်း
နောက်တစ်ခုအနေနဲ့ လေ့ကျင့်ခန်း လုပ်စေချင်တယ်။ ဖျားတဲ့အချိန်မှာတော့ လေ့ကျင့်ခန်း မလုပ်နဲ့ပေါ့။ တုပ်ကွေးရဲ့ သဘောသဘာဝက ဖျားလာရင် ကိုယ် လက်တွေ နာပြီး အိပ်ရာထဲ ကွေးချင်တာ ပေါ့။ အဲဒီလိုအချိန်မှာ လေ့ကျင့်ခန်း လုပ် ခိုင်းတာ မဟုတ်ပါဘူး။ ကြိုပြီး လုပ်စေချင် ပါတယ်။ ကျန်းမာတဲ့လူနေမှုပုံစံအတွက် တစ်နေ့ကို နာရီဝက်လောက် လမ်း လျှောက်ပါ။ မနက်စာ၊ နေ့လယ်စာနဲ့ ည စာ စားပြီးချိန်တွေမှာ ၁၀ မိနစ်စီလောက် လမ်းလျှောက်မယ်ဆိုရင်လည်း တစ်နေ့ကို နာရီဝက် လမ်းလျှောက်ဖြစ်ပါတယ်။ ဒီလို လေ့ကျင့်ခန်းလုပ်တာက ကိုယ်ရဲ့ကိုယ်ခံ စွမ်းအားကို ကောင်းအောင် လုပ်ထားတဲ့ နောက်တစ်နည်းလို့ ပြောလို့ရပါတယ်။

ဒေါက်တာဝင်းဝင်းမြင့်
အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး

Post Author: Good Health Journal