ထမင်းဖြူဖြူဆီပါဆမ်းလို့ရွှေလင်ပန်းနဲ့ပေးခဲ့ပါ

လူအတော်များများဟာ ငယ်စဉ်က ဖိုးလ မင်းကြီးဆီက ထမင်းဖြူဖြူဆီပါဆမ်းလို့ ရွှေ လင်ပန်းနဲ့ပေးခဲ့ပါလို့ တောင်းခဲ့ဖူးတာကို သတိရမိကြမှာပါ။ ဖိုးလမင်းကြီးဆီကရတာ ဆိုပြီး လူကြီးတွေက ထမင်းခွံ့မှ ပိုစားတာမျိုး လည်းရှိပါတယ်။ ဆန်ကို အဓိက ထားစားတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက တစ်ခုအပါအ ဝင်ပါ။ ဆန်မှာလည်း မျိုးစိတ်ကွဲတွေအမျိုးမျိုး ရှိတာမို့ သူရဲ့ပုံစံ၊ အရွယ်အစား၊ အနံ့အရသာနဲ့ အရောင်တွေကွဲသွားပါတယ်။
ဆန်မှာ ယေဘုယျအားဖြင့် ကာဗိုဟိုက် ဒရိတ်နဲ့ ပရိုတင်းဓာတ်တွေပါဝင်ပါတယ်။ အမျှင် ဓာတ်ပါဝင်မှုက မျိုးစိတ်အလိုက်ပမာဏ အ နည်းအများကွာပါတယ်။ ဥပမာဆိုရင် ဆန် လုံးညိုမှာ အမျှင်ဓာတ်ပိုပါဝင်ပါတယ်။ ကယ်လ် စီယမ်၊ သံဓာတ်၊ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဆီလီနီယမ်၊ ဖော့စဖရပ်၊ ကော့ ပါး၊ နိုင်ရာစင်၊ သိုင်ရာမင်း၊ ဖောလိတ်၊ ဗီတာ မင် ဘီ ၆ တွေလည်း ပါဝင်ပါတယ်။
ဆန်က ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက် ကျော်ကျော်အတွက် ဝမ်းစာကိုဖြည့်ပေးနေ တာဖြစ်ပါတယ်။
စွမ်းအင်ထုတ်ပေးတယ်
ထမင်းကနေ ကာဗိုဟိုက်ဒရိတ်ရရှိပြီး သူက ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ် လည် ပတ်ဖို့အတွက်လိုအပ်တဲ့ စွမ်းအင်ကိုထုတ် ပေးပါတယ်။

ရောင်ရမ်းမှုမဖြစ်စေဘူး
ထမင်းမှာ ပုံမှန်အားဖြင့် အဆီဓာတ်၊ ကို လက်စထရောနဲ့ ဆိုဒီယမ်ပါဝင်မှု အရမ်းနည်း ပါတယ်။ ဂလူတန်(Gluten) မပါဝင်တာ ကြောင့်လည်း အူလမ်းကြောင်းတွင်း ရောင် ရမ်းမှုကို မဖြစ်စေပါဘူး။ ဒါကြောင့် Celiac Disease ရှိသူတွေ ထမင်းစားနိုင်ပါတယ်။

ကင်ဆာရောဂါကာကွယ်နိုင်တယ်
အမျှင်ဓာတ်က အူမကြီးနဲ့ အူလမ်း ကြောင်းကင်ဆာမဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ ဆန်လုံးညိုမှာအမျှင်ဓာတ်အ များအပြားပါဝင်ပြီး ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆို ထားပါတယ်။

အလှအပအတွက်အသုံးပြုနိုင်တယ်
ဆန်ကိုအမှုန့်ကြိတ်ပြီး အရေပြားပြဿ နာတွေအတွက် ယနေ့ခေတ်မှာ အသုံးပြု လာကြပါတယ်။ မျက်နှာကပ်တဲ့ Masks တွေပဲဖြစ်ဖြစ်၊ အသားအရေ ထိန်းသိမ်းတဲ့ Skincare တွေမှာပဲဖြစ်ဖြစ် ဆန်ကို အသုံး ပြုလာပြီ ဖြစ်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *