တခြားသူတွေထက် ဘာကြောင့် အနာကျက်နှေးနေတာလဲ

အနာဖြစ်တဲ့အခါ တချို့တွေက အနာကျက် နှေးပြီး တချို့တွေက အနာကျက်မြန်ကြပါ တယ်။ အဲဒီအကြောင်း ဆွေးနွေးပေးပါဆရာ။
သူသူငါငါ ခန္ဓာကိုယ်ရဲ့တစ်နေရာ မှာ အကြောင်းတစ်ခုခုကြောင့် အနာဖြစ် ခဲ့ရင် အမြန်ကျက်မြန်ချင်ကြပါတယ်။ အနာတစ်ခု ပျောက်ချိန်တန်လို့မှ မ ပျောက်ခဲ့ရင် တရားခံအကြောင်းရင်း တော့ရှိစမြဲပါ။ ဒါကြောင့် အနာကျက်နှေး တာ ဘာကြောင့်လဲ၊ အနာတစ်ခု ပုံမှန် ကျက်ဖို့ ဘာတွေလိုအပ်သလဲဆိုတာကို ဆွေးနွေးလိုက်ပါတယ်။
အနာကျက်ဖို့ ဖြစ်ပေါ်လာတဲ့ အဆင့်ဆင့်ကို ရှင်းပြပေးပါဆရာ။
အနာတစ်ခုစဖြစ်ပြီဆိုရင် နာတော့ တာပါပဲ။ ရောင်တာကိုး။ ရောင်ရမ်းမှုအ ဆင့်ပေါ့။ သွေးဥမွှားတွေ၊ သွေးဖြူဥတွေ ချက်ချင်းရောက်လာပြီး သွေးတိတ် အောင်၊ ရောဂါပိုးတွေ အနာထဲ မဝင် အောင် လုပ်ဆောင်တဲ့အဆင့်ပါ။ နောက် တစ်ဆင့်က အသားနုတက်တဲ့အဆင့်ပါ။ ဂရန်နူလေးရှင်း (Granulation) လို့ခေါ် ပါတယ်။ ကိုလာဂျင်တစ်သျှူးတွေ အသစ်ဖြည့်တာ၊ သွေးကြောငယ်လေး တွေ အသစ်ဖန်တီးတာ ဒီအဆင့်ပါပဲ။ နောက်ဆုံးတော့ အနာကို အမာရွတ်နဲ့ အဆုံးသတ်လိုက်တာပါ။ အမာရွတ်ဆို တာလည်း အလွန်မာတဲ့ ကိုလာဂျင်အမျှင် တွေနဲ့ ဖွဲ့စည်းထားတာပါ။ အနာနေရာ မှာ အမာရွတ်နဲ့ ဖုံးလိုက်တဲ့သဘောပါပဲ။

အနာကျက်ဖို့ ဘာတွေလိုအပ်ပါသလဲ ဆရာ။
အနာဖြစ်တဲ့နေရာမှာ သွေးရှိဖို့ အဓိကလိုပါတယ်။ သွေးရွှင်တဲ့နေရာမှာ အနာဖြစ်ရင် ကျက်တာ ပိုမြန်ပါတယ်။ ဥပမာ ခေါင်းတို့၊ မျက်နှာတို့မှာ အနာဖြစ် ရင် ကျောမှာဖြစ်တဲ့ အနာထက် ကျက် တာပိုမြန်ပါတယ်။ အာဟာရကောင်း ကောင်းလည်း အနာကျက်ဖို့ လိုတာပါပဲ။ ပရိုတင်းတို့၊ ဇင့်ဓာတ်တို့၊ဗီတာမင် C တို့ စသဖြင့်ပေါ့။ အာဟာရပြည့်ဝတဲ့သူထက် အနာကျက်တာမြန်ပါတယ်။ အနာမှာ ရောဂါပိုးတွေ ကင်းစင်ခဲ့ရင် အနာကျက် တာ ပုံမှန်အတိုင်း ကြာတတ်ပေမယ့် အနာထဲမှာ ဘက်တီးရီးယားပိုးတွေ ဝင်သွားခဲ့ရင်တော့ အနာကျက်တဲ့အဆင့် တွေနှောင့်နှေးပြီး တော်တော်နဲ့ အနာ မကျက်တော့ပါဘူး။ ဆိုလိုတာက အနာ နဲ့ အနာဝန်းကျင်မှာ ပိုးမွှားကင်းစင်မှ အနာပုံမှန်ကျက်နိုင်ပါတယ်။ နောက်ထပ် အနာကျက်ဖို့ လိုအပ်ချက်တစ်ခုကတော့ အစိုဓာတ်ပါပဲ။ အနာတစ်ခုရဲ့ မျက်နှာ ပြင်မှာ အစိုဓာတ်မရှိဘဲ ခြောက်သွေ့နေ မယ်ဆိုရင် အဲဒီအနာဟာ တော်တော်နဲ့ မကျက်တော့ပါဘူး။ အရေပြားရဲ့ က လာပ်စည်းတွေ ရှင်သန်လှုပ်ရှားဖို့ အစို ဓာတ်လိုတာကြောင့် အနာတစ်ခုကို အချိန်အကြာကြီး လေသလပ်ခံထားလို့ မဖြစ်ပါဘူး။ အနာဟာ မန်းရည်တစိုစိုနဲ့ ဖြစ်နေပြန်ရင်လည်း အနာဝန်းကျင်ပါ စွတ်စိုပြီး မန်းရည်လောင်ကာ အနာမ ကျက်တတ်ပါဘူး။

ဘယ်သူတွေမှာ အနာဖြစ်ပြီးရင် အနာကျက်ဖို့ နှေးတတ်ပါသလဲ ဆရာ။
တချို့သူတွေကတော့ အနာဖြစ်ရင် တော်တော်နဲ့ မကျက်တာမျိုး ကြုံရလေ့ရှိ ပါတယ်။ ဥပမာ-ဆီးချိုရှိရင်ပေါ့။ အ တော်များများကတော့ ဆီးချိုရှိရင် အနာ ကျက်နှေးတယ်ဆိုတာ သိပြီးသားပါ။ တချို့က ဒီအချက်ကို ထောက်ပြပြီး ဆီး ချို ရှိ၊ မရှိတောင် ခန့်မှန်းကြပါသေးတယ်။ ဆီးချိုရှိလား မေးခဲ့ရင် သွေးစစ်၊ ဆီးစစ် မကြည့်ဘဲနဲ့ အနာဖြစ်ရင် ပုံမှန်အတိုင်း ကျက်တာပဲ၊ ဆီးချိုရှိမယ် မထင်ပေါင်လို့ ပြောတတ်ပါသေးတယ်။ ဆေးလိပ်ချိုး တွေလည်း အနာအကျက်နှေးလေ့ရှိပါ တယ်။ သွေးကြောတွေ ကျဉ်းသွားတာ ကိုး။ အသက်ကြီးရင့်သူတွေ၊ ဇရာအိုတွေ လည်း အနာဖြစ်ရင် တော်တော်နဲ့ မကျက် ပါဘူး။ အဝလွန်တဲ့သူတွေလည်း ဒီလို ပါပဲ။ သိပ်ဝတဲ့သူတွေမှာ အကြောင်းတစ် ခုခုကြောင့် အရေပြားကို ခွဲစိတ်မှုလုပ်ရ ရင် အဲဒီနေရာက အနာပုံမှန်မကျက်တော့ ဘဲ ပြဿနာမျိုးစုံကြုံတတ်ပါတယ်။ အနာ ကြီးရောဂါရှိသူတွေမှာလည်း ဖြစ်ပါလေ ရော။ အသက်ကြီးတော့ ကြီးထွားစေတဲ့ ဟော်မုန်း (Growth Hormone)တွေ လည်း အရမ်းနည်းသွားပြီး ကော်လာဂျင် ထုတ်လုပ်မှုလည်း ကျဆင်းသွားတော့ အနာကျက်ဖို့ အတော်ခဲယဉ်းပါတယ်။ ဒီကြားထဲ အာဟာရ ပြည့်ပြည့်၀၀ မရှိခဲ့ ရင် အနာကျက်ဖို့ ပိုပြီးနှောင့်နှေးပါလေ ရော။ တချို့ဆို ဒီBed Sore အနာနဲ့ပဲ အသက်ဆုံးရှုံးသွားကြရတာပါ။

အာရုံကြောထိခိုက်တာကြောင့်ကော အနာဖြစ် နိုင်ပါသလားဆရာ။
အရေပြားမှာ အာရုံကြောတွေရှိ တယ်။ ပူတာ၊ အေးတာ၊ နာတာ စတဲ့ ခံစားမှုတွေကိုပေးတဲ့ အာရုံကြောတွေပါ။ အကြောင်းတစ်ခုခုကြောင့် အဲဒီအာရုံ ကြောတွေ ထိခိုက်ပျက်စီးခဲ့ရင် အရေပြား ဟာ ခံစားမှုမဲ့သွားပါတယ်။ အာရုံမရှိ တော့ပါဘူး။ ဒီတော့ ထိခိုက်ရှနာဖြစ် လွယ်တဲ့အပြင် အနာဖြစ်ရင်လည်း မနာ တော့ပါဘူး။ ဒီလိုအနာမျိုးကို ဆီးချိုတို့၊ အနာကြီးရောဂါတို့မှာ တွေ့ရလေ့ရှိပြီး ဆေးပညာအရ Neuropathic Ulcer လို့ ခေါ်ပါတယ်။ အာရုံကြောပျက်စီးတဲ့ အနာပေါ့။ အနာတစ်ခုဟာ မနာတဲ့အ တွက် ကာယကံရှင်ဟာ အတော်နောက် ကျမှ သိလေ့ရှိပြီး သိတော့လည်း အနား မယူဘဲ ပုံမှန်အတိုင်း သွားလာတဲ့အခါ အနာပေါ်ဖိအားတွေကျပြီး အနာအ ကျက်နှေးသွားတာပါ။ အနာနေရာမှာ ဖိ အားကြောင့် သွေးကောင်းကောင်း မ လျှောက်တော့ဘူး။ အကျိုးဆက်ကတော့ အနာအတွက်လိုအပ်တဲ့ အာဟာရတွေ၊ သွေးဖြူဥတွေ မရတော့ အနာအကျက် နှေးသွားတာပါ။

သွေးကြောကြောင့်ကော အနာဖြစ်နိုင်ပါသလား။
အာရုံကြောပျက်လို့ အနာအကျက် နှေးသလိုပဲ သွေးကြောကျဉ်းရင်လည်း အနာအကျက်နှေးတာပါပဲ။ ဆီးချိုရောဂါ ရင့်တဲ့သူတွေဆိုရင် သွေးကြောငယ်လေး တွေ ကျဉ်းသွားပြီး အရေပြားကို သွေးအ ရောက် နည်းသွားပါတယ်။ ဆီးချိုဖြစ်ရင် အနာအကျက်နှေးရတာဟာအာရုံကြော နဲ့ သွေးကြောထိခိုက်လို့ပါ။ ဆေးလိပ်အ လွန်အကျွံသောက်တဲ့သူတွေလည်း သွေး ကြောတွေ ကျုံ့သွားပြီး အနာဖြစ်ရင် အ ကျက်နှေးပါတယ်။ အရေပြားအတွက် လိုအပ်တဲ့ အာဟာရတွေ မပံ့ပိုးပေးနိုင်သ လို အရေပြားက စွန့်ထုတ်လိုက်တဲ့ အညစ် အကြေးတွေကိုလည်း မဖယ်ရှားပေးနိုင် တော့ပါဘူး။ ဆီးချိုလည်း ရှိတယ်၊ ၀လည်း ၀တယ်၊ ဆေးလိပ်လည်း စွဲနေတယ်ဆိုရင် တော့ အရေပြားမှာအနာဖြစ်ရင် သတိထား ပေတော့။ တချို့ဆိုရင် လက်ဖြစ်ရင် လက်ဖြတ်၊ ခြေထောက်ဖြစ်ရင် ခြေထောက် ဖြတ်ပစ်ရတဲ့ အခြေအနေမျိုးအထိ ကြုံရတတ်ပါတယ်။
အရေပြားပေါ်မှာ အနာဖြစ်ခဲ့ရင် ဘာတွေ လုပ်ဆောင်ဖို့လိုပါသလဲ ဆရာ။
ဘယ်နေရာမှာ အနာဖြစ်ဖြစ်၊ အနာ နဲ့ ဝန်းကျင်ကို သန့်သန့်ရှင်းရှင်းထားပါ။ အနားပေးပါ။ အနာပေါ် ဖိအားမဝင်ပါ စေနဲ့။ အစာရှောင်စရာ မလိုပါဘူး။ အာ ဟာရ ပြည့်ဝအောင်မှီဝဲပါ။ ဗီတာမင် စီ၊ ဇင့်ပါတဲ့ အားဆေးတွေသောက်ပါ။ ဆေး လိပ်စွဲနေရင် ဆေးလိပ်ဖြတ်ပါ။ ဆီးချို မသင်္ကာရင် ချက်ချင်းစစ်ပါ။ ဆီးချိုရှိပြီး အနာဖြစ်နေရင် ဆရာဝန်ညွှန်ကြားချက် ကို လိုက်နာပါ။ ပိုးသတ်ဆေး၊ လိမ်းဆေး နဲ့ သောက်ဆေးတွေကိုလည်း ဆရာဝန် òန်ကြားချက်အရသာ သုံးစွဲပါ။ သာမန် အနာကျက်ချိန်မှာ မကျက်ခဲ့ရင် နီးရာ ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။ ဆေးမြီးတို တွေကို ရှောင်ပါ။ ဆိုးကျိုးတွေပဲ ရမှာပါ။

ဖြည့်စွက်ပြောကြားလိုတာများရှိရင် ပြောပြ ပေးပါဆရာ။
မကျက်နိုင်တဲ့အနာဟာ ရေရှည်မှာ အောက်က ကြွက်သား၊ အရွတ်၊ အရိုး စတာတွေအထိပါ လှိုက်စားသွားနိုင်ပါ တယ်။ ဒါ့အပြင် ရှားရှားပါးပါး အရေပြား ကင်ဆာအဖြစ်လည်း ပြောင်းသွားနိုင်ပါ တယ်။ အရေပြားကင်ဆာတွေဖြစ်တဲ့ SCC, BCC တို့ကလည်း အနာဖြစ်ရင် မကျက်တော့ပါဘူး။ လချီ၊ နှစ်ချီပြီး ကြာ တတ်ပါတယ်။ ရှင်းရှင်းပြောရရင် အနာ ဖြစ်တာကြာရင် ကင်ဆာဖြစ်တတ်သလို ကင်ဆာရောဂါကြာရင်လည်း အနာဖြစ် တတ်ပါတယ်။

ဒေါက်တာဦးကျော်ကျော်
အရေပြားအထူးကုဆရာဝန်ကြီး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *